တောင်တွင်းကြီးမြို့နယ်တွင် လူ့အခွင့်အရေးအသိပညာပေး ဆွေးနွေးပွဲကျင်းပ
ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲကို ညီမျှခြင်းမြန်မာအဖွဲ့က မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တောင်ပြင် ၁ ရပ်ကွက် ပုဏ္ဏ၀တီဘုန်းကြီးကျောင်းတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ၊ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် လူ့အခွင့်အရေးအခြေခံဗဟုသုတများ သိရှိစေရန်နှင့် ဒေသအတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုမျာကို သိရှိလာပြီး တိုင်ကြားတတ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ “ဒီလိုပွဲတွေကို ကျွန်တော်တစ်ယောက်တည်းသာမက ကျွန်တော်တို့ရွာက လူတွေတစ်ရွာလုံးက လူတွေသိမယ် ဆိုရင်အုပ်ချုပ်ရတဲ့ လူအတော်ကို အဆင်ပြေတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အခွင့်အရေးကိုလည်း သိလိုက်သလို ဥပဒေနဲ့ချိတ်ဆက်နေတဲ့အခွင့်အရေးကိုလည်း နားလည် သွားမယ် စည်းမျဉ်းစည်းကမ်း ကိုလည်း နားလည်သွားမယ်”လို့ ရှမ်းကိုင်းကျေးရွာအုပ်စု၊ အောင်းပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦး၀င်းရွှေဦးကပြောပါသည်။ ထိုပွဲတွင် လူ့အခွင့်အရေးအယူအဆအဓိပ္ပါယ်၊ လူ့အခွင့်အရေး သမိုင်းကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း […]

ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။