Nothing Found
Sorry, no posts matched your criteria
Sorry, no posts matched your criteria
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed

ကော့သောင်းမြို့ စားသောက်ဆိုင်မှ အလုပ်သမား အမျိုးသမီးနှစ်ဦး ဖမ်းဆီးနှိပ်စက်ခံရမှု အတွက် အမှုဖွင့်
သတင်းကော့သောင်း၊ သြဂုတ် (၂၀) ။ ။ ကော့သောင်းမြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် အလုပ်သမားအမျိုးသမီးနှစ်ဦးကို ဆိုင်ပိုင်ရှင်မှ ဖမ်းဆီးချုပ်နှောင် ညှင်းပန်းနှိပ်စက်ခဲ့သောကြောင့် သြဂုတ်လ ၂၀ ရက်နေ့တွင် ကော့သောင်း မြို့မ ရဲစခန်းသို့ လာရောက် အမှုဖွင့် ထားကြောင်း သိရသည်။ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်းရပ်ကွက်၊ ရန်ကြီးအောင်လမ်းတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင် တစ်ခုမှ ဆိုင်အလုပ်သမားအမျိုးသမီး ၂ ဦးဖြစ်သော မစန်းစန်းဝင်းနှင့် မမြတ်မြတ်မိုးတို့ကို ဆိုင်ရှင်ဖြစ်သူက နေအိမ် အိပ်ခန်းအတွင်း နှိပ်စက်ခဲ့ခြင်း ဖြစ်သည်။ “ဒီနေ့ပဲ နှိပ်စက်ခံရတဲ့ အလုပ်သမား အမျိုးသမီး နှစ်ဦး ဖြစ်တဲ့ မစန်းစန်းဝင်းနဲ့ မမြတ်မြတ်မိုးတို့ စခန်းမှာ လာရောက် အမှုဖွင့်ထားပါတယ်။ အမှုကိုတော့ ကျွန်တော်တို့ အသေးစိတ် စစ်ဆေးနေဆဲ ဖြစ်တယ်။ ဘယ်လိုကြောင့် အခုလိုမျိုး […]
အစစ်အမှန်လား၊ ရွှေရည်စိမ်လား (သို့မဟုတ်) သူများယောင်လို့ယောင်ရတယ်၊ အမောင်တောင်မှန်းမြောက်မှန်းမသိ
သတင်းAug 19, 2019 LGBT တွေကို အမှန်တကယ်လက်ခံလာတဲ့ စစ်မှန်တဲ့ပြောင်းလဲမှုလား။ ဒါမှမဟုတ်ရင် ဖက်ရှင်လိုမျိုး ထင်မြင်ပြီး ဘာမသိညာမသိ ထောက်ခံနေတာလားဆိုတာကတော့ ဝေခွဲမရဖြစ်နေဆဲပါ LGBT ဆိုတဲ့ အတိုကောက်စကားလုံးလေးကို လွန်ခဲ့တဲ့ နှစ်(၂၀)လောက်က မြန်မာပြည်က လူတွေကို မေး ကြည့်မယ်ဆိုရင် ဖြေဆိုနိုင်မဲ့သူတွေ မရှိသလောက်နည်းပါးပါလိမ့်မယ်။ ဒါပေမဲ့ L ဆိုတာ Lesbian (အမျိုးသမီးချင်းစုံမက်သူ)၊ G ဆိုတာ Gay (အမျိုးသားချင်းစုံမက်သူ)၊ B ဆိုတာ Bisexual (ကျားမနှစ်မျိုး စလုံးကို စုံမက်သူ)၊ T ဆိုတာ Transgender (ဆန့်ကျင်ဘက်လိင်လို ဝတ်စားဆင်ယင်နေထိုင်သူ) တွေကို ဆိုလိုတယ်လို့ ရှင်းပြလိုက်ရင် သိလာပါလိမ့်မယ်။ ဒီစကားလုံးရဲ့အဓိပ္ပါယ်ကို သိသွားပြီးတဲ့နောက် ဒီလူတွေကို LGBT လို့မခေါ်ဘဲ မြန်မာလို ဘယ်လိုခေါ်ကြသလဲဆိုတဲ့ […]