About Equality Myanmar
This author has not written his bio yet.
But we are proud to say that Equality Myanmar contributed 168 entries already.
Entries by Equality Myanmar
“အမုန်းစကားဆိုင်ရာအခြေအနေများအား စောင့်ကြည့်လေ့လာခြင်းနှင့် အစီရင်ခံတင်ပြခြင်းသင်တန်း”
ဤသင်တန်းကို Tides Foundation ၏ ရန်ပုံငွေထောက်ပံ့ မှုဖြင့် ညီမျှခြင်းမြန်မာက စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောင်နေပါသည်။ ထိုဒေသများရှိ ဒေသဆိုင်ရာအမုန်းစကားလျှော့ချရေး ကွန်ယက် အဖွဲ့ဝင်များကို ပေးအပ်သည့် ၄ ရက်တာ သင်တန်းဖြစ်ပါသည်။ သင်တန်းရည်ရွယ်ချက်မှာ အမုန်းစကားဆိုင်ရာ အဆင့် သတ်မှတ်ချက်များကို နားလည် လာစေရန်၊ ဒေသအတွင်း အမုန်းစကားဖန်တီးမှု၊ အကြမ်းဖက်လှုံ့ဆော်မှုများ ကာကွယ် တားဆီးရာတွင် အစိုးရနှင့်ပြည်သူများ၏ အရေးပါမှုများကို သိရှိလာစေရန်နှင့် အမုန်းစကား များ တုံ့ပြန်ဆောင်ရွက်သည့် နည်းလမ်းများကို သိရှိလာစေရန် ဖြစ်ပါသည်။ “ဒီသင်တန်းကရရှိခဲ့တဲ့ အသိပညာ ဗဟုသုတတွေကို အမုန်းစကား လျှော့ချ ပပျောက်ရေး အတွက် ပြည်သူတွေ အသိပညာဖြန့်ဝေခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း လုပ်ငန်းတွေ ချိတ်ဆက် လုပ်ဆောင်သွားမယ်”လို့ မြဝတီမြို့အခြေစိုက် Phoenix […]
စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သော လူ့အခွင့်အရေးသင်တန်းနှင့် ဟောပြောပွဲ
ညီမျှခြင်းမြန်မာအဖွဲ့က ဦးစီးပြီး စက်တင်ဘာလအတွင်း အွန်လိုင်းကတဆင့်ပြုလုပ်ကျင်းပခဲ့သော အခြေခံလူ့အခွင့်အရေး သင်တန်းနှင့် လူ့အခွင့်အရေး ဟောပြောပွဲအကြောင်း ဖြစ်ပါသည်။ နှင်းမိုးအေး(Bhamo Youth Network အဖွဲ့ )က “နယ်ပယ်စုံ၊ နေရာစုံက လူတွေပါဝင်နိုင်တယ်။ အခုဆိုရင် LGBT Group တွေ၊ မသန်စွမ်းအဖွဲ့တွေက လူတွေ ၊ လက်တွေ့နယ်ပယ် ထဲမှာလက်တွေ့လုပ်ဆောင်နေတဲ့ လူငယ်အဖွဲ့တွေ ပါဝင်နိုင်အောင်လုပ်တာ ကောင်းပါတယ်။ သူတို့ကအဲအရာတွေကို ကျင့်သုံးပြီး ပညာပေးတာတွေ ဆက်လုပ်နေကြတာရှိတယ်။” အပြည့်အစုံရယူရန်
ထပ်ဆင့်ထောက်ပံ့မှုရန်ပုံငွေ (Sub-Grant) ဆိုင်ရာဆွေးနွေးပွဲ
ထပ်ဆင့်ထောက်ပံ့မှုရန်ပုံငွေ (Sub-Grant) ဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲကို UNDEF၏ထောက်ပံ့မှုဖြင့် ညီမျှခြင်းမြန်မာက ဦးဆောင် ပြုလုပ် ခဲ့ပါသည်။ ဤအလုပ်ရုံဆွေးနွေးပွဲကို “မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ခိုင်မာအားကောင်းလာစေရန် ရပ်ရွာအခြေပြုအဖွဲ့များကို စည်းရုံးလှုံ့ဆော် ထောက်ပံ့ပေးခြင်းစီမံကိန်း”၏ စီမံချက်လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ “ဒီလိုကိုဗစ်ကာလအတွင်းမှာ အွန်လိုင်းသင်တန်းက မရှိမဖြစ်လိုအပ်ပါတယ်၊ အပြောင်းအလဲ တစ်ခုအတွက်သွားနေတာဖြစ်လို့ အထောက်အကူတော်တော်ဖြစ်ပါတယ်။ အခုလုပ်ဆောင်တော့မဲ့ စီမံကိန်းအတွက်ပိုအကျိုးရှိပါတယ်။ တခြား စီမံကိန်းတွေအတွက်လည်း ပြင်ဆင်ပြီးသားဖြစ်ပါတယ်” လို့ ပွင့်လင်းဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့က ဝန်ထမ်းတစ်ဦးပြောပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို မိတ်ဖက်အဖွဲ့အစည်းများက ရန်ပုံငွေစီမံချက် ကာလအတွင်း လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲနိုင်မှု၊ မူဝါဒရေးရာလိုက်နာကျင့်သုံးနိုင်ရန်၊ ထပ်ဆင့်ထောက်ပံ့ ရန်ပုံငွေလမ်းညွန်ချက် များနှင့် အစီရင်ခံစာ တင်ပြခြင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏တာဝန်ခံမှုအားကောင်းလာစေရန်၊ အဖွဲ့၏ရေရည်တည်တံ့ဖွံ့ဖြိုးတိုးတက်မှုတို့ကို အစီအစဉ်တကျ လိုက်နာလုပ်ဆောင်တတ်လာစေရန် ရည်ရွယ်ပြုလုပ်ခဲ့ပါသည်။ မွန်လူငယ်ပညာပေးအဖွဲ့က တက်ရောက်လာသူ“ဒီသင်တန်းတက်လိုက်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ စီမံကိန်းမှာ သတိထားလုပ်ကိုင် ရမှာတွေ၊ […]
ရခိုင်တွင် သတင်းသမားများ သတင်းရယူခွင့်ပေးရေး အင်တာဗျူး
ရုပ်/သံ အင်တာဗျူး ဒုတိယပိုင်း( ပြီး) အောက်တိုဘာ ၁ ရက် https://www.facebook.com/watch/?v=783091668901771 Accountability လို့ခေါ်တဲ့ တာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှိကြဘူး။ ရခိုင်ဒေသမှာ ဖြစ်သမျှ ကျနော်တို့ ဘာတွေတွေ့နေရလဲဆိုတော့ ပိုင်ရှင်မဲ့ယဉ်ကျေးမှု အရမ်းခေတ်စားနေတယ်။ ပိုင်ရှင်မဲ့ ဒုံးကျည်၊ ပိုင်ရှင်မဲ့ သေနတ်၊ ပိုင်ရှင်မဲ့ တိုက်ခိုက်မှု၊ ပိုင်ရှင်မဲ့ အလောင်း၊ ပိုင်ရှင်မဲ့ မီးရှို့မှုတွေဖြစ်လာတယ်။ ဒီဘက်က ဟိုဘက်ကို စွပ်စွဲ ဒီဘက်က ဟိုဘက်ကို စွပ်စွဲနဲ့ ပိုင်ရှင်မဲ့နေကြပါတယ်။ဒီလိုမျိုးပိုင်ရှင်မဲ့ ဖြစ်လာတဲ့ခါ တကယ်ကိုယ်တွေ့ကြုံရတဲ့ ဒေသခံတွေရဲ့ အသံ ထွက်ဆိုချက်ကအရမ်းအရေးကြီးပါတယ်။ နေပြည်တော်မှာ နေပြီးတော့ ဒါကတော့ မဟုတ်ပါဘူး ငြင်းနေလို့ မရပါဘူး။ သတင်းမှန်တွေကို သိရှိနိုင်ဖို့က မြေပြင်မှာ ရှိတဲ့ လူတွေရဲ့ အသံကို နားထောင်ဖို့ လိုအပ်တယ်။ […]
ဧရာဝတီတိုင်းရှိ ခရိုင် ၆ ခုသို့ ကျန်းမာရေးဆိုင်ရာ အထောက်အကူ ပစ္စည်းများလှူဒါန်းခြင်း
လွန်ခဲ့သည့် ဇူလိုင်လ ၂၆ ရက်တွင် ညီမျှခြင်းမြန်မာက ကိုဗစ်ရောဂါ ကြိုတင် ကာကွယ်ရေး အထောက်အကူပစ္စည်းများကို ဧရာဝတီတိုင်းအခြေစိုက် ဧရာဝတီလူငယ်ကွန်ရက်သို့ လှူဒါန်းခဲ့ပါသည်။ လှူဒါန်းခဲ့သော ကျန်းမာရေးအထောက်အကူပစ္စည်းများမှာ Face Shield ၂၉၀၀ခု၊ နှာခေါင်းစည်း(Surgical Mask) ၂၃၀၀ဗူးနှင့် ပိတ်စဖြင့် ချုပ်ထားသော နှာခေါင်းစည်း ၇၉၅၀ တို့ဖြစ်ပါသည်။ အဆိုပါ အထောက်အကူပစ္စည်းများကို ဧရာဝတီတိုင်းအတွင်းရှိ ခရိုင်(၆)ခုသို့ ဧရာဝတီလူငယ်ကွန်က ဝန်ထမ်းများ ကိုယ်တိုင် သွားရောက် ဖြန့်ဝေပေးခဲ့သည်။ ပစ္စည်များသွားရောက်ဖြန့်ဝေရာတွင် အဆင်ပြေလွယ်ကူစေရန် မြောင်းမြမြို့၊ ကျေးသားကျောင်းတိုက်၏ ဘုန်းကြီးကျောင်းကားကို အသုံးပြုခွင့်ပေးခြင်းဖြင့် ပါဝင်ခဲ့သည်။ ထိုခရိုင် ၆ ခုရှိ စျေးများ၊ ရပ်ကွက်များ၊ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးစင်တာများ အပါအဝင် မြို့အဝင်ဂိတ်များ၊ မီးပွိုင့်များနှင့် စာသင်ကျောင်းများသို့ ဒေသ ဆိုင်ရာအရပ်ဖက်အဖွဲ့အစည်းများနှင့်အတူပူးပေါင်း၍ လှူဒါန်းခဲ့ပါသည်။
ညီမျှခြင်းမြန်မာ
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Business Hours
Our support Hotline is available 24 Hours a day: (555) 343 456 7891
- Monday-Friday: 9am to 5pm
- Saturday: 10am to 2pm
- Sunday: Closed
Our Office Hours
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed
