၂၀၁၉ ခုနှစ်အတွင်း ပထမဦးဆုံးအကြိမ် မန္တလေးမြို့တွင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြီးစီးခြင်း

၂၀၁၉ ခုနှစ် မတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အလုပ်ရုံ ဆွေးနွေးပွဲ ကို Eastern Palace Hotel တွင် ညီမျှခြင်းမြန်မာ မန္တလေးရုံးမှ သင်တန်း နည်းပြများမှ ဦးဆောင် ဆွေးနွေးပေးခဲ့ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှာ မြန်မာနိုင်ငံ အထက်ပိုင်းမှ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို စိတ်ဝင်စားစွာ ဆွေးနွေးပေးမည့်သူများ တက်ရောက်ခဲ့ကြခြင်း ဖြစ်ပါသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲတွင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၏ အဓိပ္ပါယ်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၏ အရေးကြီးပုံများ၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် စံသတ်မှတ်ချက် (၈) ချက်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်အား ချိုးဖောက်ခြင်း၊ လွတ်လပ် စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် မြန်မာနိုင်ငံ အခြေအနေ၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် အစိုးရ တာဝန်ရှိသူများနှင့် လွတ်လပ်စွာ ကိုးကွယ်ယုံ ကြည်ခွင့် ဆိုင်ရာ လုပ်ငန်းစဉ်များတို့ကို အပြန်အလှန် ဆွေးနွေးသည့် ပုံစံဖြင့် ပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲ ကျင်းပပြီးသည့် အချိန်တွင် သင်တန်းသူ မတင်တင်ဝင်း မှ “လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အကြောင်းကို သေချာ သိလိုက်ရသလို ဘာသာမတူသော မိတ်ဆွေများနှင့်ပါ အတူ တကွ ဆွေးနွေးမေးမြန်းခွင့် ရခဲ့ပါသည်။ ထို့အပြင် ဘာသာမ တူသော သူများထံမှ ဓလေ့ထုံးတမ်း၊ ဥပဒေများကိုပါ သိရှိလာခဲ့ပါ သည်။ ဘာသာမဲ့၊ ဘာသာမတူတွေအကြား မည့်သူတွေကချိုး ဖောက်နေကြလဲဆိုတာကို လေ့လာလိုက်ခဲ့ရအပြင် နိုင်ငံတော်တော် များများတွင် ဘာသာမဲ့နှင့် ဘာသာမတူအကြား ဘာကြောင့် ခွဲခြား မှုတွေ ဖြစ်ပေါ်လာသလဲ၊ ဘယ်လို ချိုးဖောက်မှုတွေအများဆုံးဖြစ် လေ့ ရှိသလဲဆိုတာ လေ့လာခဲ့ပါသည်။ ချိုးဖောက်မှု တွေ ထပ်မံ မဖြစ်ပွားအောင် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုသည့် နည်းလမ်းများ ကို ဝိုင်းဝန်းအဖြေရှာသည့်အတွက် ကြောင့် ကောင်းမွန်သော အလုပ်ရုံဆွေးနွေးပွဲဖြစ်ကြောင်း ဟု မှတ်ချက်ပေးကာအလုပ်ရုံ ဆွေးနွေးပွဲကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။