HRETV epi – 157 (Universal Periodic Review- UPR)

မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်အားလုံး (၄) နှစ်ကို တစ်ကြိမ် လူ့အခွင့်အရေးကောင်စီသို့ မပျက်မကွက် တင်သွင်းရတဲ့ နိုင်ငံအားလုံးအလှည့်ကျ သုံးသပ်ခြင်း (Universal Periodic Review- UPR) လုပ်ငန်းစဉ်အကြောင်းကို လွယ်လွယ်ကူကူနားလည်နိုင်ဖို့ ပုံစံတစ်မျိုးနဲ့တင်ဆက်ထားပါတယ်။

ကုလသမဂ္ဂအကြောင်း၊ လူ့အခွင့်အရေးကောင်စီ၊ အထူးလုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်အကြောင်းတွေကို မိတ်ဆက်ထားတဲ့အပြင်  နိုင်ငံအားလုံးအလှည့်ကျ သုံးသပ်ခြင်း (Universal Periodic Review- UPR) လုပ်ငန်းစဉ်အကြောင်းကိုအသေးစိတ်ရှင်းပြထားပါတယ်။ ဒီဗွီဒီယိုလေးကို ညီမျှခြင်းမြန်မာအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ရှင်းလင်းတင်ပြပေးထားပါတယ်။