မြန်မာရဲတပ်ဖွဲ့ကို ကူညီမှုရပ်ဆိုင်းဖို့ ဂျပန်အစိုးရကို HRW တိုက်တွန်း

မြန်မာရဲတပ်ဖွဲ့ကို ကူညီမှုရပ်ဆိုင်းဖို့ ဂျပန်အစိုးရကို HRW တိုက်တွန်း~~~~~~မိုးမြင့်၊ ဝေမာထွန်း■ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေပြီး အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာမရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ကူညီထောက်ပံ့မယ့် အစီအစဉ်ကို ဂျပန်အစိုးရဘက်က ချက်ချင်းဖျက်သိမ်းသင့်တယ်လို့ နယူးယောက် မြို့ အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ဒီနေ့ ဇူလိုင် ၂၃ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ရခိုင်ပြည်နယ်ပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေအပါအဝင် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနေချိန်ကာလ အထိ ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပြပြီး ဂျပန်အစိုးရက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို မော်တော်ယာဉ်နဲ့ ဆက်သွယ်ရေးသုံးပစ္စည်းတွေဝယ်ယူဖို့ အမေရိကန်ဒေါ်လာ ကိုးသိန်းသုံးသောင်း လှူဒါန်းမယ့် အစီအစဉ်ကို ဖျက်သိမ်းဖို့ HRW က တိုက်တွန်းတောင်းဆိုလိုက်တာဖြစ်ပါတယ်။လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ HRW ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က မြန်မာရဲတပ်ဖွဲ့ဟာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေသာမက ရခိုင်ပြည်နယ်ထဲက ရခိုင်တိုင်းရင်းသား တွေနဲ့ ရိုဟင်ဂျာတွေအပေါ်မှာပါ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးလုပ်ထားတာကြောင့် ဂျပန်အနေနဲ့ မပေးသင့်ဘူးလို့ ထောက်ပြပါတယ်။"မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတာဟာ ကာလကြာပါပြီ။ မြန်မာ့တပ်မတော်ရဲ့ ယန္တရားတစ်ခုအဖြစ်ရှိနေတာ၊ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတာ၊ နောက် ပြီး ပြည်ထဲရေးဝန်ကြီးဌာနဟာလည်း အကြမ်းဖက်ဆောင်ရွက်မှုတွေမှာ ဆက်တိုက်ပါဝင်နေခဲ့တာ၊ ဆန္ဒပြ သူတွေကို နှိမ်နင်းရာမှာသာမဟုတ်ဘဲ ငြိမ်းချမ်းစွာ နိုင်ငံရေးလှုပ်ရှားနေတဲ့သူတွေ၊ တိုင်းရင်းသားလူနည်းစု တွေကိုပါ အကြမ်းဖက်ဆောင်ရွက်လေ့ရှိပါတယ်။ နယ်ခြားစောင့်တပ်အနေနဲ့လည်း နယ်စပ်တွေမှာ ရိုဟင်ဂျာ တွေနဲ့ ရခိုင်ကိစ္စတွေမှာ ပါဝင်နေသလို သတင်းထောက်တွေကို ထောင်ချောက်ဆင်ပြီးတော့ ဖမ်းခဲ့တာလည်း ရဲတပ်ဖွဲ့ပဲဖြစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီး မြင်တွေ့ခဲ့ရဖူးပါတယ်။"တကယ်လို့ ဂျပန်အစိုးရက ဒီတိုက်တွန်းချက်ကို လျစ်လျူရှုပြီး မြန်မာရဲတပ်ဖွဲ့ကို ထောက်ပံ့ပေးခဲ့မယ်ဆိုရင် ဂျပန်အစိုးရဟာ ကိုယ့်စကားကို ကတိမတည်တဲ့ အစိုးရဖြစ်မယ်လို့လည်း Phil Robertson က ဆက်ပြောပါတယ်။မြန်မာ့တပ်မတော်ရော၊ ရဲတပ်ဖွဲ့ကို နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေက ငွေကြေးထောက်ပံ့တာတွေ ရပ်မသွား တဲ့အပေါ် ဘာကြောင့်လို့ ထင်ပါသလဲလို့ RFA က မေးတဲ့အခါ၊ ဂျပန်ဟာ မြန်မာနဲ့ နှစ်နိုင်ငံချင်းဆက်ဆံရေးမှာ ပိုလွှမ်းမိုးနိုင်ဖို့ ငွေကြေးဓနသုံးစွဲတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေတယ်လို့ ဝေဖန်ပါတယ်။“ဂျပန်အစိုးရက သူတို့အနေနဲ့ အာရှပစိဖိတ်ဒေသတွင်းက အစိုးရတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စိုးရိမ်တယ်လို့ ထုတ်ပြောဖူးပါတယ်။ ပြီးတော့ သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒမှာလည်း လူ့အခွင့်အရေးဟာ အကြောင်းအရာတစ်ခုအဖြစ် ပါဝင်တယ်လို့လည်း ပြောထားတာရှိပါတယ်။ ပြီးတော့ နိုင်ငံခြား အထောက်အပံ့ အကူအညီပေးရေးကိစ္စတွေမှာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီ ပေးတယ်ဆိုပြီးတော့လည်းပြောပါတယ်။ တကယ်လို့ ဒီထောက်ပံ့မှုတွေကို မြန်မာကိုသာပေးမယ်ဆိုရင် ဂျပန်အစိုးရရဲ့ပြောစကားဟာ လက်တွေ့နဲ့ အလုပ် မကိုက်ညီဘူးဆိုတာ ပေါ်လာပါလိမ့်မယ်။ ဂျပန်ကတော့ သူတို့လူ့အခွင့်အရေးကို ဂရုစိုက်တယ်ဆိုပြီး ပြောပေမယ့် တကယ့်လက်တွေ့က သူတို့စိတ်ဝင်စားနေတာ လက်တွေ့နိုင်ငံရေးကစားပွဲတွေနဲ့ မြန်မာအစိုးရအပေါ် ဘယ်လိုလွှမ်းမိုးရမလဲဆိုတဲ့ ဟာတွေပဲဖြစ်ပါတယ်။ သူတို့လူ့အခွင့်အရေးကို ဂရုမစိုက်ပါဘူး။”နောက်ပိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ရိုက်သင်တန်းပေးတဲ့ ဘယ်အဖွဲ့အစည်းမဆို၊ ဥပမာ ဥရောပသမဂ္ဂ EU လိုအဖွဲ့အစည်းတွေကိုပါ HRW က ရှုတ်ချသွားဖို့ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။ရဲတပ်ဖွဲ့ဟာ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာမရှိဘဲ တပ်မတော်ရဲ့ ထိန်းချုပ်ထောက်ပံ့မှုနဲ့ လည်ပတ် နေတာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်ခဲ့မှု မှတ်တမ်းတွေ ခိုင်ခိုင်လုံလုံရှိနေတယ်လို့ HRW က ဆိုပါတယ်။HRW က ရဲတပ်ဖွဲ့အနေနဲ့ လူ့အခွင့်အရေးကျူးလွန်မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲပြစ်တင်တဲ့အချက်တွေထဲမှာ စစ်အုပ်ချုပ်ရေးကာလက အစိုးရနဲ့ ဆန့်ကျင်တဲ့ ကျောင်းသားတွေကို ဖမ်းဆီးနှိပ်စက်ခဲ့တာ၊ ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာ၊ နယ်မြေရှင်းလင်းရေးတွေကို တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ၊ အဲဒီ စစ်ဆင်ရေးတွေမှာ ရွာတွေမီးရှို့ခံရတာ၊ လူတွေအစုလိုက်အပြုံလိုက် အသတ်ခံရတာ၊ အမျိုးသမီးတွေ အဓမ္မ ပြုကျင့်ခံရတာတွေ ပါဝင်တယ်လို့ဆိုပါတယ်။ဒါကြောင့် ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် တပ်မတော်က ထိန်းချုပ်ထားတဲ့ ဝန်ကြီးဌာနတွေနဲ့ အဖွဲ့ အစည်းအားလုံးကို ဂျပန်နိုင်ငံက ကူညီထောက်ပံ့တာတွေ အားလုံးကို ရပ်ဆိုင်းသင့်တယ်လို့ HRW က တိုက်တွန်းလိုက်ပါတယ်။ဆန္ဒပြမှုကြောင့် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထောင်ချမှုခံခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကိုမင်းသွေးသစ် က HRW ရဲ့ တိုက်တွန်းချက်ကို ထောက်ခံပါတယ်။“ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိဘူး။ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီးတော့ စစ်တပ်က အလုံးစုံ authority ပေးနေတာဖြစ်တယ်။ နိုင်ငံတကာက ဘယ်လိုအကူအညီမျိုးပဲလာလာ နောက်ဆုံး လူသားချင်းစာနာတဲ့ အကူအညီပဲ ဖြစ်ပါစေဦးတော့ ရွေးကောက် တင်မြှောက်ထားတဲ့ အရပ်သားအစိုးရအနေနဲ့က သူတို့ကို ဘယ်လိုမှ ထိန်းချုပ်လို့ မရတဲ့အခါ ဒီအကူအညီ တွေသည် ရဲတပ်ဖွဲ့လက်ထဲရောက်တဲ့အခါ အဆိပ်ပင်ရေလောင်းသလို ဖြစ်နေမှာပဲ။”ဒုရဲမှူးဟောင်း မိုးရန်နိုင် ကတော့ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို အပြည့်အဝရောက်မှ ရဲတပ်ဖွဲ့ကို ထောက်ပံ့မှုပေးမယ်ဆိုတာ မဖြစ်သင့်ဘဲ ကြားကာလမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ နိုင်ငံတကာ အကူအညီတွေ ရသင့်တယ်လို့ ယူဆပါတယ်။“ရဲတပ်ဖွဲ့အနေနဲ့ ရသင့်တာပေါ့။ ရမယ်ဆိုပိုကောင်းတာပေါ့ ရသင့်တယ်ဆိုတာထပ်။ ဒါဆိုလို့ရှိရင်တော့ ရဲတပ်ဖွဲ့ကို အထောက်အကူအများကြီး ဖြစ်စေတယ်ပေါ့။ ရဲတပ်ဖွဲ့က အရပ်သားအစိုးရအောက်ရောက်မှ ထောက်ပံ့မယ်ဆိုတာမျိုးကတော့ ကျွန်တော်တို့အနေနဲ့ကတော့ သိပ်မကြိုက်ဘူးပေါ့ဗျာ။ ပြောချင်တဲ့ သဘောက ဘာကြောင့်လဲဆိုတော့ ဒီအရပ်သားအစိုးရ အောက်ရောက်မယ်ဆိုတာ ဘယ်တော့မှန်းမှ ပြောမရတာ။ ကြားထဲမှာတော့ အထောက်အပံ့ရလို့ရှိရင် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအတွက် အများကြီး အထောက်အကူဖြစ်တာပေါ့။”ဂျပန်အစိုးရဘက်ကတော့ ဒီလှူဒါန်းမှုက လူမှုတည်ငြိမ်မှုကို ဖန်တီးပေးနိုင်ဖို့နဲ့ ပြည်သူ့လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်ရာမှာ ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ကြောင်း ပြောထားပါတယ်။ဂျပန်အစိုးရရဲ့ ကူညီထောက်ပံ့မှုအပေါ် HRW ရဲ့ ကန့်ကွက်ချက်နဲ့ ပတ်သက်ပြီး RFA က ရန်ကုန်မြို့မှာရှိတဲ့ ဂျပန်သံရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ ချက်ခြင်းမဖြေဆိုနိုင်သေးကြောင်းနဲ့ အီးမေးလ်ကတဆင့် တပတ်အတွင်း ဖြေဆိုပေးနိုင်မယ့်အကြောင်း တုံ့ပြန်ပါတယ်။ HRW ရဲ့ ဆက်သွယ်မေးမြန်းမှုအပေါ် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထားတာမှာတော့ ကူညီထောက်ပံ့ မှုတွေကို ထိန်းသိမ်းသုံးစွဲဖို့ ပြောထားသလို မြန်မာအစိုးရဘက်ကလည်း ရည်ရွယ်ချက်အတိုင်း ထိရောက်စွာ အသုံးပြုမယ်လို့ အတည်ပြုထားပြီး ဂျပန်သံရုံးအနေနဲ့ စောင့်ကြည့်သွားမယ်လို့ ပြောထားပါတယ်။ဂျပန်အစိုးရဘက်က စောင့်ကြည်မယ်လို့ ပြောပေမယ့် လက်တွေ့မှာ မလွယ်ကူနိုင်ဘူးလို့ ညီမျှခြင်းမြန်မာက အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။“လက်နက်ဝယ်ယူတပ်ဆင်တာခြင်းကို ခွင့်ပြုတာတော့ ကျွန်တော်တို့ လုံးဝ အားမပေးပါဘူး။ ဒါပေမဲ့ ကျန်သော သူ့ရဲ့ဆက်သွယ်မှု၊ တိုင်ကြားမှု ယန္တရား အဲဒါမျိုးကိစ္စမျိုးကို လုပ်ဆောင်နိုင်ရင်တော့ ဒါအကျိုး ရှိတယ်လို့ ကျွန်တော်ယူဆတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ ဒါဝယ်မယ်ပြပြီး နောက်တစ်နေရာ ရောက်သွားတဲ့ကိစ္စ။ ပေးသည့်တိုင်အောင် ကျွန်တော်တို့မှာ သံသယအများကြီး ဖြစ်နိုင်တဲ့အရာ စိုးရိမ်စရာ ဆက်ရှိနေပါတယ်။ ဂျပန်အစိုးရအနေနဲ့ ကူညီမယ် ပြီးရင် စောင့်ကြည့်မယ်ဆိုတာက အပြောလွယ်ပေမယ့် ခက်ခဲပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေက ဘယ်လောက်ထိ ခွင့်ပြုမှာလဲ။ ခွင့်ပြုမယ်ဆိုလို့ရှိရင်ကော ဘယ်လောက်ထိမှန်ကန်တဲ့ အရာမျိုးဖြစ်မှာလဲ။”HRW ရဲ့ ပြစ်တင်မှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ တပ်ဖွဲ့ရဲ့ သဘောထားကို သိရဖို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ရဲမှူးကြီး ကျော်သီဟကို မေးမြန်းဖို့ RFA က ကြိုးစားပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိတာကြောင့် စာပို့မေးမြန်းထားရာမှာ သူ့အနေနဲ့ ဒီအပေါ်မှာ သဘောထားမှတ်ချက်ပေးစရာမရှိကြောင်း စာနဲ့အကြောင်းပြန်လာပါတယ်။ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေထဲက ညွှန်ကြားရေးမှူးချုပ် ဦးခိုင်ထွန်းဦးကို မေးမြန်းဖို့ ကြိုးစားပေမယ့်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။HRW က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လူ့အခွင့်အရေးချိုးဖောက်တယ်လို့ ပြစ်တင်မှုတွေထဲမှာ ၂၀၁၇ ခုနှစ်က အင်းဒင် ကျေးရွာလူသတ်မှုကို Reuters သတင်းဌာနက စုံစမ်းထောက်လှမ်းသတင်း ရေးသားရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းသမားနှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းဆီးခဲ့တဲ့ အချက်ပါဝင်သလို ၂၀၂၀ ခုနှစ် ဧပြီလထဲ ကပ်ရောဂါ ပျံ့နှံ့ချိန် မန္တလေးမှာ ခွင့်ပြုချိန်ကျော်လွန်ပြီး အပြင်ထွက်ခဲ့တဲ့ လူတစ်ဦးကို ရဲတပ်ဖွဲ့က ရိုက်နှက်ခဲ့တဲ့ ဗီဒီယို မှတ်တမ်းအကြောင်းကိုလည်း ထည့်သွင်းထောက်ပြထားပါတယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယန်း သန်း၁၀၀ (အမေရိကန်ဒေါ်လာ ၉ ၃၀,၀၀၀) ကို လှူဒါန်းမယ်လို့ ၂၀၂၀ ဇူလိုင်လ ၂ ရက်နေ့မှာ ကြေညာထားတာ ဖြစ်ပါတယ်။- Unicode~~~~~~~~~~~~~~~ျမန္မာရဲတပ္ဖြဲ႕ကို ကူညီမႈရပ္ဆိုင္းဖို႔ ဂ်ပန္အစိုးရကို HRW တိုက္တြန္း~~~~~~မိုးျမင့္၊ ေဝမာထြန္း■ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ က်ဴးလြန္ေနၿပီး အရပ္သားအစိုးရရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာမရွိတဲ့ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ကို ကူညီေထာက္ပံ့မယ့္ အစီအစဥ္ကို ဂ်ပန္အစိုးရဘက္က ခ်က္ခ်င္းဖ်က္သိမ္းသင့္တယ္လို႔ နယူးေယာက္ ၿမိဳ႕ အေျခစိုက္ လူ႔အခြင့္အေရးေစာင့္ၾကည့္အဖြဲ႕ Human Rights Watch က ဒီေန႔ ဇူလိုင္ ၂၃ ရက္မွာ တိုက္တြန္း လိုက္ပါတယ္။ရခိုင္ျပည္နယ္ပဋိပကၡအတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြအပါအဝင္ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ပြားေနခ်ိန္ကာလ အထိ ရဲတပ္ဖြဲ႕ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ေထာက္ျပၿပီး ဂ်ပန္အစိုးရက ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကို ေမာ္ေတာ္ယာဥ္နဲ႔ ဆက္သြယ္ေရးသုံးပစၥည္းေတြဝယ္ယူဖို႔ အေမရိကန္ေဒၚလာ ကိုးသိန္းသုံးေသာင္း လႉဒါန္းမယ့္ အစီအစဥ္ကို ဖ်က္သိမ္းဖို႔ HRW က တိုက္တြန္းေတာင္းဆိုလိုက္တာျဖစ္ပါတယ္။လူ႔အခြင့္အေရး ေစာင့္ၾကည့္မႈအဖြဲ႕ HRW ရဲ႕ အာရွေရးရာ လက္ေထာက္ၫႊန္ၾကားေရးမႉး Phil Robertson က ျမန္မာရဲတပ္ဖြဲ႕ဟာ လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူေတြသာမက ရခိုင္ျပည္နယ္ထဲက ရခိုင္တိုင္းရင္းသား ေတြနဲ႔ ႐ိုဟင္ဂ်ာေတြအေပၚမွာပါ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ အမ်ားႀကီးလုပ္ထားတာေၾကာင့္ ဂ်ပန္အေနနဲ႔ မေပးသင့္ဘူးလို႔ ေထာက္ျပပါတယ္။"ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြမွာ ပါဝင္ပတ္သက္ေနတာဟာ ကာလၾကာပါၿပီ။ ျမန္မာ့တပ္မေတာ္ရဲ႕ ယႏၲရားတစ္ခုအျဖစ္ရွိေနတာ၊ တပ္မေတာ္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာရွိေနတာ၊ ေနာက္ ၿပီး ျပည္ထဲေရးဝန္ႀကီးဌာနဟာလည္း အၾကမ္းဖက္ေဆာင္႐ြက္မႈေတြမွာ ဆက္တိုက္ပါဝင္ေနခဲ့တာ၊ ဆႏၵျပ သူေတြကို ႏွိမ္နင္းရာမွာသာမဟုတ္ဘဲ ၿငိမ္းခ်မ္းစြာ ႏိုင္ငံေရးလႈပ္ရွားေနတဲ့သူေတြ၊ တိုင္းရင္းသားလူနည္းစု ေတြကိုပါ အၾကမ္းဖက္ေဆာင္႐ြက္ေလ့ရွိပါတယ္။ နယ္ျခားေစာင့္တပ္အေနနဲ႔လည္း နယ္စပ္ေတြမွာ ႐ိုဟင္ဂ်ာ ေတြနဲ႔ ရခိုင္ကိစၥေတြမွာ ပါဝင္ေနသလို သတင္းေထာက္ေတြကို ေထာင္ေခ်ာက္ဆင္ၿပီးေတာ့ ဖမ္းခဲ့တာလည္း ရဲတပ္ဖြဲ႕ပဲျဖစ္ပါတယ္။ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ အမ်ားႀကီး ျမင္ေတြ႕ခဲ့ရဖူးပါတယ္။"တကယ္လို႔ ဂ်ပန္အစိုးရက ဒီတိုက္တြန္းခ်က္ကို လ်စ္လ်ဴရႈၿပီး ျမန္မာရဲတပ္ဖြဲ႕ကို ေထာက္ပံ့ေပးခဲ့မယ္ဆိုရင္ ဂ်ပန္အစိုးရဟာ ကိုယ့္စကားကို ကတိမတည္တဲ့ အစိုးရျဖစ္မယ္လို႔လည္း Phil Robertson က ဆက္ေျပာပါတယ္။ျမန္မာ့တပ္မေတာ္ေရာ၊ ရဲတပ္ဖြဲ႕ကို ႏိုင္ငံတကာ အဖြဲ႕အစည္းႀကီးေတြက ေငြေၾကးေထာက္ပံ့တာေတြ ရပ္မသြား တဲ့အေပၚ ဘာေၾကာင့္လို႔ ထင္ပါသလဲလို႔ RFA က ေမးတဲ့အခါ၊ ဂ်ပန္ဟာ ျမန္မာနဲ႔ ႏွစ္ႏိုင္ငံခ်င္းဆက္ဆံေရးမွာ ပိုလႊမ္းမိုးႏိုင္ဖို႔ ေငြေၾကးဓနသုံးစြဲတဲ့ ႏိုင္ငံျခားေရးမူဝါဒကို က်င့္သုံးေနတယ္လို႔ ေဝဖန္ပါတယ္။“ဂ်ပန္အစိုးရက သူတို႔အေနနဲ႔ အာရွပစိဖိတ္ေဒသတြင္းက အစိုးရေတြရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို စိုးရိမ္တယ္လို႔ ထုတ္ေျပာဖူးပါတယ္။ ၿပီးေတာ့ သူတို႔ရဲ႕ ႏိုင္ငံျခားေရးမူဝါဒမွာလည္း လူ႔အခြင့္အေရးဟာ အေၾကာင္းအရာတစ္ခုအျဖစ္ ပါဝင္တယ္လို႔လည္း ေျပာထားတာရွိပါတယ္။ ၿပီးေတာ့ ႏိုင္ငံျခား အေထာက္အပံ့ အကူအညီေပးေရးကိစၥေတြမွာ လူ႔အခြင့္အေရးစံႏႈန္းေတြနဲ႔အညီ ေပးတယ္ဆိုၿပီးေတာ့လည္းေျပာပါတယ္။ တကယ္လို႔ ဒီေထာက္ပံ့မႈေတြကို ျမန္မာကိုသာေပးမယ္ဆိုရင္ ဂ်ပန္အစိုးရရဲ႕ေျပာစကားဟာ လက္ေတြ႕နဲ႔ အလုပ္ မကိုက္ညီဘူးဆိုတာ ေပၚလာပါလိမ့္မယ္။ ဂ်ပန္ကေတာ့ သူတို႔လူ႔အခြင့္အေရးကို ဂ႐ုစိုက္တယ္ဆိုၿပီး ေျပာေပမယ့္ တကယ့္လက္ေတြ႕က သူတို႔စိတ္ဝင္စားေနတာ လက္ေတြ႕ႏိုင္ငံေရးကစားပြဲေတြနဲ႔ ျမန္မာအစိုးရအေပၚ ဘယ္လိုလႊမ္းမိုးရမလဲဆိုတဲ့ ဟာေတြပဲျဖစ္ပါတယ္။ သူတို႔လူ႔အခြင့္အေရးကို ဂ႐ုမစိုက္ပါဘူး။”ေနာက္ပိုင္းမွာ ရဲတပ္ဖြဲ႕ဝင္ေတြကို တိုက္႐ိုက္သင္တန္းေပးတဲ့ ဘယ္အဖြဲ႕အစည္းမဆို၊ ဥပမာ ဥေရာပသမဂၢ EU လိုအဖြဲ႕အစည္းေတြကိုပါ HRW က ရႈတ္ခ်သြားဖို႔ရွိတယ္လို႔လည္း သူက ဆက္ေျပာပါတယ္။ရဲတပ္ဖြဲ႕ဟာ အရပ္သားအစိုးရရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာမရွိဘဲ တပ္မေတာ္ရဲ႕ ထိန္းခ်ဳပ္ေထာက္ပံ့မႈနဲ႔ လည္ပတ္ ေနတာျဖစ္ၿပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္ခဲ့မႈ မွတ္တမ္းေတြ ခိုင္ခိုင္လုံလုံရွိေနတယ္လို႔ HRW က ဆိုပါတယ္။HRW က ရဲတပ္ဖြဲ႕အေနနဲ႔ လူ႔အခြင့္အေရးက်ဴးလြန္မႈေတြ ေဆာင္႐ြက္ခဲ့တယ္လို႔ စြပ္စြဲျပစ္တင္တဲ့အခ်က္ေတြထဲမွာ စစ္အုပ္ခ်ဳပ္ေရးကာလက အစိုးရနဲ႔ ဆန႔္က်င္တဲ့ ေက်ာင္းသားေတြကို ဖမ္းဆီးႏွိပ္စက္ခဲ့တာ၊ ႐ိုဟင္ဂ်ာေတြအေပၚ ရာဇဝတ္မႈေတြ က်ဴးလြန္ခဲ့တာ၊ နယ္ေျမရွင္းလင္းေရးေတြကို တပ္မေတာ္နဲ႔ ပူးေပါင္းေဆာင္႐ြက္ခဲ့တာ၊ အဲဒီ စစ္ဆင္ေရးေတြမွာ ႐ြာေတြမီးရႈိ႕ခံရတာ၊ လူေတြအစုလိုက္အၿပဳံလိုက္ အသတ္ခံရတာ၊ အမ်ိဳးသမီးေတြ အဓမၼ ျပဳက်င့္ခံရတာေတြ ပါဝင္တယ္လို႔ဆိုပါတယ္။ဒါေၾကာင့္ ျပည္ထဲေရးဝန္ႀကီးဌာနအပါအဝင္ တပ္မေတာ္က ထိန္းခ်ဳပ္ထားတဲ့ ဝန္ႀကီးဌာနေတြနဲ႔ အဖြဲ႕ အစည္းအားလုံးကို ဂ်ပန္ႏိုင္ငံက ကူညီေထာက္ပံ့တာေတြ အားလုံးကို ရပ္ဆိုင္းသင့္တယ္လို႔ HRW က တိုက္တြန္းလိုက္ပါတယ္။ဆႏၵျပမႈေၾကာင့္ ရဲတပ္ဖြဲ႕ရဲ႕ ဖမ္းဆီးေထာင္ခ်မႈခံခဲ့ရတဲ့ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္က ကိုမင္းေသြးသစ္ က HRW ရဲ႕ တိုက္တြန္းခ်က္ကို ေထာက္ခံပါတယ္။“ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕သည္ အရပ္သားအစိုးရရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာ မရွိဘူး။ စစ္တပ္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာရွိၿပီးေတာ့ စစ္တပ္က အလုံးစုံ authority ေပးေနတာျဖစ္တယ္။ ႏိုင္ငံတကာက ဘယ္လိုအကူအညီမ်ိဳးပဲလာလာ ေနာက္ဆုံး လူသားခ်င္းစာနာတဲ့ အကူအညီပဲ ျဖစ္ပါေစဦးေတာ့ ေ႐ြးေကာက္ တင္ေျမႇာက္ထားတဲ့ အရပ္သားအစိုးရအေနနဲ႔က သူတို႔ကို ဘယ္လိုမွ ထိန္းခ်ဳပ္လို႔ မရတဲ့အခါ ဒီအကူအညီ ေတြသည္ ရဲတပ္ဖြဲ႕လက္ထဲေရာက္တဲ့အခါ အဆိပ္ပင္ေရေလာင္းသလို ျဖစ္ေနမွာပဲ။”ဒုရဲမႉးေဟာင္း မိုးရန္ႏိုင္ ကေတာ့ အရပ္သားအစိုးရရဲ႕ ထိန္းခ်ဳပ္မႈေအာက္ကို အျပည့္အဝေရာက္မွ ရဲတပ္ဖြဲ႕ကို ေထာက္ပံ့မႈေပးမယ္ဆိုတာ မျဖစ္သင့္ဘဲ ၾကားကာလမွာ ျပဳျပင္ေျပာင္းလဲေရးေတြ လုပ္ေဆာင္ဖို႔ ႏိုင္ငံတကာ အကူအညီေတြ ရသင့္တယ္လို႔ ယူဆပါတယ္။“ရဲတပ္ဖြဲ႕အေနနဲ႔ ရသင့္တာေပါ့။ ရမယ္ဆိုပိုေကာင္းတာေပါ့ ရသင့္တယ္ဆိုတာထပ္။ ဒါဆိုလို႔ရွိရင္ေတာ့ ရဲတပ္ဖြဲ႕ကို အေထာက္အကူအမ်ားႀကီး ျဖစ္ေစတယ္ေပါ့။ ရဲတပ္ဖြဲ႕က အရပ္သားအစိုးရေအာက္ေရာက္မွ ေထာက္ပံ့မယ္ဆိုတာမ်ိဳးကေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ သိပ္မႀကိဳက္ဘူးေပါ့ဗ်ာ။ ေျပာခ်င္တဲ့ သေဘာက ဘာေၾကာင့္လဲဆိုေတာ့ ဒီအရပ္သားအစိုးရ ေအာက္ေရာက္မယ္ဆိုတာ ဘယ္ေတာ့မွန္းမွ ေျပာမရတာ။ ၾကားထဲမွာေတာ့ အေထာက္အပံ့ရလို႔ရွိရင္ ရဲတပ္ဖြဲ႕ျပဳျပင္ေျပာင္းလဲေရးအတြက္ အမ်ားႀကီး အေထာက္အကူျဖစ္တာေပါ့။”ဂ်ပန္အစိုးရဘက္ကေတာ့ ဒီလႉဒါန္းမႈက လူမႈတည္ၿငိမ္မႈကို ဖန္တီးေပးႏိုင္ဖို႔နဲ႔ ျပည္သူ႔လုံၿခဳံေရးကိစၥေတြကို ေဆာင္႐ြက္ရာမွာ ရဲတပ္ဖြဲ႕ရဲ႕ စြမ္းေဆာင္ရည္ကို ျမႇင့္တင္ေပးႏိုင္ဖို႔ ရည္႐ြယ္ေၾကာင္း ေျပာထားပါတယ္။ဂ်ပန္အစိုးရရဲ႕ ကူညီေထာက္ပံ့မႈအေပၚ HRW ရဲ႕ ကန႔္ကြက္ခ်က္နဲ႔ ပတ္သက္ၿပီး RFA က ရန္ကုန္ၿမိဳ႕မွာရွိတဲ့ ဂ်ပန္သံ႐ုံးကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ခ်က္ျခင္းမေျဖဆိုႏိုင္ေသးေၾကာင္းနဲ႔ အီးေမးလ္ကတဆင့္ တပတ္အတြင္း ေျဖဆိုေပးႏိုင္မယ့္အေၾကာင္း တုံ႔ျပန္ပါတယ္။ HRW ရဲ႕ ဆက္သြယ္ေမးျမန္းမႈအေပၚ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တုံ႔ျပန္ထားတာမွာေတာ့ ကူညီေထာက္ပံ့ မႈေတြကို ထိန္းသိမ္းသုံးစြဲဖို႔ ေျပာထားသလို ျမန္မာအစိုးရဘက္ကလည္း ရည္႐ြယ္ခ်က္အတိုင္း ထိေရာက္စြာ အသုံးျပဳမယ္လို႔ အတည္ျပဳထားၿပီး ဂ်ပန္သံ႐ုံးအေနနဲ႔ ေစာင့္ၾကည့္သြားမယ္လို႔ ေျပာထားပါတယ္။ဂ်ပန္အစိုးရဘက္က ေစာင့္ၾကည္မယ္လို႔ ေျပာေပမယ့္ လက္ေတြ႕မွာ မလြယ္ကူႏိုင္ဘူးလို႔ ညီမွ်ျခင္းျမန္မာက အမႈေဆာင္ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းက သုံးသပ္ပါတယ္။“လက္နက္ဝယ္ယူတပ္ဆင္တာျခင္းကို ခြင့္ျပဳတာေတာ့ ကြၽန္ေတာ္တို႔ လုံးဝ အားမေပးပါဘူး။ ဒါေပမဲ့ က်န္ေသာ သူ႔ရဲ႕ဆက္သြယ္မႈ၊ တိုင္ၾကားမႈ ယႏၲရား အဲဒါမ်ိဳးကိစၥမ်ိဳးကို လုပ္ေဆာင္ႏိုင္ရင္ေတာ့ ဒါအက်ိဳး ရွိတယ္လို႔ ကြၽန္ေတာ္ယူဆတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ တိုင္းျပည္မွာ ဒါဝယ္မယ္ျပၿပီး ေနာက္တစ္ေနရာ ေရာက္သြားတဲ့ကိစၥ။ ေပးသည့္တိုင္ေအာင္ ကြၽန္ေတာ္တို႔မွာ သံသယအမ်ားႀကီး ျဖစ္ႏိုင္တဲ့အရာ စိုးရိမ္စရာ ဆက္ရွိေနပါတယ္။ ဂ်ပန္အစိုးရအေနနဲ႔ ကူညီမယ္ ၿပီးရင္ ေစာင့္ၾကည့္မယ္ဆိုတာက အေျပာလြယ္ေပမယ့္ ခက္ခဲပါတယ္။ လက္နက္ကိုင္တပ္ဖြဲ႕ေတြက ဘယ္ေလာက္ထိ ခြင့္ျပဳမွာလဲ။ ခြင့္ျပဳမယ္ဆိုလို႔ရွိရင္ေကာ ဘယ္ေလာက္ထိမွန္ကန္တဲ့ အရာမ်ိဳးျဖစ္မွာလဲ။”HRW ရဲ႕ ျပစ္တင္မႈေတြနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံရဲ တပ္ဖြဲ႕ရဲ႕ သေဘာထားကို သိရဖို႔ ျပည္ထဲေရးဝန္ႀကီးဌာနရဲ႕ ေျပာေရးဆိုခြင့္ရွိသူျဖစ္တဲ့ ရဲမႉးႀကီး ေက်ာ္သီဟကို ေမးျမန္းဖို႔ RFA က ႀကိဳးစားေပမယ့္ ဖုန္းလက္ခံေျဖၾကားျခင္း မရွိတာေၾကာင့္ စာပို႔ေမးျမန္းထားရာမွာ သူ႔အေနနဲ႔ ဒီအေပၚမွာ သေဘာထားမွတ္ခ်က္ေပးစရာမရွိေၾကာင္း စာနဲ႔အေၾကာင္းျပန္လာပါတယ္။ျပည္ထဲေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူေတြထဲက ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခိုင္ထြန္းဦးကို ေမးျမန္းဖို႔ ႀကိဳးစားေပမယ့္လည္း ဖုန္းလက္ခံေျဖၾကားျခင္း မရွိပါဘူး။HRW က ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကို လူ႔အခြင့္အေရးခ်ိဳးေဖာက္တယ္လို႔ ျပစ္တင္မႈေတြထဲမွာ ၂၀၁၇ ခုႏွစ္က အင္းဒင္ ေက်း႐ြာလူသတ္မႈကို Reuters သတင္းဌာနက စုံစမ္းေထာက္လွမ္းသတင္း ေရးသားရာမွာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းသမားႏွစ္ဦးကို ေထာင္ေခ်ာက္ဆင္ဖမ္းဆီးခဲ့တဲ့ အခ်က္ပါဝင္သလို ၂၀၂၀ ခုႏွစ္ ဧၿပီလထဲ ကပ္ေရာဂါ ပ်ံ႕ႏွံ႔ခ်ိန္ မႏၲေလးမွာ ခြင့္ျပဳခ်ိန္ေက်ာ္လြန္ၿပီး အျပင္ထြက္ခဲ့တဲ့ လူတစ္ဦးကို ရဲတပ္ဖြဲ႕က ႐ိုက္ႏွက္ခဲ့တဲ့ ဗီဒီယို မွတ္တမ္းအေၾကာင္းကိုလည္း ထည့္သြင္းေထာက္ျပထားပါတယ္။ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကို ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ယန်း သန္း၁၀၀ (အေမရိကန္ေဒၚလာ ၉ ၃၀,၀၀၀) ကို လႉဒါန္းမယ္လို႔ ၂၀၂၀ ဇူလိုင္လ ၂ ရက္ေန႔မွာ ေၾကညာထားတာ ျဖစ္ပါတယ္။- Zawgyi~~~~~~~~~~~~~~~

Posted by RFA Burmese on Thursday, July 23, 2020

မြန်မာရဲတပ်ဖွဲ့ကို ကူညီမှုရပ်ဆိုင်းဖို့ ဂျပန်အစိုးရကို HRW တိုက်တွန်း

လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေပြီး အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာမရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ကူညီထောက်ပံ့မယ့် အစီအစဉ်ကို ဂျပန်အစိုးရဘက်က ချက်ချင်းဖျက်သိမ်းသင့်တယ်လို့ နယူးယောက် မြို့ အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ဒီနေ့ ဇူလိုင် ၂၃ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်ပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေအပါအဝင် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနေချိန်ကာလ အထိ ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပြပြီး ဂျပန်အစိုးရက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို မော်တော်ယာဉ်နဲ့ ဆက်သွယ်ရေးသုံးပစ္စည်းတွေဝယ်ယူဖို့ အမေရိကန်ဒေါ်လာ ကိုးသိန်းသုံးသောင်း လှူဒါန်းမယ့် အစီအစဉ်ကို ဖျက်သိမ်းဖို့ HRW က တိုက်တွန်းတောင်းဆိုလိုက်တာဖြစ်ပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ HRW ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က မြန်မာရဲတပ်ဖွဲ့ဟာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေသာမက ရခိုင်ပြည်နယ်ထဲက ရခိုင်တိုင်းရင်းသား တွေနဲ့ ရိုဟင်ဂျာတွေအပေါ်မှာပါ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးလုပ်ထားတာကြောင့် ဂျပန်အနေနဲ့ မပေးသင့်ဘူးလို့ ထောက်ပြပါတယ်။

“မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတာဟာ ကာလကြာပါပြီ။ မြန်မာ့တပ်မတော်ရဲ့ ယန္တရားတစ်ခုအဖြစ်ရှိနေတာ၊ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတာ၊ နောက် ပြီး ပြည်ထဲရေးဝန်ကြီးဌာနဟာလည်း အကြမ်းဖက်ဆောင်ရွက်မှုတွေမှာ ဆက်တိုက်ပါဝင်နေခဲ့တာ၊ ဆန္ဒပြ သူတွေကို နှိမ်နင်းရာမှာသာမဟုတ်ဘဲ ငြိမ်းချမ်းစွာ နိုင်ငံရေးလှုပ်ရှားနေတဲ့သူတွေ၊ တိုင်းရင်းသားလူနည်းစု တွေကိုပါ အကြမ်းဖက်ဆောင်ရွက်လေ့ရှိပါတယ်။ နယ်ခြားစောင့်တပ်အနေနဲ့လည်း နယ်စပ်တွေမှာ ရိုဟင်ဂျာ တွေနဲ့ ရခိုင်ကိစ္စတွေမှာ ပါဝင်နေသလို သတင်းထောက်တွေကို ထောင်ချောက်ဆင်ပြီးတော့ ဖမ်းခဲ့တာလည်း ရဲတပ်ဖွဲ့ပဲဖြစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီး မြင်တွေ့ခဲ့ရဖူးပါတယ်။”

