လူ့အခွင့်အရေး အသိအမြင်ဖွင့် သင်တန်း

Equality Myanmar September 5, 2019

လူ့အခွင့်အရေးအသိမြင်ဖွင့်သင်တန်း (၆) ရက်တာဆွေးနွေး မှုအစီ အစဉ်ကို ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊(ထွယ်ဆန်ဘုရားကျောင်း)တွင် ညီမျှခြင်းမြန်မာ(Equality Myanmar) နှင့် လူ့အခွင့်အရေး ပညာပေး သူများကွန်ယက်(HREN) တို့မှပူးပေါင်း၍ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၆ မှ ၃၁ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းသို့ ဗန်းမော်မြို့၊ ဝိုင်းမော်မြို့၊ အင်းတော်ကြီးဒေသမှ သင်တန်းသားစုစုပေါင်း (၂၇) ကျော် စိတ်ပါ ဝင်စားစွာ တက်ရောက်ခဲ့ ကြပါသည်။

သငတွနွးသို့ လူ့အခှငွ့အရေးပညပေးသူမှား ကှနယွကမွှ ဆရာမ မမှငွ့မှငွ့ခှိုမှ ပူးပေါငွး၍ ဦးဆောငဆွှေးနှေးခဲ့ကှသညွ။
သငတွနွးကာလအတှငွး လူ့အခှငွ့အရေးအဓိပပြါယနွှငွ့အယူအဆ၊ လူ့အခှငွ့အရေး ပေါပွေါကလွာပုံ သမိုငွး ကှောငွး၊ လူ့အခှငွ့အရေး အပိုဒွ မှား၊ ဖှဲ့စညွးပုံအခှခေံဥပဒအခနွေး(၈)၊လူ့အခှငွ့အရေး အမှိုး အစားမှားနှငွ့ အုပစွုလိုကွ အခှငွ့အရေးေ ပါပွေါကလွာပုံ၊ အစိုးရ တာဝနနွှငွ့ လူ့အခှငွ့ အရေးလုပငွနွးစဉွ၊ တိုငကွှားမှု ယနတြရား တို့ကို ဆှေးနှေး ခဲ့ကှပါသညွ။

ဦးထွန်းထွန်းမြင့် – ဆယ်အိမ်မှူးမှ
လူ့အခွင့်အရေး၏အဓိပ္ပါယ်အား ရှင်းရှင်းလင်းလင်းသိရှိခဲ့ရတယ်။ ရပ်ရွာတွင်းအခွင့်အရေးချိုး ဖောက်မှုတွေကိုလည်းသိရှိခဲ့ရတယ်။ မည်သည့်ခံစားခွင့်မှမရှိဘဲ သတ်မှတ်ထားသည့် အလုပ်ချိန် ထက်ပိုမိုပြီး ခိုင်း တယ်ဆိုတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်းလည်း သိရှိခဲ့ ရပါတယ်။ အခုလိုသင်တန်း တက်လိုက်ရလို့ သိရှိခဲ့တဲ့ ဗဟုသု တွေကိုလည်း ပြည်သူနှင့်ရပ်ကျေးအဖွဲ့တို့အား အခွင့်အရေး ရရင် ရသလို ပြန်လည်မျှဝေ ပေးမယ်။ ရပ်ရေးရွာရေးကိစ္စရပ်တွေကို ဖြေရှင်း တဲ့ အခါမှာ လူ့အခွင့်အရေးစံချိန်စံညွှန်းနဲ့ အညီ ဖြေရှင်းမှုတွေ လုပ်ဆောင်ပါမယ်။

ဆရာမ လဇွမ်လုဂျာ မှလည်း
ယခုသင်တန်းကြောင့် လူ့အခွင့်အရေးအကြောင်းအရာကို ယခင်က ထက်သိရှိခဲ့ရသည်။ သိရှိလာရခြင်း ကြောင့်လည်းမိမိအပေါ်တွင် တာဝန်တစ်ရပ်ရှိလာတယ်။ ကိုယ်သိထားတဲ့အကြောင်းအရာတွေ ကိုကိုယ် နှင့်လက်လှမ်းမိသမျှကိုပြန်လည်မျှဝေမယ်။ နောက်ထပ် သိလိုက်ရတာတွေက အခွင့်အရေးချိုးဖောက်မှု့ အကြောင်းအရာတွေပါ။ အဲ့ဒါတွေ ကအသက်မပြည့်သေး သည့်ကလေးတွေကိုအဓမ္မအလုပ် ခိုင်းစေခြင်း သည်ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခြင်းဖြစ် တယ်။အဲ့ဒီလိုကလေးတွေဟာပညာသင်ကြားခွင့်နှင့်အတူ ကလေး အခွင့်အရေးတော်တော်များများ ချိုးဖောကခံရတာသိရှိခဲ့ လိုက်ရတယ်။ လူ့အခွင့်အရေး ဆိုတာက ဖယ်ရှားလို့လဲမရသလို လူ့အခွင့်အရေး ကိုမခံစားရခြင်း ဖယ်ရှားခြင်း သည် လူ့အခွင့် အရေးကို ချိုးဖောက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကိုယ်ကိုတိုင်ချိုး ဖောက်သူရော၊ ချိုးဖောက်ခံ ရသူရော မဖြစ်အောင် ကာကွယ်နိုင်ပြီး အခြားသူများကိုလည်း အသိပေးပြောကြားမည်။