မင်းလှမြို့နယ်တွင် Covid-19 နှင့်ပတ်သက်၍ ပညာပေးလှုံ့ဆော်မှုနှင့်အတူ ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများလှူဒါန်း

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁၁) ရက်နေ့တွင် မင်းလှမြို့ရှိ Facility Quarantine နှင့် Home Quarantine ဝင်နေသောသူများကို ကျန်းမာရေးဆိုင်ရာ ပစ္စည်းများလှူဒါန်းခြင်း၊ ရောဂါကူးစက်မှုနှင့် စပ်လျဉ်း၍ ပြည်သူအချင်းချင်း ခွဲခြားဆက်ဆံမှုများ မပြုလုပ်ကြစေရန်အတွက် ပညာပေးလှုံ့ဆော်မှု အစီအစဉ်များကို လူ့အခွင့်အရေးပညာပေးသူများ ကွန်ရက်အဖွဲ့ဝင် မသစ်သစ်ဇွန်ကEquality Myanmar ၏ ထောက်ပံ့မှုဖြင့် လုပ်ဆောင်နိုင်ခဲ့ပါသည်။

မင်းလှမြို့မစျေးကြီး မိဘပြည်သူများအား နှာခေါင်းစည်း(mask-250)ခု ကို မင်းလှမြို့နယ် လူငယ့်ရေးရာကော်မတီ၊  Pioneer Angel Women Network ၊ အုတ်တွင်းကျေးရွာလူငယ်များ၊ရှမ်းတောကျေး ရွာမှလူငယ်များ၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတတ်ရေး ကွန်ယက်အဖွဲ့တို့က ဖြန့်ဝေခဲ့ကြပါသည်။

ထို့အပြင် ဧပြီလ၊ ၁၂ရက်နေ့ မင်းလှမြို့၊ စစ်ကွင်းဈေးတွင်လည်း နှာခေါင်းစည်း(mask-250) “ကိုဗစ်ပိုးက လူတိုင်းရဲ့ အန္တရာယ်ပါ၊ သူငါ မခွဲခြား လူတိုင်းကာကွယ်ပါ” စတစ်ကာ ၃၀၀ နှင့် စစ်ကွင်းတာဆုံတွင် နှာခေါင်းစည်း ၂၀၀ (Mask-200)၊ စတစ်ကာ ၁၀၀ ဖြန့်ဝေခြင်းများပြုလုပ်ခြင်း၊ အပူချိန်တိုင်းပေးခြင်းများလည်း လုပ်ဆောင်ခဲ့ကြသည်။