တကယ်လို့ ဂျပန်အစိုးရက ဒီတိုက်တွန်းချက်ကို လျစ်လျူရှုပြီး မြန်မာရဲတပ်ဖွဲ့ကို ထောက်ပံ့ပေးခဲ့မယ်ဆိုရင် ဂျပန်အစိုးရဟာ ကိုယ့်စကားကို ကတိမတည်တဲ့ အစိုးရဖြစ်မယ်လို့လည်း Phil Robertson က ဆက်ပြောပါတယ်။

မြန်မာ့တပ်မတော်ရော၊ ရဲတပ်ဖွဲ့ကို နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေက ငွေကြေးထောက်ပံ့တာတွေ ရပ်မသွား တဲ့အပေါ် ဘာကြောင့်လို့ ထင်ပါသလဲလို့ RFA က မေးတဲ့အခါ၊ ဂျပန်ဟာ မြန်မာနဲ့ နှစ်နိုင်ငံချင်းဆက်ဆံရေးမှာ ပိုလွှမ်းမိုးနိုင်ဖို့ ငွေကြေးဓနသုံးစွဲတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေတယ်လို့ ဝေဖန်ပါတယ်။

“ဂျပန်အစိုးရက သူတို့အနေနဲ့ အာရှပစိဖိတ်ဒေသတွင်းက အစိုးရတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စိုးရိမ်တယ်လို့ ထုတ်ပြောဖူးပါတယ်။ ပြီးတော့ သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒမှာလည်း လူ့အခွင့်အရေးဟာ အကြောင်းအရာတစ်ခုအဖြစ် ပါဝင်တယ်လို့လည်း ပြောထားတာရှိပါတယ်။ ပြီးတော့ နိုင်ငံခြား အထောက်အပံ့ အကူအညီပေးရေးကိစ္စတွေမှာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီ ပေးတယ်ဆိုပြီးတော့လည်းပြောပါတယ်။

တကယ်လို့ ဒီထောက်ပံ့မှုတွေကို မြန်မာကိုသာပေးမယ်ဆိုရင် ဂျပန်အစိုးရရဲ့ပြောစကားဟာ လက်တွေ့နဲ့ အလုပ် မကိုက်ညီဘူးဆိုတာ ပေါ်လာပါလိမ့်မယ်။ ဂျပန်ကတော့ သူတို့လူ့အခွင့်အရေးကို ဂရုစိုက်တယ်ဆိုပြီး ပြောပေမယ့် တကယ့်လက်တွေ့က သူတို့စိတ်ဝင်စားနေတာ လက်တွေ့နိုင်ငံရေးကစားပွဲတွေနဲ့ မြန်မာအစိုးရအပေါ် ဘယ်လိုလွှမ်းမိုးရမလဲဆိုတဲ့ ဟာတွေပဲဖြစ်ပါတယ်။ သူတို့လူ့အခွင့်အရေးကို ဂရုမစိုက်ပါဘူး။”

နောက်ပိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ရိုက်သင်တန်းပေးတဲ့ ဘယ်အဖွဲ့အစည်းမဆို၊ ဥပမာ ဥရောပသမဂ္ဂ EU လိုအဖွဲ့အစည်းတွေကိုပါ HRW က ရှုတ်ချသွားဖို့ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ရဲတပ်ဖွဲ့ဟာ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာမရှိဘဲ တပ်မတော်ရဲ့ ထိန်းချုပ်ထောက်ပံ့မှုနဲ့ လည်ပတ် နေတာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်ခဲ့မှု မှတ်တမ်းတွေ ခိုင်ခိုင်လုံလုံရှိနေတယ်လို့ HRW က ဆိုပါတယ်။

HRW က ရဲတပ်ဖွဲ့အနေနဲ့ လူ့အခွင့်အရေးကျူးလွန်မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲပြစ်တင်တဲ့အချက်တွေထဲမှာ စစ်အုပ်ချုပ်ရေးကာလက အစိုးရနဲ့ ဆန့်ကျင်တဲ့ ကျောင်းသားတွေကို ဖမ်းဆီးနှိပ်စက်ခဲ့တာ၊ ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာ၊ နယ်မြေရှင်းလင်းရေးတွေကို တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ၊ အဲဒီ စစ်ဆင်ရေးတွေမှာ ရွာတွေမီးရှို့ခံရတာ၊ လူတွေအစုလိုက်အပြုံလိုက် အသတ်ခံရတာ၊ အမျိုးသမီးတွေ အဓမ္မ ပြုကျင့်ခံရတာတွေ ပါဝင်တယ်လို့ဆိုပါတယ်။

ဒါကြောင့် ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် တပ်မတော်က ထိန်းချုပ်ထားတဲ့ ဝန်ကြီးဌာနတွေနဲ့ အဖွဲ့ အစည်းအားလုံးကို ဂျပန်နိုင်ငံက ကူညီထောက်ပံ့တာတွေ အားလုံးကို ရပ်ဆိုင်းသင့်တယ်လို့ HRW က တိုက်တွန်းလိုက်ပါတယ်။

ဆန္ဒပြမှုကြောင့် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထောင်ချမှုခံခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကိုမင်းသွေးသစ် က HRW ရဲ့ တိုက်တွန်းချက်ကို ထောက်ခံပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိဘူး။ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီးတော့ စစ်တပ်က အလုံးစုံ authority ပေးနေတာဖြစ်တယ်။ နိုင်ငံတကာက ဘယ်လိုအကူအညီမျိုးပဲလာလာ နောက်ဆုံး လူသားချင်းစာနာတဲ့ အကူအညီပဲ ဖြစ်ပါစေဦးတော့ ရွေးကောက် တင်မြှောက်ထားတဲ့ အရပ်သားအစိုးရအနေနဲ့က သူတို့ကို ဘယ်လိုမှ ထိန်းချုပ်လို့ မရတဲ့အခါ ဒီအကူအညီ တွေသည် ရဲတပ်ဖွဲ့လက်ထဲရောက်တဲ့အခါ အဆိပ်ပင်ရေလောင်းသလို ဖြစ်နေမှာပဲ။”

ဒုရဲမှူးဟောင်း မိုးရန်နိုင် ကတော့ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို အပြည့်အဝရောက်မှ ရဲတပ်ဖွဲ့ကို ထောက်ပံ့မှုပေးမယ်ဆိုတာ မဖြစ်သင့်ဘဲ ကြားကာလမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ နိုင်ငံတကာ အကူအညီတွေ ရသင့်တယ်လို့ ယူဆပါတယ်။

