မင်းလှမြို့နယ်တွင် Covid-19 နှင့်ပတ်သက်၍ ပညာပေးလှုံ့ဆော်မှုနှင့်အတူ ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများလှူဒါန်း
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁၁) ရက်နေ့တွင် မင်းလှမြို့ရှိ Facility Quarantine နှင့် Home Quarantine ဝင်နေသောသူများကို ကျန်းမာရေးဆိုင်ရာ ပစ္စည်းများလှူဒါန်းခြင်း၊ ရောဂါကူးစက်မှုနှင့် စပ်လျဉ်း၍ ပြည်သူအချင်းချင်း ခွဲခြားဆက်ဆံမှုများ မပြုလုပ်ကြစေရန်အတွက် ပညာပေးလှုံ့ဆော်မှု အစီအစဉ်များကို လူ့အခွင့်အရေးပညာပေးသူများ ကွန်ရက်အဖွဲ့ဝင် မသစ်သစ်ဇွန်ကEquality Myanmar ၏ ထောက်ပံ့မှုဖြင့် လုပ်ဆောင်နိုင်ခဲ့ပါသည်။ မင်းလှမြို့မစျေးကြီး မိဘပြည်သူများအား နှာခေါင်းစည်း(mask-250)ခု ကို မင်းလှမြို့နယ် လူငယ့်ရေးရာကော်မတီ၊ Pioneer Angel Women Network ၊ အုတ်တွင်းကျေးရွာလူငယ်များ၊ရှမ်းတောကျေး ရွာမှလူငယ်များ၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတတ်ရေး ကွန်ယက်အဖွဲ့တို့က ဖြန့်ဝေခဲ့ကြပါသည်။ ထို့အပြင် ဧပြီလ၊ ၁၂ရက်နေ့ မင်းလှမြို့၊ စစ်ကွင်းဈေးတွင်လည်း နှာခေါင်းစည်း(mask-250) “ကိုဗစ်ပိုးက လူတိုင်းရဲ့ အန္တရာယ်ပါ၊ သူငါ မခွဲခြား […]

ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။