UPR အစီရင်ခံစာ မိတ်ဆက်ပွဲ အခမ်းအနား
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၃၀) ရက်၌ ကမ္ဘာကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ UPR လုပ်ငန်းစဉ်သို့ တင်သွင်းမည့် မြန်မာနိုင်ငံ UPR ဖိုရမ်၏ အစီရင်ခံစာနှင့် Myanmar Child Rights Coalition အဖွဲ့တို့၏ အစီရင်ခံစာ အကြောင်း ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ပါသည်။ လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာပေါင်း (၁၁) ခုနှင့် ကလေး သူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းအရာ (၃)ခုတို့အပေါ် သုတေသန ပြုလုပ်ထားသော အချက်များအပြင် မြန်မာနိုင်ငံအစိုးရကို တောင်းဆိုထားသည့် အကြံပြုချက်များ ပါဝင်သည်။ ထိုအကြာင်းအရာများမှာ နိုင်ငံတကာလူ့အခွင့်အရေးယန္တရားများအား အတည်ပြုခြင်းနှင့် ပူးပေါင်း လုပ်ဆောင်ခြင်းအခြေအနေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးစီတန်းခွင့်၊ ဘာသာရေးနှင့် သက်ဝင်ယုံကြည်မှု လွတ်လပ်ခွင့်၊ နိုင်ငံသားဖြစ်မှု၊ လက်နက်ကိုင် ပဋိပက္ခနှင့် […]
