အထောက်အကူပြု စီမံကိန်းအဆိုပြုလွှာရေးသားနည်းနှင့် ဘဏ္ဍာရေးစီမံကိန်းရေးဆွဲနည်းသင်တန်း

“မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ခိုင်မာအားကောင်းလာစေရန် ရပ်ရွာအခြေပြုအဖွဲ့များကို စည်းရုံးလှုံ့ဆော်ထောက်ပံ့ ပေးခြင်းစီမံကိန်း” ၏ စီမံချက်လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် အထောက်ကူပြု စီမံကိန်းအဆိုပြုလွှာ ရေးသားနည်း နှင့် ဘဏ္ဍာရေးစီမံကိန်းရေးဆွဲနည်း အွန်လိုင်သင်တန်းကို UNDEF၏ထောက်ပံ့မှုဖြင့် ညီမျှခြင်းမြန်မာက ဦးဆောင် ပြုလုပ် ခဲ့ပါသည်။

“ဒီသင်တန်းက ကျွန်တော်တို့လမ်းမှန်အပေါ်ကို ပြန်လည်ရောက်ရှိစေ ခဲ့ပါတယ်။ စာတွေ့လက်တွေ့အချိုးညီညီလုပ်ခဲ့ရ တာသဘောကျပါတယ်” လို့ မွန်လူငယ်ပညာပေးအဖွဲ့က တက်ရောက်လာသူက ဆိုပါသည်။

အဆိုပါသင်တန်းကို မိတ်ဖက်အဖွဲ့အစည်းများ၏ ထပ်ဆင့်ထောက်ပံ့ ရန်ပုံငွေအဆိုပြုလွှာစီမံချက် အဆိုပြုလွှာတွင် ပါဝင်ရမည့် လုပ်ငန်းစဉ်၊ ရည်ရွယ်ချက်၊ ပန်းတိုင်းချမှတ်ခြင်း၊ အဆင့်ဆင့်ချိတ်ဆက်ပြီး အကောင်အထည်ဖော် တတ်လာစေရန်နှင့် ငွေကြေးအရင်းအမြစ်များကို လုပ်ငန်းတိုင်တွင် စနစ်တကျ စီမံခန့်ခွဲခြင်း၊ အစီအစဉ်တကျ ရေးဆွဲခြင်းတင်ပြတတ်လာစေရန် ရည်ရွယ်ပြုလုပ်ခဲ့ပါသည်။

“ညွှန်းကိန်းတွေ (Indicators) ကို အချိတ်အဆက်မိမိ ထည့်သွင်းရတယ်။ ဘယ်နည်းနဲ့ ပြဿနာ အခက်အခဲတွေကို ကျော်လွှားရမလဲဆိုတာပါ ထည့်သွင်းစဉ်စားလုပ်ဆောင်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ အပြည့်အဝရှိလာတယ်” လို ပွင့်လင်းဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့က တက်ရောက်လာသူက ဆိုပါသည်။

ထိုသင်တန်းသို့ မွန်လူငယ်ပညာပေးအဖွဲ့(MYEO)၊ ပွင့်လင်းဖွံ့ဖြိုးရေး အဖွဲ့(ODF) နှင့် ကျေးလက်မြေအဖွဲ့(KLM)တို့က သင်တန်းသား၊ သင်တန်းသူ ၁၄ ဦးပါဝင်တက်ရောက်ခဲ့ကြပါသည်။

ကျေးလက်မြေအဖွဲ့က တက်ရောက်လာသူကလည်း “တကယ်ကို ဒီသင်တန်းက ရပ်ရွာအခြေပြုအဖွဲ့အစည်းတွေကို အခွင့်အလမ်းတွေ၊ ယုံကြည်မှုတွေ ရအောင်လမ်းဖောက် ပေးတယ်” လို့ ဆိုပါသည်။

အထောက်အကူပြု အဆိုပြုလွှာရေးသားနည်းနှင့် ဘဏ္ဍာရေး စီမံကိန်းရေးဆွဲနည်းသင်တန်းကို ဇူလှိုင်လ (၂၀) ရက်မှ (၂၄) ရက်အထိ (၅)ရက်ကျင်းပခဲ့ပါသည်။