About Equality Myanmar
This author has not written his bio yet.
But we are proud to say that Equality Myanmar contributed 168 entries already.
Entries by Equality Myanmar
Justice
Justice – တရားမျှတမှု
မြန်မာနိုင်ငံအတွင်း ပြည်သူလူထု၏ အခွင့်အရေးများ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ၏ စိုးရိမ်ဖွယ်အခြေအနေ -အနှစ်ချုပ်အစီရင်ခံစာ
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့မှ စတင်ကာ ပြည်သူတို့၏ ဆန္ဒမဲဖြင့် ရွေးကောက် တင်မြှောက်ထား သော ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ဆန့်ကျင်ပြီး မင်းအောင်လှိုင်မှ စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ပါသည်။ စစ်အာဏာသိမ်းရန်ကြိုးပမ်းပြီးနောက်ပိုင်း ပြည်သူတို့၏ အခွင့်အရေးများဖြစ်သည့် ပြည်သူ့ရေးရာနှင့် နိုင်ငံသား အခွင့်အရေးများကို ရက်စက်ကြမ်းကြုတ်စွာကျူးလွန်မှုများစွာ ကျူးလွန် ခဲ့ပါသည်။ ယခုတင်ပြသည့် အစီရင်ခံစာသည် အရပ်ဖက်လူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည့် အစီရင်ခံစာများနှင့် သတင်းဌာနများက ဖော်ပြထား သည့်အချက်များထဲမှ ပြည်သူ့ရေးရာနှင့် နိုင်ငံသားအခွင့်အရေးများကို ကိုလေ့လာ ဆန်းစစ်ပြီး တင်ပြထားသည့် အစီရင်ခံစာဖြစ်ပါသည်။ ဤအစီရင်ခံစာသည်ယခု လာမည့် ၂၀၂၃ ခုနှစ် မတ်လ(၆)ရက်နေ့တွင်ကျင်းပမည့် လူ့အခွင့်အရေး ကောင်စီ၏ (၅၂)ကြိမ်မြောက်ပုံမှန်အစည်းဝေး ကို ဦးတည်၍လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံအတွက် ချမှတ်မည့် […]
တပ်မတော်၏ မတရားအာဏာသိမ်းရယူမှု အခြေအနေနှင့် စပ်လျဉ်း၍ ညီမျှခြင်းမြန်မာ၏ သဘောထား ထုတ်ပြန်ချက်
သဘောထား ထုတ်ပြန်ကြေညာချက် ရက်စွဲ။ ။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၄ရက်။ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် တပ်မတော်၏ မတရားအာဏာသိမ်းရယူမှု အခြေအနေနှင့် စပ်လျဉ်း၍ ညီမျှခြင်းမြန်မာက အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ကြေညာလိုက်သည်။ အာဏာသိမ်းယူအပြီး ဆက်လက်ဖြစ်ပွားခဲ့သော နိုင်ငံရေးခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူအချို့ကို ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် နိုင်ငံရေးပါတီရုံးများကို ချိတ်ပိတ်ခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ အပေါ် စိုးရိမ်မိပါသည်။ မိမိတို့အနေဖြင့် အောက်ပါအချက်များကို တောင်းဆိုပါသည်။ (၁) ဖမ်းဆီးထိန်းသိမ်းထားသော ရွေးကောက်ခံ နိုင်ငံရေးခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွတ်ပေးရန်၊ (၂) ဒီမိုကရေစီစနစ်မှ သွေဖည်ဆန့်ကျင်သော လုပ်ရပ်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုလုပ်ဆောင်ချက်များကို ရပ်တန့်ရန်။ (၃) ပြည်သူလူထု၏ ဆန္ဒကို လေးစားပြီး အာဏာသိမ်းယူမှုကို ရပ်တန့်ရန်တောင်းဆိုလိုက်သည်။ ညီမျှခြင်းမြန်မာအနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလေးစားသည့် လူမှုပတ်ဝန်းကျင်ဖော်ဆောင်ရေးအတွက် ပြည်သူလူထုနှင့် တသားတည်းရပ်တည် ကာကွယ်သွားမည်။ […]
ညီမျှခြင်းမြန်မာ
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Business Hours
Our support Hotline is available 24 Hours a day: (555) 343 456 7891
- Monday-Friday: 9am to 5pm
- Saturday: 10am to 2pm
- Sunday: Closed
Our Office Hours
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed
