အိမ်မှာနေအလုပ်လုပ်ရက်ထပ်မံတိုးမြင့်ကြောင်း အသိပေးချက်

အိမ်မှာနေအလုပ်လုပ်ရက်ထပ်မံတိုးမြင့်ကြောင်း အသိပေးချက်

 ညီမျှခြင်းမြန်မာအဖွဲ့သည် ကပ်ဘေးကြိုတင်ကာကွယ်တားဆီးသည့်အနေဖြင့် အစိုးရ၏ပန်ကြားချက်အတိုင်း လူစုလူဝေးနှင့်ကျင်းပရသော အခမ်းအနားများ၊ သင်တန်းများ၊ အစည်းအဝေးများကို ယာယီရပ်ဆိုင်းထားပြီး ညီမျှခြင်းမြန်မာရုံးကိုလည်း မတ်လ ၂၃ ရက် မှ ဧပြီလ၊ ၃၀ ရက် အထိ ယာယီပိတ်ထားခဲ့ပြီး၊ ဝန်ထမ်းများသည် မိမိတို့နေအိမ်ကသာ ရုံးလုပ်ငန်းများကို လုပ်ဆောင်နေလျက်ရှိပါသည်။

လတ်တလောကပ်ရောဂါအခြေအနေရ ပြည်သူများအားလုံးသည် မိမိနေအိမ်အတွင်းတွင် နေထိုင်ခြင်းဖြင့် ရောဂါ ပြန့်ပွားမှုကို ကာကွယ်နိုင်မည်ဟု ယူဆသောကြောင့် ရုံး၏လုပ်ငန်းများ၊ သင်တန်းများ၊ အစည်းအဝေးများကို  မေလကုန် ၃ ရက် အထိ ဆက်လက်ပိတ်ထားမည်ဖြစ်ပါကြောင်း ထပ်မံအသိပေးကြေညာအပ်ပါသည်။

ကမ္ဘာတစ်ဝန်းပျံ့နှံ့ဖြစ်ပွားနေသည့်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ် (Corona virus Disease 2019 – COVID – 19) ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်သည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က မတ်လ၊ ၁၁ ရက်နေ့တွင် ကြေညာလိုက်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်နေ့ ရက်စွဲပါ ပြည်သူသို့  လူစုလူဝေးများနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ ရုံး၊ စက်ရုံများ ပိတ်ထားရန်နှင့် မိဘပြည်သူများ မိမိတို့၏ နေအိမ်တွင်နေထိုင်ကြပါရန် ပန်ကြားချက် တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။

အစိုးရ၏ ထုတ်ပြန်ကြေညာချက်နှင့် COVID -19 ရောဂါပိုးပြန့်ပွားမှုအခြေအနေအပေါ် မူတည်၍ လုပ်ငန်းပြောင်း လဲမှုများကို အချိန်နှင့်တပြေးညီ အကြောင်းကြားပေးသွားမည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး ကြေညာအပ် ပါသည်။

လူတိုင်း ကိုရိုနာဗိုင်းရပ် ရောဂါကင်းဝေးပြီး ကျန်းမာရွှင်လန်း ချမ်းမြေ့ကြပါစေရန် ဆုတောင်းမေတ္တာ ပို့သလိုက် ပါသည်။

 

ညီမျှခြင်းမြန်မာ

Burmese –  

English –