“ရဲတပ်ဖွဲ့အနေနဲ့ ရသင့်တာပေါ့။ ရမယ်ဆိုပိုကောင်းတာပေါ့ ရသင့်တယ်ဆိုတာထပ်။ ဒါဆိုလို့ရှိရင်တော့ ရဲတပ်ဖွဲ့ကို အထောက်အကူအများကြီး ဖြစ်စေတယ်ပေါ့။ ရဲတပ်ဖွဲ့က အရပ်သားအစိုးရအောက်ရောက်မှ ထောက်ပံ့မယ်ဆိုတာမျိုးကတော့ ကျွန်တော်တို့အနေနဲ့ကတော့ သိပ်မကြိုက်ဘူးပေါ့ဗျာ။ ပြောချင်တဲ့ သဘောက ဘာကြောင့်လဲဆိုတော့ ဒီအရပ်သားအစိုးရ အောက်ရောက်မယ်ဆိုတာ ဘယ်တော့မှန်းမှ ပြောမရတာ။ ကြားထဲမှာတော့ အထောက်အပံ့ရလို့ရှိရင် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအတွက် အများကြီး အထောက်အကူဖြစ်တာပေါ့။”

ဂျပန်အစိုးရဘက်ကတော့ ဒီလှူဒါန်းမှုက လူမှုတည်ငြိမ်မှုကို ဖန်တီးပေးနိုင်ဖို့နဲ့ ပြည်သူ့လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်ရာမှာ ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ကြောင်း ပြောထားပါတယ်။

ဂျပန်အစိုးရရဲ့ ကူညီထောက်ပံ့မှုအပေါ် HRW ရဲ့ ကန့်ကွက်ချက်နဲ့ ပတ်သက်ပြီး RFA က ရန်ကုန်မြို့မှာရှိတဲ့ ဂျပန်သံရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ ချက်ခြင်းမဖြေဆိုနိုင်သေးကြောင်းနဲ့ အီးမေးလ်ကတဆင့် တပတ်အတွင်း ဖြေဆိုပေးနိုင်မယ့်အကြောင်း တုံ့ပြန်ပါတယ်။

HRW ရဲ့ ဆက်သွယ်မေးမြန်းမှုအပေါ် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထားတာမှာတော့ ကူညီထောက်ပံ့ မှုတွေကို ထိန်းသိမ်းသုံးစွဲဖို့ ပြောထားသလို မြန်မာအစိုးရဘက်ကလည်း ရည်ရွယ်ချက်အတိုင်း ထိရောက်စွာ အသုံးပြုမယ်လို့ အတည်ပြုထားပြီး ဂျပန်သံရုံးအနေနဲ့ စောင့်ကြည့်သွားမယ်လို့ ပြောထားပါတယ်။

ဂျပန်အစိုးရဘက်က စောင့်ကြည်မယ်လို့ ပြောပေမယ့် လက်တွေ့မှာ မလွယ်ကူနိုင်ဘူးလို့ ညီမျှခြင်းမြန်မာက အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

“လက်နက်ဝယ်ယူတပ်ဆင်တာခြင်းကို ခွင့်ပြုတာတော့ ကျွန်တော်တို့ လုံးဝ အားမပေးပါဘူး။ ဒါပေမဲ့ ကျန်သော သူ့ရဲ့ဆက်သွယ်မှု၊ တိုင်ကြားမှု ယန္တရား အဲဒါမျိုးကိစ္စမျိုးကို လုပ်ဆောင်နိုင်ရင်တော့ ဒါအကျိုး ရှိတယ်လို့ ကျွန်တော်ယူဆတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ ဒါဝယ်မယ်ပြပြီး နောက်တစ်နေရာ ရောက်သွားတဲ့ကိစ္စ။ ပေးသည့်တိုင်အောင် ကျွန်တော်တို့မှာ သံသယအများကြီး ဖြစ်နိုင်တဲ့အရာ စိုးရိမ်စရာ ဆက်ရှိနေပါတယ်။ ဂျပန်အစိုးရအနေနဲ့ ကူညီမယ် ပြီးရင် စောင့်ကြည့်မယ်ဆိုတာက အပြောလွယ်ပေမယ့် ခက်ခဲပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေက ဘယ်လောက်ထိ ခွင့်ပြုမှာလဲ။ ခွင့်ပြုမယ်ဆိုလို့ရှိရင်ကော ဘယ်လောက်ထိမှန်ကန်တဲ့ အရာမျိုးဖြစ်မှာလဲ။”

HRW ရဲ့ ပြစ်တင်မှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ တပ်ဖွဲ့ရဲ့ သဘောထားကို သိရဖို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ရဲမှူးကြီး ကျော်သီဟကို မေးမြန်းဖို့ RFA က ကြိုးစားပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိတာကြောင့် စာပို့မေးမြန်းထားရာမှာ သူ့အနေနဲ့ ဒီအပေါ်မှာ သဘောထားမှတ်ချက်ပေးစရာမရှိကြောင်း စာနဲ့အကြောင်းပြန်လာပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေထဲက ညွှန်ကြားရေးမှူးချုပ် ဦးခိုင်ထွန်းဦးကို မေးမြန်းဖို့ ကြိုးစားပေမယ့်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

HRW က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လူ့အခွင့်အရေးချိုးဖောက်တယ်လို့ ပြစ်တင်မှုတွေထဲမှာ ၂၀၁၇ ခုနှစ်က အင်းဒင် ကျေးရွာလူသတ်မှုကို Reuters သတင်းဌာနက စုံစမ်းထောက်လှမ်းသတင်း ရေးသားရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းသမားနှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းဆီးခဲ့တဲ့ အချက်ပါဝင်သလို ၂၀၂၀ ခုနှစ် ဧပြီလထဲ ကပ်ရောဂါ ပျံ့နှံ့ချိန် မန္တလေးမှာ ခွင့်ပြုချိန်ကျော်လွန်ပြီး အပြင်ထွက်ခဲ့တဲ့ လူတစ်ဦးကို ရဲတပ်ဖွဲ့က ရိုက်နှက်ခဲ့တဲ့ ဗီဒီယို မှတ်တမ်းအကြောင်းကိုလည်း ထည့်သွင်းထောက်ပြထားပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယန်း သန်း၁၀၀ (အမေရိကန်ဒေါ်လာ ၉ ၃၀,၀၀၀) ကို လှူဒါန်းမယ်လို့ ၂၀၂၀ ဇူလိုင်လ ၂ ရက်နေ့မှာ ကြေညာထားတာ ဖြစ်ပါတယ်။