“ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပေးဆွေးနွေးပွဲ” ပြုလုပ်ပြီးမြောက်ခြင်း

“ ရပ်ရွာလူထုအတွင်း အသိပညာပေး ဆွေးနွေးပွဲ” ကို ဧပြီလ ၅ ရက်၊၂၀၁၉ ခုနှစ်တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ မင်းကြီးညိုရပ်ကွက်ရှိ ဒက္ခိဏရာ မဘုန်းတော်ကြီး ကျောင်း၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

“ လာတုန်းကတော့ ရည်ရွယ်ချက်မည်မည်ရရ မရှိပါဘူး၊ ခေါင်းစဉ် ကို စိတ်ဝင်စားတာနဲ့ လေ့လာဖို့ တက်ခဲ့တာ။ဒါပေမယ့် ဆွေးနွေးပွဲမှာ နားထောင်ပြီးတော့ ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေလဲ လေ့လာရတယ်။ ကိုယ်တိုင်တောင်မသိတဲ့ ကိုယ့်အခွင့်အရေး တွေ ကိုလဲ သိလာရပါတယ်။ ကျတော် တို့လိုပဲ မသိသေးတဲ့ သူတွေ အများကြီးရှိနေပါသေးတယ်။ ခုသိသွားသလောက်ကို ကျောင်းမှာ ပြန်မျှဝေဖို့ စဉ်းစားထားတယ်။ နောက်ထပ်လုပ်မယ့် ၆ ရက် သင်တန်းကို တက်ဖို့လည်း အရမ်းစိတ် ဝင်စားပါတယ်။ ထပ်ပြီး လေ့လာချင်ပါသေး တယ်” ဟု တောင်ငူတက္ကသိုလ်မှ ကျောင်းသား ကိုကျော်ဇောယျမှ ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

လူ့အခွင့်အရေးအယူအဆနှင့် အဓိပ္ပါယ်၊ လူ့အခွင့်အရေး အယူအဆ သမိုင်းကြောင်းနှင့် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးကြေငြာ စာတမ်း ပေါ်ပေါက်လာပုံ သမိုင်းကြောင်းများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းတွင်ပါဝင်သော အခွင့်အရေးအပိုဒ် များ၊ လူ့အခွင့်အရေးနှင့် ပတ်သက် ၍ အစိုးရ၏ တာဝန်ရှိမှုများ၊ တိုင်ကြားနိုင်သော ယန္တရားများ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေး ကော်မရှင် မိတ်ဆက်၊ လုပ်ပိုင်ခွင့် နှင့် တာဝန်များ၊ တိုင်ကြား မှုနည်းလမ်းနှင့် တိုင်ကြားစာနမူနာပုံစံ စသည့် အကြောင်းအရာ များဖြင့် ဆွေးနွေးခဲ့ကြပါသည်။

“ မသိသေးတာတွေ ဆွေးနွေးခဲ့ရတဲ့အတွက် အရမ်းကျေနပ်မိပါ တယ်။ လူ့အခွင့်အရေးကို ကြားဖူးဖတ်ဖူးနေခဲ့တာကြာပြီ။ခုမှ သေေ သချာချာ လေ့လာရတယ်။ တောင်ငူလို မြို့ပေါ် ဒေသမှာတောင် လူ့အခွင့်အရေးဆိုတာကို မသိသေးတဲ့သူတွေ အများကြီးရှိသေးတာ ကျေးလက်ဒေသ တွေဆို ပိုပြီး များနိုင်တယ်။ အဲ့ဒါကြောင့် ကျေး လက်တွေ မှာလည်း ဒါမျိုးဆွေးနွေးပွဲတွေ ပြုလုပ် စေချင်ပါတယ် ဟု Beauty စာကြည့်တိုက်” ဒေါ်စန်းစန်းထွေး မှ ပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ တောင်ငူနည်းပညာတက္ကသိုလ်မှ ဆရာ/မများ နှင့် ကျောင်းသား/သူများ၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်း၊ တောင်သူလယ် သမားသမဂ္ဂ၊ လူ့အခွင့်အရေးကာကွယ်မြင့်တင်သူ များ(တောင်ငူ) စသည့် ဒေသခံ အရပ်ဖက်အဖွဲ့အစည်းများမှ စိတ်ပါဝင်စားသူ စုစုပေါင်း (၅၀) ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ ဆွေးနွေးဟောပြောပွဲကို ညီမျှခြင်းမြန်မာအဖွဲ့မှ သင်တန်း နည်းပြများ နှင့် လူ့အခွင့် အရေးပညာပေးသူများကွန်ရက်( HREN) မှ သင်တန်းနည်းပြ ကိုစောမောင်မောင်ခိုင် တို့မှ ဦးဆောင်ဆွေးနွေခဲ့ပြီး National Empowerment for Democracy (NED) ၏ ထောက်ပံ့မှုဖြင့်ပြု လုပ်ခဲ့ပါသည်။