Entries by equalityMM

လူ့အခွင့်အရေးစကားသံ အပိုင်း (၁၄၅)လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခြင်း အပိုင်း(၂)

မင်္ဂလာပါ လို့လူ့အခွင့်အရေးစကားသံအစီအစဉ်မှ ကြိုဆိုနှုတ်ခွန်ဆက်သအပ်ပါသည်။ နောက်လာမည့် တပတ်တွင် “လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း” ဆိုသည့် ခေါင်းစဉ်လေးဖြင့် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါသည်။

လူ့အခွင့်အရေးအမြင်ဖွင့် ဟောပြောဆွေးနွေးပွဲကျင်းပပြီးစီးခြင်း

၂၀၁၉ ခုနှစ်၊ဧပြီလ၊ ၅ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၌ ညီမျှခြင်းမြန်မာနှင့် လူ့အခွင့်အရေးပညာပေးသူများ ကွန်ယက်တို့ ပူးပေါင်းပြီး လူ့အခွင့် အရေးအမြင်ဖွင့် ဟောပြောဆွေးနွေးပွဲကျင်း ပပြုလုပ်ခဲ့ပါသည်။ ကျေးရွာ ဆယ်အိမ်မှုးတဦးဖြစ်သူ ဦးစိုးသိန်းမြင့်မှ “ခရမ်းမြို့မှာ အခုလို ဆွေးနွေးပွဲသင်တန်းတွေ တခါမှမရှိဖူးဘူး၊ အခုဆွေးနွေး မှုပုံစံတွေက အပြောကြီးသက်သက်မဟုတ်ဘဲ အားလုံးနဲ့ အပြန် အလှန် ဆွေးနွေးမှုကြောင့် ဒေသခံလူတွေကလည်း ဆွေးနွေးပွဲကို လိုလိုလားလားနဲ့ စိတ်ဝင်စားမှုရှိကြတယ်” လို့ ပြောပါသည်။ ဟောပြောဆွေးနွေးပွဲတွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အခြေခံသဘောတရားများ၊ သမိုင်းကြောင်း များနှင့် လူ့အခွင့်အရေး အပိုဒ်များ၊ အစိုးရ၏တာဝန်ရှိမှုနှင့် တိုင်ကြားနိုင်သည့် အကြောင်း အရာများ အကြောင်း ကို ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ဟောပြောပွဲသို့ ဒေသတွင်း တောင်သူများနှင့်ကျောင်းသား လူငယ် (၅၃)ဦးတက်ရောက်ခဲ့ကြပါသည်။ သင်တန်းစီစဉ်သူ […]

“ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပေးဆွေးနွေးပွဲ” ပြုလုပ်ပြီးမြောက်ခြင်း

“ ရပ်ရွာလူထုအတွင်း အသိပညာပေး ဆွေးနွေးပွဲ” ကို ဧပြီလ ၅ ရက်၊၂၀၁၉ ခုနှစ်တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ မင်းကြီးညိုရပ်ကွက်ရှိ ဒက္ခိဏရာ မဘုန်းတော်ကြီး ကျောင်း၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ “ လာတုန်းကတော့ ရည်ရွယ်ချက်မည်မည်ရရ မရှိပါဘူး၊ ခေါင်းစဉ် ကို စိတ်ဝင်စားတာနဲ့ လေ့လာဖို့ တက်ခဲ့တာ။ဒါပေမယ့် ဆွေးနွေးပွဲမှာ နားထောင်ပြီးတော့ ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေလဲ လေ့လာရတယ်။ ကိုယ်တိုင်တောင်မသိတဲ့ ကိုယ့်အခွင့်အရေး တွေ ကိုလဲ သိလာရပါတယ်။ ကျတော် တို့လိုပဲ မသိသေးတဲ့ သူတွေ အများကြီးရှိနေပါသေးတယ်။ ခုသိသွားသလောက်ကို ကျောင်းမှာ ပြန်မျှဝေဖို့ စဉ်းစားထားတယ်။ နောက်ထပ်လုပ်မယ့် ၆ ရက် သင်တန်းကို တက်ဖို့လည်း အရမ်းစိတ် ဝင်စားပါတယ်။ ထပ်ပြီး […]

၂၀၁၉ ခုနှစ်အတွင်း ပထမဦးဆုံးအကြိမ် မန္တလေးမြို့တွင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြီးစီးခြင်း

၂၀၁၉ ခုနှစ် မတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အလုပ်ရုံ ဆွေးနွေးပွဲ ကို Eastern Palace Hotel တွင် ညီမျှခြင်းမြန်မာ မန္တလေးရုံးမှ သင်တန်း နည်းပြများမှ ဦးဆောင် ဆွေးနွေးပေးခဲ့ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှာ မြန်မာနိုင်ငံ အထက်ပိုင်းမှ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို စိတ်ဝင်စားစွာ ဆွေးနွေးပေးမည့်သူများ တက်ရောက်ခဲ့ကြခြင်း ဖြစ်ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲတွင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၏ အဓိပ္ပါယ်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၏ အရေးကြီးပုံများ၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် စံသတ်မှတ်ချက် (၈) ချက်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်အား ချိုးဖောက်ခြင်း၊ လွတ်လပ် စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် မြန်မာနိုင်ငံ အခြေအနေ၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် အစိုးရ […]

လူ့အခွင့်အရေးစကားသံ အစီအစဉ် အပိုင်း(၁၄၄) အများပြည်သူနှင့်ဆိုင်သည့် နေရာများတွင် အမျိုးသမီးများအပေါ် ကာယိန္ဒြေထိပါး နှောက်ယှက်ခြင်း (ပထမပိုင်း)

မင်္ဂလာပါ လူ့အခွင့်အရေးစကားသံအစီအစဉ်မှ ကြိုဆိုပါသည်။ အခုထုတ်လွှင့်ပေးသွားမည့် လူ့အခွင့်အရေးစကားသံအစီအစဉ်လေးမှာ “အများပြည်သူနှင့် ဆိုင်သည့် နေရာများတွင် အမျိုးသမီးများအပေါ် ကာယိန္ဒြေ္ဒထိပါး နှောက်ယှက် ခြင်း”ဆိုသည့် အကြောင်းဖြစ်ပါသည်။ အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင် အမျိုးသမီးများ ထိပါး၊ နှောက်ယှက်ပါခံရပါက မည်သို့သော ဥပဒေပုဒ်မများဖြင့် တိုင်တန်းနိုင်ကြောင်း သိရှိစေရန် ရည်ရွယ်ပြီး ထုတ်လွှင့်ပေးခြင်း ဖြစ်ပါသည်။

လူ့အခွင့်အရေးစကားသံ အပိုင်း (၁၄၃) လူ့အခွင့်အရေးနှင့် ကျောင်းသင်ရိုးညွှန်းတန်း (ဒုတိယပိုင်း)

မင်္ဂလာပါ “လူ့အခွင့်အရေးနှင့် ကျောင်းသင်ရိုးညွှန်းတမ်း” ဒုတိယပိုင်းကို လာမည့်အပတ်တွင် ထုတ်လွှင့်ပေး သွားမှာဖြစ်ပါသည်။ ဇာတ်လမ်းကို ကျောင်းသင်ရိုးညွှန်းတမ်းများတွင် လူ့အခွင့်အရေး အယူအဆသဘောတရားများ ပါဝင်ရေးနှင့် လူ့အခွင့်အရေး ပညာပေးခြင်းများအကြောင်းသိရှိစေရန်ရည်ရွယ်၍ ထုတ်လွှင့် ပြသ ခြင်းဖြစ်ပါသည်။ ဆရာအောင်ဇော်ထွေးမှ ကျောင်းသင်ခန်းစာများထဲမှ လူ့အခွင့်အရေးအကြောင်းအရာများကို လေ့လာခိုင်းရာ ထူးဝဏ္ဏရှိန်မှ သမိုင်းသင်ရိုးညွှန်တမ်းမှ တွေ့ရှိချက်ကိုဆွေးနွေးပြီး၊ နှင်းသီတာလှိုင် သည် မြန်မာစာသင်ရိုးညွှန်းတမ်းမှ တွေ့ရှိချက်ကို ဆွေးနွေးတင်ပြခဲ့ကြသည်။

သာစည်မြို့တွင် ပထမဦးဆုံး လူအခွင့်အရေး အမြင်ဖွင့် ပောာပြောပွဲ အောင်မြင်စွာ ပြီးဆုံးခြင်း

ညီမျှခြင်းမြန်မာ (မန္တလေး) ရုံးမှ ဒေါ်စိုးကလျာမှ ဦးဆောင်ပြီး မတ်လ ၂၂ရက်နေ့ ၂၀၁၉ ရက်နေ့တွင် သာစည်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရက်တာ လူအခွင့်အရေး အမြင်ဖွင့် ပောာပြောပွဲကို သာစည်မြို့အတွင်းရှိ ရပ်ကျေးအဆင့် အမျိုးသား ဒီမိုကရေစီအဖွဲ့မှ အမျိုးသမီး လုပ်ငန်းကော်မတီဝင်များ တက် ရောက်လာခဲ့ပါသည်။ ထိုပောာပြောပွဲတွင် လူအခွင့်အရေးအယူအဆ၊ လူအခွင့်အရေး သမိုင်းကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေး ကြေငြာ စာတမ်းပါ အပိုဒ်များကို လက်တွေ့ဘဝတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များနှင့် ချိတ်ဆက်စဉ်းစားကြခြင်း၊ အစိုးရ တာဝန်နှင့် လူအခွင့်အရေး ချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့် ယန္တရားများ အကြောင်းအပြင် မြန်မာနိုင်ငံ လူအခွင့်အရေး ကော်မရှင်၏ တာဝန် များနှင့် လုပ်ငန်းဆောင်တာများကို အပြန်အလှန် ဆွေးနွေးသည့် ပုံစံဖြင့် ပောာပြောဆွေးနွေးခဲ့ကြပါသည်။ ထိုပောာပြောပွဲသို့ […]

