About Equality Myanmar
This author has not written his bio yet.
But we are proud to say that Equality Myanmar contributed 176 entries already.
Entries by Equality Myanmar
ရေးမြို့နယ်တွင် Covid-19 နှင့် ပတ်သက်၍ ပညာပေးလှုံ့ဆော်မှုနှင့်အတူ ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများလှူဒါန်း
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁၂) ရက်နေ့တွင် Covid-19 ရောဂါကူးစက်မှုနှင့် ပတ်သက်၍ ထိရောက်သော နည်းဖြင့် ကာကွယ်နိုင်ရေးအတွက် ရေးမြို့နယ်ရှိ Home Quarantine နှင့် Facility Quarantine ဝင်နေသာ သူများကို MWCUC အဖွဲ့ကတာဝန်ရှိသူများသည် ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများ လှူဒါန်း ခြင်းနှင့် ပြည်သူအချင်းချင်း ခွဲခြားဆက်ဆံလိုမှု လျော့ကျလာရေးအတွက် ပညာပေးလှုံ့ဆော်မှုများကို ညီမျှခြင်းမြန်မာအဖွဲ့၏ ထောက်ပံ့မှုဖြင့် လုပ်ဆောင်နိုင်ခဲ့ပါသည်။ ရေးမြို့နယ်၊ ကော့လှိုင်ကျေးရွာသို့ နှာခေါင်းစည်း(Mask)၄၀၀ နှင့် “ကိုဗစ်ပိုးက လူတိုင်းရဲ့ အန္တရာယ်ပါ၊ သူငါ မခွဲခြား လူတိုင်းကာကွယ်ပါ” စာတမ်းပါ စတစ်ကာ ၄၀၀၊ ချောင်းတောင်ကျေးရွာ၊ ခေါစာကျေးရွာနှင့် ဟန်ဂန်ကျေးရွာသို့ နှာခေါင်းစည်း(Mask) ၁၀၀ နှင့် စတစ်ကာ ၉၀၀၊ မော့ကနင် ရွာသစ်ကျေးရွာသို့ […]
အိမ်မှာနေအလုပ်လုပ်ရက်ထပ်မံတိုးမြင့်ကြောင်း အသိပေးချက်
အိမ်မှာနေအလုပ်လုပ်ရက်ထပ်မံတိုးမြင့်ကြောင်း အသိပေးချက် ညီမျှခြင်းမြန်မာအဖွဲ့သည် ကပ်ဘေးကြိုတင်ကာကွယ်တားဆီးသည့်အနေဖြင့် အစိုးရ၏ပန်ကြားချက်အတိုင်း လူစုလူဝေးနှင့်ကျင်းပရသော အခမ်းအနားများ၊ သင်တန်းများ၊ အစည်းအဝေးများကို ယာယီရပ်ဆိုင်းထားပြီး ညီမျှခြင်းမြန်မာရုံးကိုလည်း မတ်လ ၂၃ ရက် မှ ဧပြီလ၊ ၃၀ ရက် အထိ ယာယီပိတ်ထားခဲ့ပြီး၊ ဝန်ထမ်းများသည် မိမိတို့နေအိမ်ကသာ ရုံးလုပ်ငန်းများကို လုပ်ဆောင်နေလျက်ရှိပါသည်။ လတ်တလောကပ်ရောဂါအခြေအနေရ ပြည်သူများအားလုံးသည် မိမိနေအိမ်အတွင်းတွင် နေထိုင်ခြင်းဖြင့် ရောဂါ ပြန့်ပွားမှုကို ကာကွယ်နိုင်မည်ဟု ယူဆသောကြောင့် ရုံး၏လုပ်ငန်းများ၊ သင်တန်းများ၊ အစည်းအဝေးများကို မေလကုန် ၃၁ ရက် အထိ ဆက်လက်ပိတ်ထားမည်ဖြစ်ပါကြောင်း ထပ်မံအသိပေးကြေညာအပ်ပါသည်။ ကမ္ဘာတစ်ဝန်းပျံ့နှံ့ဖြစ်ပွားနေသည့်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ် (Corona virus Disease 2019 – COVID – 19) ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်သည်ဟု ကမ္ဘာ့ကျန်းမာရေး […]
မင်းလှမြို့နယ်တွင် Covid-19 နှင့်ပတ်သက်၍ ပညာပေးလှုံ့ဆော်မှုနှင့်အတူ ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများလှူဒါန်း
