Entries by Equality Myanmar

ကရင်ပြည်နယ်က စစ်ရှောင်ကလေးငယ်များအခြေအနေ

စဈအာဏာသိမြးဖို့ကှိုးစားနသညေ့ကြာလအတှငြး ကရငနြီပှညနြယအြတှငြးရှိ  ကလေးမွားသာမက မှနမြာနိုငငြံတဈဝှမြးရှိ ကလေးငယမြွားသညြ  အသကရြှငခြှင့ြ၊ ဖှံဖှိုးတိုးတကခြှင့ြ၊ ပါဝငခြှင့နြှင့ြ ကာကှယခြှင့မြွား ဆုံးရှုံးနကှရေပါသညြ။  မိဘမွားသတဖြှတခြံရသဖှင့ြ မိဘမဲ့ဖှဈသှားသည့ြ ကလေးမွားလညြး မွားစှာရှိနပှေီး လကနြကကြှီးနှင့ြ စဈ၏အကွိုးဆကကြှောင့ြ စိတပြိုငြးဆိုငရြာ ထိခိုကခြံစားနကှရေသည့ြ ကလေးငယမြွားလညြး ရှိနပေါသညြ။ ထို့ကှောင့ြ နိုငငြံတကာအသိုငြးအဝိုငြးအနဖှငေ့အြပှဈမဲ့သော ကလေးငယမြွားအား တတနြိုငသြမွှ  ကူညီထောကပြံ့ကာကှယမြှုမွား လုပဆြောငပြေးကှပါရနြ တိုကတြှနြးအပပြါသညြ။

လူငယ်နှင့်လူ့အခွင့်အရေး

လူငယ်တွေဟာ ခေတ်၀န်ကိုထမ်းရင်း ခေတ်လမ်းကို လျှောက်ရင်း စစ်အာဏာရှင်ကို ကဏ္ဍပေါင်းစုံကနေ ပါ၀င်တွန်းလှန်နေကြတာကြောင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရ ပေမယ့်လည်း လူ့အခွင့်အရေးရရှိဖို့၊ ဖယ်ဒရယ် ဒီမိုကရေစီရရှိဖို့အတွက် ရဲရင့်တဲ့သတ္တိ၊ မလျော့တဲ့ဇွဲနဲ့ ခိုင်မာတဲ့ ယုံကြည်ချက် တွေနဲ့ ရှေ့ခရီးဆက် နေကြဆဲပါ။ လွတ်လပ်ခြင်း၊ ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူ ဖြစ်ခြင်း၊ လူဂုဏ်သိက္ခာ အတိုင်းနေထိုင်ပိုင်ခွင့်ရှိခြင်းနဲ့ လေးစားခြင်း ဆိုတဲ့ လူ့အခွင့်အရေး အနှစ်သာရတွေရရှိဖို့ လူငယ်တွေ ဆက်လက်တိုက် ပွဲ၀င် နေကြရဆဲပါ။ #PVTV #Youth&HumanRights #EqualityMyanmar #HRETV #Youth

လူ့အခွင့်အရေးနှင့် လိင်စိတ်ခံယူမှုကွဲပြားသူများ

အာဏာရှင်နတ်ဆိုးနှင်တဲ့ပွဲမှာ ဒီတခါနောက်ဆုံး ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက် နှင့်အတူ လိင်စိတ်ခံယူမှု ကွဲပြားသူများအနေဖြင့် နွေဦးတော်လှန်ရေးကာလမှာ ဘယ်လိုအခန်း ကဏ္ဏမျိုးစုံက‌နေ ပါဝင်လုပ်ဆောင်နေလဲဆိုတာ ဒီဗီဒီယိုကနေ ကြည့်လိုက်ကြရအောင်။ #LGBT #PVTV #EQMM #HRETV #HumanRights

Re: Presentation of analysis, findings, and recommendations from Myanmar Day: Hearing from People on the Ground and Experts in the Region

