Nothing Found
Sorry, no posts matched your criteria
Sorry, no posts matched your criteria
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed

UPR တတိယအကြိမ်သုံးသပ္မှုကိုအတွက်တွေ့ဆုံနွေးနွေး
သတင်းUniversal Periodic Review (UPR) တတိယအကြိမ် သုံးသပ်မှုကို မြန်မာနိုင်ငံက ၂၀၂၀ မှ ခံယူရမှာဖြစ်ပါတယ်.. အစိုးရအနေနဲ့ နိုင်ငံတော် အစီရင်ခံစာကို တင်သွင်းဖို့ပြင်ဆင်နေပြီလို့ ကြားရပါတယ်.. အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကလဲ အစီရင်ခံစာကို တင်သွင်းနိုင်တဲ့အတွက် အကောင်းဆုံးတင်သွင်းနိုင်ဖို့ UN OHCHR က ဝန်ထမ်းများနဲ့ တွေ့ဆုံပြီး သိလိုတဲ့အချက်တွေ၊ လုပ်သင့်တဲ့လုပ်ငန်းတွေကို ဆွေးနွေးခဲ့ပါတယ်….. လုပ်ရမဲ့အလုပ်တွေက တန်းစီနေပါတယ်… ၂၀၂၀ က သင့်ကို အလိုရှိနေပါတယ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတို့ရေ…
ကလေးအကြမ်းဖက်မှုရပ်တန့်ရေး ကုလကြိုးပမ်းချက် မြန်မာလူ့အခွင့်အရေးအဖွဲ့တွေ ကြိုဆို
သတင်းမြန်မာ့တပ်မတော်အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းအားလုံးအနေနဲ့ မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ဒေသတွေမှာ ကလေးငယ်တွေအပေါ် အကြမ်းဖက် ညှဉ်းပမ်း နှိပ်စက်မှု အားလုံးကို ချက်ခြင်းရပ်တန့်ဖို့နဲ့ တိုက်ပွဲတွေဖြစ်နေဆဲ တိုင်းရင်းဒေသတွေက ကလေးတွေအပေါ် ပြင်းထန်ဆိုးရွားလှတဲ့ အကြမ်းဖက်မှု ကျူးလွန်သူ မှန်သမျှ မည်သူ့ကိုမဆို အပြစ်ပေးအရေးယူဖို့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကနေ မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုလိုက်တဲ့အပေါ် မြန်မာ့လူ့အခွင့်အရေးနဲ့ ကလေးသူငယ် အခွင့်အရေးလှုပ်ရှားသူတွေဘက်က ကြိုဆိုလိုက်ပါတယ်။ ကလေးစစ်သား စုဆောင်းမှုအပါအဝင် ဖမ်းဆီးစစ်ဆေးအရေးယူမှုတွေကို လုံးဝရပ်တန့်ပေးဖို့ ကလေးတွေကို ဥပဒေအရ လုံခြုံကာကွယ်ပေးဖို့ ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။ ဇူလိုင်လ ၃၀ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ လုံခြုံရေးကောင်စီရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ အလုပ်အဖွဲ့ရဲ့ ၃၈ ကြိမ်မြောက် အစည်းအဝေးကနေ မြန်မာနိုင်ငံတွင်းက […]