လူ့အခွင့်အရေးစကားသံ အပိုင်း(၁၄၂) လူ့အခွင့်အရေးနှင့် ကျောင်းသင်ရိုးညွှန်းတမ်း (ပထမပိုင်း)

မင်္ဂလာပါလို့ လူ့အခွင့်အရေး စကားသံမှ ပြန်လည် ကြိုဆိုပါသည်။ ယခုလာမည့် အပတ်တွင် “လူ့အခွင့်အရေးနှင့် ကျောင်းသင်ရိုး ညွှန်းတမ်း” ပညာပေး ဇာတ်လမ်းလေး ထုတ်လွှင့်ပေးသွား မှာဖြစ်ပါသည်။ ဇာတ်လမ်းကို ကျောင်းသင်ရိုးညွှန်းတမ်းများတွင် လူ့အခွင့်အရေး အယူအဆသဘောတရားများပါဝင်ရေးနှင့် လူ့အခွင့်အရေး ပညာပေးခြင်းများအကြောင်းသိရှိစေရန်ရည်ရွယ်၍ ထုတ်လွှင့် ပြသခြင်းဖြစ်ပါသည်။

TOT သင်တန်းဒုတိယပတ်တွင် အမျိုးသမီး၊ ကလေးအခွင့်အရေး ဆိုင်ရာများကို Legal Clinic Myanmar ၊NCRWG တို့နှင့်အတူ လေ့လာ

သင်တန်းကာလ (၉)ရက်နေ့မှ စတင်၍ (၁၄)ရက်နေ့အထိ သင်တန်းသားများကို အမျိုးသမီး အခွင့်အရေး နှင့် ကလေးအခွင့်အရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြပါသည် အမျိုးသမီးအခွင့်အရေးဆွေးနွေးမှုတွင် လိင်နှင့် လိင်ကွဲပြားမှုအပေါ် သတ်မှတ်ချက်များ၊ ကျားမရေးရာအခန်းကဏ္ဍ၊ ပုံစံခွက်သွတ်သွင်း မှုများ၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုများ ပပျောက်ရေး သဘောတူစာချုပ် (CEDAW)၏ ပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ အခွင့်အရေးအပိုဒ်များနှင့် စာချုပ်ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များ၊ လိင်ကွဲပြားမှုအပေါ် အခြေပြုသော ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ကာကွယ်ပေးခြင်းနှင့် သက်ဆိုင်သော ပြည်တွင်း ဥပဒေများကို ဥပဒေကုစားရေးမြန်မာ( Legal Clinic Myanmar) မှ တရားလွှတ်တော်ရှေ့နေ ဆရာမဒေါ်လှလှရီမှ လာရောက်ဆွေးနွေးပေးခဲ့ပါသည်။ ကလေးအခွင့်အရေးဆွေးနွေးမှုတွင် ကလေးသဘောသဘာဝ၊ ကလေးအခွင့်အရေး စာချုပ် (CRC)ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ စာချုပ်ပါ […]

ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့မှ လူ့အခွင့်အရေး ဟောပြောဆွေးနွေးပွဲ

လူ့အခွင့်အရေး ဟောပြောဆွေးနွေးပွဲကို ညီမျှခြင်းမြန်မာ(Equality Myanmar)နှင့် လူ့အခွင့်အရေးပညာပေး သူများကွန်ယက်(HREN) တို့မှပူးပေါင်း၍ တစ်နေ့တာ ဟောပြောပွဲ အစီစဉ်တစ်ခုကို မတ်လ၊ ၃ရက်နေ့တွင် ကျင်းပ ပြုလုပ်ပေးခဲ့သည်။ ကုန်းမြင့်သာ ရပ်ကွက်မှ တက်ရောက်လာသော ကိုတင်ထွဋ္ဋ် မှ “ကျွန်တော်တို့သိထားတဲ့ ဂုဏ်သိက္ခာဆိုတာနဲ့ သင်တန်းက အဓိပ္ပါယ် ဖွင့်ပြပေးတဲ့ စကားလုံးအနှစ်သာရ တွေဟာ လွန်စွာ ကွဲပြားနေတာတွေ့ရပါတယ်။ ငွေကြေးပြည့်စုံမှု အဆင့်အတန်း ရှိရှိ နေနိုင်ခြင်းဟာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ မဟုတ်ပဲ အခွင့် အရေးတွေ အခွင့်အလမ်းတွေဖြစ် နေတယ်ဆိုတာကို သိလိုက်ရပါ တယ်။” ထိုဟောပြောပွဲကို မိုင်းရှူးမြို့အနီးဒေသများမှ သင်တန်းသား(၁၂-ဦး)၊ သင်တန်းသူ (၃၂-ဦး) စုစုပေါင်း (၄၄-ဦး) တက်ရောက်လာ ကြသည်။ “ လူ့အခွင့်အရေး ဆိုတာ ပရမ်းပတာ လုပ်ချင်သလို […]