6 September 2023 Your Excellencies, We, the undersigned nine Myanmar and regional civil society organisations, write to present to you the analysis, findings, and recommendations from the Myanmar Day: Hearing from People on the Ground and Experts in the Region event, which was organised by the signatories on 30 August 2023 in Jakarta, Indonesia. On […]

လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု

လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု (Crime Against Humanity) ဆိုတာဘာလဲ။ လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများဆိုသည်မှာစစ်ပွဲကာလဟုတ် သည် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေထိခိုက်မည့် အကြောင်းကိုသိရှိပြီး မည်သည့်အရပ်သားလူထုကိုမဆို ဦးတည်၍ စနစ်တကျတိုက်ခိုက်သော (သို့မဟုတ်) ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်သော ကျူးလွန်မှုများ လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုမြောက်သည့် ပြစ်မှု အမျိုးအစားတွေကဘာတွေလဲ။ လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုမြောက်သည့်ပြစ်မှု အမျိုးအစား(၁၂)မျိုးရှိပါတယ်။ လူသတ်ခြင်း မျိုးဖြုတ်ခြင်း ကျွန်ပြုခြင်း ပြည်နှင်ဒဏ်ပေးခြင်း(သို့)အတင်းအကြပ်ရွှေ့ပြောင်းခြင်း ထောင်သွင်းအကျဥ်းချခြင်း ညှင်းပန်းနှိပ်စက်ခြင်း မုဒိမ်းကျင့်ခြင်း၊ လိင်ကျေးကျွန်ပြုခြင်း၊ အတင်းအကျပ်ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်း၊ ကိုယ်၀န်ရှိစေခြင်း၊ ကိုယ်၀န်မရရှိစေခြင်း၊ အခြားဆိုးရွားသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း။ သက်သေအထောက်အထားပြနိုင်သော မည်သည့်လူစုကိုမဆို ညှဉ်းပန်းနှိပ်စက် (သို့မဟုတ်) နိုင်ငံရေး၊ လူမျိုးရေး၊ အမျိုးသားရေး၊ မျိုးနွယ်စုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ လိင် […]

“ရန်ငြိုးဖွဲ့ချေမှုန်းခံနေရတဲ့ အရပ်သားပြည်သူများ”

မြန်မာစစ်တပ်သည် ၎င်း၏ သမိုင်းတစ်လျှောက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု အပြီးတွင် ချိုးဖောက်မှုများ ပိုမိုပြင်းထန်အရှိန်မြင့်လာခဲ့ကာ နိုင်ငံတွင်း အခြားနေရာဒေသများသို့လည်း ပိုမိုကျယ်ပြန့်စွာ ရောက်ရှိ ပျံ့နှံ့လာခဲ့သည်။ ညီမျှခြင်းမြန်မာက ၂၀၂၁ ခုနှစ် ဇူလိုင်လမှ ၂၀၂၃ ခုနှစ် မတ်လအထိ စုစည်း မှတ်တမ်းတင်ထားသော အချက်အလက်များကို အသုံးပြု၍ အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှု များနှင့် အတူ ကျူးလွန်ခဲ့သော သတ်ဖြတ်မှုများအပါအဝင် အရပ်သားပြည်သူများအား သတ်ဖြတ်မှု ဖြစ်စဉ်များကို ဤအစီရင်ခံစာတွင် ခွဲခြမ်းစိတ်ဖြာ တင်ပြထားပါသည်။ ထို သတ် ဖြတ် မူ အများစုမှာ စစ်တပ်နှင့် ၎င်း၏အပေါင်းအပါများက ကျူးလွန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) က ကျူးလွန်ခဲ့သည့် သတ်ဖြတ်မူအချို့ […]

Genocide (လူမျိုးသုဥ်းသတ်ဖြတ်မှု)

မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ရိုဟင်ဂျာ‌တွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ၊ လက်စဖျောက်မှုတွေ၊ ရိုဟင်ဂျာ အမျိုးသမီးများနှင့် မိန်းကလေးတွေအပေါ်မှာ အုပ်စုလိုက် အဓမ္မပြုကျင့်တာတွေအပါအ၀င် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စနစ်တကျလုပ် ဆောင် ခဲ့ကြပါတယ်။ ဒါတွေအပြင် ရွာပေါင်း (၁၀၀) ခန့် ပျက်စီးခဲ့ရပြီး ဘ၀ပေါင်း များ စွာလည်း ပျက်စီးခဲ့ကြရပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ အမေရိကန်အစိုးရက ဒီရာဇ၀တ် မှုတွေဟာ Genocide လူမျိုးသုဥ်း သတ်ဖြတ်မှု‌ မြောက်တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ ယနေ့အချိန်ထိ ရိုဟင်ဂျာတစ်ထောင်ကျော်ဟာ သူတို့ရဲ့ အိမ်၊ ရွာ၊ နိုင်ငံကနေ ရွှေ့ပြောင်း နေထိုင်ကြရဆဲ ဖြစ်ပါတယ်၊ အချို့တွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စစ်ဘေးရှောင်စခန်း တွေမှာ ဆင်းရဲပင်ပန်းစွာ နေထိုင်ကြရဆဲပါ။ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုအမျိုးအစားတွေထဲက တစ်ခုဖြစ်တဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှု ဆိုတာကတော့“နိုင်ငံသား၊ လူမျိုးနွယ်စု၊ […]

“ This is Our World Too”

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့မှာ GLOBAL TOWN HALL  က ပြုလုပ်မယ့် “ This is Our World Too” အစီအစဉ်ကို အွန်လိုင်းကနေ ကျင်းပမည့်အကြောင်း မိတ်ဆွေများကို သတင်းကောင်းပါးပါရစေ။ ယခုအစီအစဉ်မှာ အထင်ကရပုဂ္ဂိုလ်များမှ ဦးဆောင်ပြောကြားသွားမှာဖြစ်တဲ့အတွက် ဒီလင့်ကနေ   www.GTH2023.com  ယခုပဲကြိုတင်စာရင်းသွင်းပြီး အခမဲ့ တက်ရောက်နားထောင်နိုင်ပါတယ်။ Save the date: Saturday, 2 September 2023 #GTH2023 REGISTRATION IS NOW OPEN! 🤩 To all global citizens, you are invited to join GLOBAL TOWN HALL 2023–a […]

စစ်ပွဲဆိုင်ရာ ရာဇ၀တ်မှု အပိုင်း (၂)

စစ်ပွဲဆိုင်ရာ ရာဇ၀တ်မှု (War Crime) ဆိုတာက ဘာလဲ။ စစ်ပွဲဆိုင်ရာ ရာဇ၀တ်မှု (War Crime) ဆိုတာကတော့ စစ်ပွဲ (သို့မဟုတ်) လက်နက်ကိုင်ပဋိပက္ခကာလ အတွင်းမှာ စစ်ရေး ဗျူဟာ၊ စီမံကိန်းတခု အနေဖြင့် ရည်ရွယ်ပြီး အရပ်သားတွေအပေါ်၊ သုံ့ပန်းတွေအပေါ်၊ စစ်ပွဲအတွင်း ဖမ်းဆီးခံရ သူတွေ အပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုပါ။ မြန်မာနိုင်ငံမှာကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ စစ်ရာဇ၀တ် မှုမြောက်တယ်လို့ ပြောလို့ရလား။ စစ်ရာဇ၀တ်မှုမြောက်တယ်လို့ ထင်ထင်ရှားရှားပြောနိုင်တဲ့ ဖြစ်ရပ်တွေက ဘာတွေလဲ။ စတဲ့ အကြောင်းအရာတွေကို ဗီဒီယိုထဲမှာကြည့်ရှုနိုင်ပါတယ်။ #WarCrime #PVTV #Equality Myanmar #HRETV #HumanRights