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁၁) ရက်နေ့တွင် မင်းလှမြို့ရှိ Facility Quarantine နှင့် Home Quarantine ဝင်နေသောသူများကို ကျန်းမာရေးဆိုင်ရာ ပစ္စည်းများလှူဒါန်းခြင်း၊ ရောဂါကူးစက်မှုနှင့် စပ်လျဉ်း၍ ပြည်သူအချင်းချင်း ခွဲခြားဆက်ဆံမှုများ မပြုလုပ်ကြစေရန်အတွက် ပညာပေးလှုံ့ဆော်မှု အစီအစဉ်များကို လူ့အခွင့်အရေးပညာပေးသူများ ကွန်ရက်အဖွဲ့ဝင် မသစ်သစ်ဇွန်ကEquality Myanmar ၏ ထောက်ပံ့မှုဖြင့် လုပ်ဆောင်နိုင်ခဲ့ပါသည်။ မင်းလှမြို့မစျေးကြီး မိဘပြည်သူများအား နှာခေါင်းစည်း(mask-250)ခု ကို မင်းလှမြို့နယ် လူငယ့်ရေးရာကော်မတီ၊ Pioneer Angel Women Network ၊ အုတ်တွင်းကျေးရွာလူငယ်များ၊ရှမ်းတောကျေး ရွာမှလူငယ်များ၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတတ်ရေး ကွန်ယက်အဖွဲ့တို့က ဖြန့်ဝေခဲ့ကြပါသည်။ ထို့အပြင် ဧပြီလ၊ ၁၂ရက်နေ့ မင်းလှမြို့၊ စစ်ကွင်းဈေးတွင်လည်း နှာခေါင်းစည်း(mask-250) “ကိုဗစ်ပိုးက လူတိုင်းရဲ့ အန္တရာယ်ပါ၊ သူငါ မခွဲခြား […]
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကို တိုက်ဖျက်နေတဲ့ မြန်မာနိုင်ငံ ဒေသအသီးသီးက LGBT များ
ကမ္ဘာ့ကပ်ရောဂါ COVID-19 တိုက်ဖျက်ရေး ကာကွယ်ရေးလုပ်ငန်းတွေမှာ မြန်မာ နိုင်ငံရဲ့ ဒေသအသီးသီးမှာရှိတဲ့ LGBT တွေကလည်း စေတနာဝန်ထမ်းအဖြစ် နိုင်ငံရဲ့တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီနေကြပါတယ်။ ဒါဟာ LGBT တွေရဲ့ လူသားချင်းစာနာပြီး ကိုယ်ကျိုးစွန့် အနစ်နာခံမှုကို ပြသနေတာ ဖြစ်ပါတယ်။ ဒါကြောင့် COVID-19 တိုက်ဖျက်ရေးမှာ အင်တိုက်အားတိုက် ပါဝင်လှုပ်အားပေးနေကြတဲ့ အနယ်နယ်အရပ်ရပ်က LGBT အဖွဲ့အစည်းတွေနဲ့ LGBT တစ်ဦးချင်းဆီကို ဒီဗီဒီယိုလေးနဲ့ မှတ်တမ်းတင် ဖော်ပြပေးလိုက်ပါတယ်။ https://web.facebook.com/ColorsRainbowYangon/videos/1081133128917913/?t=0
သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ထဲ နိုင်/ကျဉ်း ဦးရေနည်းတဲ့အပေါ် ဝေဖန်မှုတွေရှိ
မြန်မာနှစ်သစ်ကူးရက်မှာ သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ အကျဉ်းသားအချို့ လွတ်မြောက်လာတဲ့ သတင်းကို ဗွီအိုအေ သတင်းထောက်မေခက တင်ပြပေးမှာပါ။ မြန်မာ့နှစ်သစ်ကူးအချိန်မှာ လူထုစိတ်နှလုံးအေးချမ်းစေဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုအရဆိုပြီး အကျဉ်းသူ၊ အကျဉ်းသား ၂သောင်းခွဲလောက် ကို သမ္မတက လွတ်ငြိမ်းခွင့်ပေးတာမှာ၊ အခုအချိန်လွတ်လာတဲ့အထဲ နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ပဲ ပါဝင်တာမို့ ဝေဖန်မှုတွေရှိနေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ မြန်မာနှစ်သစ်ကူး မြန်မာနှစ်ဆန်း ၁ရက်နေ့မှာ အကျဉ်းသားအကျဉ်းသူစုစုပေါင်း ၂သောင်းခွဲကို စည်းကမ်း သတ်မှတ် မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ သမ္မတရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုပေးတဲ့ အထဲမှာ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၈၇ ဦးလည်း ပါဝင်ပါတယ်။ နောက်ပြီး သေဒဏ်ကျခံနေရသူတွေကို လွတ်ရက်မရှိထောင်ဒဏ်တစ်သက်၊ နှစ်အကန့်အသတ်မရှိနဲ့ […]
HRETV epi – 157 (Universal Periodic Review- UPR)
မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်အားလုံး (၄) နှစ်ကို တစ်ကြိမ် လူ့အခွင့်အရေးကောင်စီသို့ မပျက်မကွက် တင်သွင်းရတဲ့ နိုင်ငံအားလုံးအလှည့်ကျ သုံးသပ်ခြင်း (Universal Periodic Review- UPR) လုပ်ငန်းစဉ်အကြောင်းကို လွယ်လွယ်ကူကူနားလည်နိုင်ဖို့ ပုံစံတစ်မျိုးနဲ့တင်ဆက်ထားပါတယ်။ ကုလသမဂ္ဂအကြောင်း၊ လူ့အခွင့်အရေးကောင်စီ၊ အထူးလုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်အကြောင်းတွေကို မိတ်ဆက်ထားတဲ့အပြင် နိုင်ငံအားလုံးအလှည့်ကျ သုံးသပ်ခြင်း (Universal Periodic Review- UPR) လုပ်ငန်းစဉ်အကြောင်းကိုအသေးစိတ်ရှင်းပြထားပါတယ်။ ဒီဗွီဒီယိုလေးကို ညီမျှခြင်းမြန်မာအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ရှင်းလင်းတင်ပြပေးထားပါတယ်။
လိင်ကျွန်သဘောမျိုးကို နှစ်ကာလရှည်ကြာ ယုတ်မာတဲ့ ရာဇဝတ်မှုမျိုးပေါ့
မကြာမီရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာထက်တွင် ဗီဒီယိုသရုပ်ဆောင် မင်းရာဇာသည် ၎င်းအိမ်ရှိ အိမ်အကူ မိန်းကလေးငယ်နှင့် လူမှုရေးဖောက်ပြန်သည်ဟုဆိုကာ မင်းရာဇာ၏ ဇနီး က ဖွင့်ချသည်ဆိုသည့် အသံဖိုင်များ ပေါ်ထွက်လာသည်။ ထိုသို့ပေါ်ထွက်လာပြီးနောက် အိမ်အကူမိန်းကလေးငယ်၏ မိန်းမကိုယ်တွင်လည်း အက်ဆစ်ပါသော အရည်ဖြင့် ပက်ခံရခြင်း၊ ခေါင်းအား တူဖြင့် ထုခြင်းများကို မင်းရာဇာနှင့် ၎င်း၏ ဇနီး၊ ယောက္ခမတို့က လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ကာယကံရှင်မိန်းကလေး၏ မိဘများက မုဒိမ်းမှု၊ နာကျင်စေမှုစသည့်ပုဒ်မများဖြင့် အမှုဖွင့်ထားသည်။ ထိုသို့သော အိမ်အကူ မိန်းကလေးအား နှစ်ချီ၍ လိင်ကျွန်အဖြစ် ပြုမှုခဲ့မှု၊ ညှင်းပန်းနှိပ်စက်မှု၊ လူမှုကွန်ရက်ပေါ်တင်ကာ သိက္ခာချစော်ကားသည့် လုပ်ရပ်များအပေါ် တရားဥပဒေစိုးမိုးရေး၊ အမှုမှန်ပေါ်ပေါက်ရေး စသည် အမြင်သဘောထား များကို အမျိုးသမီးအရေး၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ ရှေ့နေများအား ဧရာဝတီ အကြီးတန်း သတင်းထောက် ထွန်းထွန်း […]
လူ့အခွင့်အရေးအသိပညာပေးသင်တန်း
မတ်လ၊ ၁၆ ရက်မှ ၂၁ ရက်အထိ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဘုန်းကြီးကျောင်းတွင် DanChurchAid ၏ ထောက်ပံ့မှူဖြင့် (၅) ရက်တာ လူ့အခွင့်အရေးအသိပညာပေးသင်တန်းကို ညီမျှခြင်းမြန်မာအဖွဲ့က ဦးဆောင်ကာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းသို့ တက်ရောက်လာသော ဦးသိန်းဇော်ဦးက “ ကျွန်တော်က ဒီသင်တန်းလိုမျိုး တခါမှ မတက်ဖူးဘူး။ ကျွန်တော်က ကျွန်တော့ရွာမှာ ရပ်ရေးရွာရေးမှာ တာဝန်ခံလိုမျိူး လုပ်ရတာတွေ ရှိတယ်။ ဒီသင်တန်းမှာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်း တော်တော်များများ သိရတယ်။ နောက်ဆိုရင် စကားပြောရာမှာ အချက်အလက် ကျကျ ပြောဖို့အတွက် လိုအပ်တယ်ဆိုတာ သိလာတယ်” ဟုပြောကြားခဲ့ ပါသည်။ သင်တန်းတွင် အစုအဖွဲ့ဖြင့် လုပ်ဆောင်ခြင်း၊ လူ့အခွင့်အရေးအယူအဆနှင့် အဓိပါ္ပယ်၊ လူ့အခွင့်အရေး အယူအဆသမိုင်းကြောင်းနှင့်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းတွင် ပါဝင်သော အခွင့်အရေး အပိုဒ်များ၊ […]
ညီမျှခြင်းမြန်မာ
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Business Hours
Our support Hotline is available 24 Hours a day: (555) 343 456 7891
- Monday-Friday: 9am to 5pm
- Saturday: 10am to 2pm
- Sunday: Closed
Our Office Hours
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed
