About Equality Myanmar
This author has not written his bio yet.
But we are proud to say that Equality Myanmar contributed 168 entries already.
Entries by Equality Myanmar
လူ့အခွင့်အရေးပညာပေးမှု သင်တန်းများကျင်ပ
အောက်တိုဘာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်အသီသီးက လူငယ်များကို အွန်လိုင်းမှတဆင့် အခြေခံလူ့အခွင့်အရေးသင်တန်းများကို ကျင်းပပြုလုပ်ခဲ့ပါသည်။ လူ့အခွင့်အရေး နည်းပြ ကိုအောင်ခန့် HRENအဖွဲ့ဝင်က“အခုလို Covid ကာလမှာ အားလုံးအနေနဲ့ အိမ်မှာနေရင်း လူ့အခွင့်အရေးကို စိတ်ဝင်တစား လေ့လာသင်ယူပြီး အချိန်ကို အကျိုးရှိရှိအသုံးချတာ တွေ့ရတဲ့ အတွက် ဝမ်းသာတယ်။ နောက် တစ်ခုက အဆိုးထဲက အကောင်း လို့ပြောရမလား အခုလို Covid ကာလမှာ နယ်ပယ်အစုံက လူတွေ ကဏ္ဍအသီးသီးမှာ အလုပ် လုပ်နေ ကြတဲ့လူတွေအားလုံးနဲ့ လည်း တွေ့ရတယ်။” ပိုမိုဖတ်ရှုရန် အောက်တွင် ဒေါင်းလုတ်ရယူနိုင်ပါတယ်။
အိမ်မှာနေ အလုပ်လုပ်ရက် ထပ်မံတိုးမြင့်
အသိပေးကြေညာချက် COVID-19 ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန် အစိုးရက အပြင်သွားလာမှုများ ထပ်မံကန့်သတ်ထားပါသည်။ ပြည်သူများကလည်း အစိုးရချမှတ်ထားသော စည်းကမ်းများကို လိုက်နာခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် ကြေညာထားပါသည်။ ထို့ကြောင့် ညီမျှခြင်းမြန်မာအဖွဲ့၏ ရုံးစီမံခန့်ခွဲရေး ကော်မတီသည်လည်း အစိုးရ၏ ညွှန်ကြားချက်နှင့်အညီ ရုံးဝန်ထမ်းမျာကို မိမိတို့နေအိမ်ကနေပြီး ရုံးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရမည့်ရက် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ ရက်အထိ သက်တမ်းတိုးမြင့်လိုက်ပါသည်။ အစိုးရ၏ ညွှန်ကြားချက်နှင့် ထုတ်ပြန်ချက်များကို စောင့်ကြည့်ပြီး ရုံးပြန်လည်ဖွင့်လှစ်မည့်ရက် ထပ်မံအကြောင်းကြားပေးသွားပါမည်။
ကြံ့ခိုင်ရေးပါတီအား အရပ်ဖက် အဖွဲ့အစည်း ၉၀ ကျော် ကန့်ကွက်
နိုင်ငံရေးပါတီတစ်ခုအနေဖြင့် မသန်စွမ်းသူတွေအပေါ် ကောင်းကျိုးဆောင်တဲ့အမြင်မရှိဟု ညီမျှခြင်းမြန်မာက ဦးအောင်မျိုးမင်း ဝေဖန် ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို မြန်မာနိုင်ငံ နားမကြားအဖွဲ့အစည်းများ၊ မသန်စွမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း အပါအဝင်စုစုပေါင်း ၉၀ကျော်က ကန့်ကွက်ကြောင်း နိုဝင်ဘာလ ၁၄ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ကြံ့ခိုင်ရေးပါတီရဲ့ နိုဝင်ဘာ၁၁ရက်နေ့ကထုတ်ပြန်တဲ့ သတင်းလွှာမှာ အစ္စရံ ကျေးရွာက စာမတတ်သူ၊ စကားမပြောတတ်သူ၊ နားမကြားသူ ဒေါ်ဝင်းစန္ဒာခိုင် ဆန္ဒမဲပေးခြင်းကို ကန့်ကွက်ကြောင်း ဖော်ပြထားပြီး နိုဝင်ဘာလ ၁၂ရက်နေ့သတင်းလွှာမှာ ”မသန်မစွမ်း”သူဟုသုံးနှုန်းထားတာဖြစ်ပါတယ်။ဒါ့အပြင် ဒေါ်ဝင်းစန္ဒာခိုင်ကို ဆန္ဒမဲပေးခွင့်ပြုတာကို မဲမသမာမှုတစ်ခုအနေနဲ့ ကြံ့ခိုင်ရေးပါတီကတရားဝင်ဖော်ပြထားတာဖြစ်ပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၉)၊ပုဒ်မ (၃၉၂)မှာ ဆန္ဒမဲပေးပိုင်ခွင့်မရှိတဲ့သူတွေကို ဖော်ပြထားပြီး အဲဒီအထဲမှာ မသန်စွမ်းသူတွေပါဝင်ခဲ့ခြင်း မရှိဘူးလို့ညီမျှခြင်းမြန်မာ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဂလက်ဆီသတင်းဌာနကို […]
ညီမျှခြင်းမြန်မာ
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Business Hours
Our support Hotline is available 24 Hours a day: (555) 343 456 7891
- Monday-Friday: 9am to 5pm
- Saturday: 10am to 2pm
- Sunday: Closed
Our Office Hours
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed
