Entries by Equality Myanmar

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေကို ကုလသမဂ္ဂမှာ သုံးသပ်ဆွေးနွေး

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေကို ကုလသမဂ္ဂမှာ သုံးသပ်ဆွေးနွေး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေက လေးနှစ်တစ်ကြိမ်ပြုလုပ်တဲ့ Universal Periodic Review UPR ခေါ် မြန်မာနိုင်ငံ့ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်ဆွေးနွေးမှုကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က လူ့အခွင့်အရေးကောင်စီမှာ ပြုလုပ်နေကြပါတယ်။ ဇန်နဝါရီလ ၂၅ရက်နေ့က ပြုလုပ်တဲ့ အဲဒီပွဲကို မြန်မာအစိုးရ ကိုယ်စားလှယ်တွေ အွန်လိုင်းကနေ တက်‌ရောက် တင်ပြခဲ့ပြီး နိုင်ငံတကာက ပါဝင်ဆွေးနွေးနေကြပါတယ်။ ဇန်နဝါရီ ၊၂၉ ရက်နေ့အထိကျင်းပမှာဖြစ်ပါတယ်။ ဒီကြားနာမှုအတွက် Burma/Myanmar UPR Forumလို့ ခေါ်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အရပ်ဖက်အဖွဲ့အစည်း ၂၉ဖွဲ့ စုပေါင်းထားတဲ့ ကွန်ရက်က တွေ့ရှိတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက အစီရင်ခံစာ တင်သွင်းထားခဲ့ပြီးဖြစ်ပါတယ်။ အဲဒီကွန်ရက်တာဝန်ခံ ဦးအောင်မျိုးမင်းကို ဆွေးနွေးပွဲအကြောင်း […]

ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးစာချုပ် (ICCPR) မှာပါတဲ့အခွင့်အရေကို ကန့်သတ်လို့ ရ၊ မရ ကဒ်ပြားလေးတွေကို လေ့လာကြရအောင်။

ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးစာချုပ် (ICCPR) မှာပါတဲ့အခွင့်အရေးတွေကို လိုအပ်လို့ လိုအပ်သလောက် ဆိုင်းငံ့ကန့်သတ်မယ်ဆိုရင်တောင် လုပ်ချင်တိုင်းလုပ်လို့မရပါဘူး။ လိုက်နာရမဲ့ လုပ်ထုံးလုပ်နည်းတွေရှိပါတယ်ဆိုတဲ့အကြောင်းကို ကဒ်ပြား (၁) မှာ ရှင်းပြထားပါတယ်။ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားနေတဲ့ အခြေအနေမျိုးမှာ ပြည်သူ့ရေးရာနဲ့ နိုင်ငံရေးအခွင့်အရေးတချို့ကို ဆိုင်းငံ့ကန့်သတ်လို့ရတယ်ဆိုပေမဲ့ လုပ်ထုံးလုပ်နည်းအတိုင်းသာ လုပ်ဆောင်ရပါမယ်ဆိုတာ ကဒ်ပြား (၂) မှာ ရှင်းပြထားပါတယ်။ ကပ်ပြား (၃) မှာကတော့လွတ်လပ်စွာ သွားလာခွင့်ကို ဆိုင်းငံ့ကန့်သတ်လို့ရလား။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကိုရော ပိတ်ပင်လို့ရလားဆိုတဲ့ မေးခွန်းကိုတော့ ကဒ်ပြား (၄) မှာ ရှင်းပြထားပါတယ်။ အပြည်အစုံ ရယူရန်။  ။မြန်မာဘာသာ –  ၁ မှ ၅ အထိ။ အပြည်အစုံ ရယူရန်။  ။မြန်မာဘာသာ – ၆ မှ ၁၀ အထိ။

ပဋိပက္ခကို သတိပြုနားလည်းခြင်းဆိုင်ရာ အွန်လိုင်သင်တန်း

UNDEF၏ထောက်ပံ့မှုဖြင့် “မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ခိုင်မာအားကောင်းလာစေရန် ရပ်ရွာအခြေပြုအဖွဲ့များကို စည်းရုံးလှုံ့ဆော်ထောက်ပံ့ ပေးခြင်းစီမံကိန်း” ၏ စီမံချက်လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ပဋိပက္ခကို သတိပြုနားလည်းခြင်း (Conflict Sensitivity Online Training) ဆိုင်ရာ အွန်လိုင်သင်တန်းကို ညီမျှခြင်းမြန်မာက ဦးဆောင်ပြုလုပ် ခဲ့ပါသည်။ ဤသင်တန်းသည် မိတ်ဖက်အဖွဲ့အစည်းများအတွက် ထပ်ဆင့်ထောက်ပံ့ ရန်ပုံငွေစီမံချက် ကာလအတွင်း ကောင်းမွန်သည့် ရလဒ်များ ပိုမိုမြင့်တင်ပြီး မကောင်းသော ရလဒ်များတတ်နိုင်သမျှလျှော့ချသည့်နည်းလမ်းများကို စနစ်တကျအသုံးပြုလာတတ်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပါသည်။ ထို့အပြင် မိမိတို့၏ ဒေသအခြေအနေနှင့် မိမိတို့လုပ်ငန်းဆက်စပ်မူ သက်ရောက်မှုများကို သတိပြုလုပ်ဆောင်လာ စေရန် အထောက်အကူပြု (Tools) များကို စနစ်တကျအသုံးပြုလာတတ်စေရန် ရည်ရွယ်ပို့ချခဲ့ပါသည်။ “ဒီသင်တန်းတက်လိုက်ရတဲ့အတွက် ကျွန်မအနေနဲ့ သင်ယူရရှိလိုက်တာကတော့ မိမိရဲ့ စိတ်နေသဘောထားတွေ၊ လုပ်ငန်းခွင်အတွက် လိုအပ်သောအရည်အချင်းများနဲ့ လုပ်ငန်းအတွင်း ပဋိပက္ခအခက်အခဲများကို ဘယ်လိုကျော်လွှာ:ရမလဲ၊ […]