လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်သင်တန်း

Equality Myanmar August 23, 2019
လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ဆိုင်ရာသင်တန်းကို ညီမျှခြင်းမြန်မာအဖွဲ့အစည်းမှဦးဆောင်၍ချင်းပြည်နယ်၊ ကန်ပတ်လက်မြို့တွင် သြဂုတ်လ ၁၂ရက်၊ မှ ၁၅ ရက်နေ့ထိ ၄ ရက်တိုင်တိုင် ကျင်းပခဲ့ပါသည်။

သင်တန်းသို့ ကန်ပတ်လက် မြို့မှ စိတ်ပါဝင်စားသည့် သင်တန်းသား သင်တန်းသူ စုစုပေါင်း ၂၁ ယောက် တက် ရောက် ဆွေးနွေးခဲ့ကြပါသည်။

(၄) ရက်တာသင်တန်းကာလအတွင်းတွင် လူ့အခွင့်အရေးအယူအဆနှင့် အဓိပ္ပာယ်၊ လူ့အခွင့် အရေး ပေါ်ပေါက် လာပုံသမိုင်းကြောင်း နှင့် လူ့အခွင့်အရေးကြေညာ စာတမ်းအပိုဒ်များ၊ လွတ်လပ်စွာကိုးကွယ်၊ ယုံကြည်ခွင့် အဓိပ္ပာယ်နှင့် စံသတ်မှတ်ချက် (၈) ချက်၊ လွတ်လပ်စွာ ကိုးကွယ်၊ ယုံကြည်ခွင့်ချိုး ဖောက်ခြင်း၊ လွတ်လပ်စွာ ကိုးကွယ်၊ ယုံကြည်ခွင့်၏ အစိုးရတာဝန်များ၊ လွတ်လပ်စွာ ကိုးကွယ်၊ ယုံကြည်ခွင့် လှုပ်ရှားဆောင်ရွက်မှုများ စသည့် အကြောင်းအရာများကို အပြန် အလှန်ဆွေးနွေးခဲ့ကြပါသည်။

ဆရာမန်နိုင်း- ကန်ပတ်လက်နှစ်ခြင်းခရာစ်ယာန်နယ်အဖွဲ့ လူငယ်တာဝန်ခံမှလည်း
အခုလိုသင်တန်းဆိုတာမျိုးကို ပထမဦးဆုံးတက်ရောက်ဖူးခြင်းပါ။ ဒီလိုအခွင့်အရေးတွေရှိတယ်ဆိုတာ မသိခဲ့ပါ ဘူး။ လွတ်လပ်စွာယုံကြ့ည်ကိုးကွယ်ခွင့်ဆိုတဲ့အရာက လူတိုင်းသိသင့်ပါတယ်။ လူတိုင်းသာ သိသွား မယ်ဆိုရင် ပဋိပက္ခတွေ ကနည်းသွားမယ်လို့ယုံကြည်မျှော်လင့်တယ်။ လူတိုင်းကသိမနေလို့သာ တစ်ယောက်ပေါ် တယောက် နားလည်မှုတွေမရှိကြတာပါ။ သိသွားရင် လူမျိုးရေးအရဘဲဖြစ်ဖြစ် နားလည်မှုရှိသွားမယ်။ ဒီသင်တန်းကနေလွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်နှင့် သက်ဆိုင်တဲ့ ဥပဒေတွေကို သိရှိခဲ့သလို ဥပဒေရဲ့အားနဲ ချက်တွေကိုလည်း သိရှိခဲ့တယ်။ အခုလိုသင်တန်းမျိုးကို ကန်ပတ်လက်တွင် မဟုတ်ဘဲ ချင်းပြည်နယ်ရဲ့ တခြား ဒေသတွေကိုလည်း သင်တန်းပေးသင့်တယ်။

သင်တန်းသားတစ်ဦးဖြစ်သူ ဆရာအွမ်နိုင်ကလည်း
မိမိမသိသေးတဲ့အကြောင်းအရာတွေကိုသိရတယ်။ ဒီသင်တန်းတက်ပြီးပိုပြီးကျေနပ်တာကတော့ မြန်မာ ပြည်မှာ ခရာစ်ယာန်ဘာသာဝင်တွေက နိမ်ခံရတယ်လို့ဘဲ သိရှိထားပြီး ကိုယ်တိုင်က တခြားဘာသာဝင် တွေကိုနှိမ်တယ် ဆိုတာ သတိမထားမိခဲ့ဘူး။ အခုသင်တန်းတက်ပြီးမှ ကိုယ့်မှာအဲ့လို နှိမ်ခဲ့တာတွေ ခွဲခြားခဲ့တာတွေ၊ အစွဲတွေကို သတိထားမိလိုက်တယ်။ နောက်ဆိုရင်မလုပ်တော့ဘူး။ လူတိုင်းမှာ လွတ်လပ်ခွင့်ရှိတယ်။ ကိုယ့်ကိုယ်ကို သတိထားမိလိုက်တာကိုက ဒီသင်တန်းက ကိုယ့်အတွက် အများကြီးအကျိုးကျေးဇူးတွေရရှိပါတယ်။ နောက်သိလိုက်တဲ့အရာတစ်ခုက အကြမ်းဖက်မှုတွေက လူပုဂ္ဂိုလ်တွေက ဖန်တီးတယ်ဆိုတာပါဘဲ။