Nothing Found
Sorry, no posts matched your criteria
Sorry, no posts matched your criteria
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed

တပ်မတော်နှင့် ပတ်သက်သည့်လုပ်ငန်းများကို အရေးယူရန် ကုလအချက်အလက်ရှာဖွေရေး မစ်ရှင် တိုက်တွန်း
သတင်းရန်ကုန်၊ သြဂုတ် ၅ မြန်မာ့တပ်မတော်အပါအဝင် မြန်မာ့တပ်မတော်နှင့် ပတ်သက်သည့် စီးပွားရေးအဆက်အသွယ်များကို ပစ်မှတ်ထားအရေးယူရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်က အစီအရင်ခံစာတစ်စောင်ထုတ်၍ တိုက်တွန်းလိုက်သည်။ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်က သြဂုတ်လ ၅ ရက်တွင် မြန်မာ့တပ်မတော် အပါအဝင် တပ်မတော်နှင့် ပတ်သက်သည့် စီးပွားရေးအဆက်အသွယ်များကို အရေးယူပိတ်ဆို့ပြီး လက်နက်ရောင်းချမှုများကိုပါ ကန့်သတ်ရန် ထုတ်ပြန်ချက်ထုတ်၍ တိုက်တွန်းလိုက်ခြင်းလည်းဖြစ်သည်။ ထုတ်ပြန်ချက်တွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံများအနေနှင့် တပ်မတော်က ထိန်းချုပ်ထားသော ကုမ္ပဏီများ အပေါ်တွင် အရေးယူပိတ်ဆို့မှုများ ချက်ချင်းဆောင်ရွက်သင့်ကြောင်းလည်း တိုက်တွန်းထားသည်။ ထို့ပြင် မြန်မာနိုင်ငံပြည်တွင်း၊ ပြည်ပရှိ စားသုံးသူများ ၊ ရင်းနှီးမြုပ်နှံသူများသည်လည်း တပ်မတော်နှင့် ဆက်သွယ်မှုမရှိသော စီးပွားရေးလုပ်ငန်းများနှင့်သာ ထိတွေ့ဆက်ဆံသင့်ကြောင်း တိုက်တွန်းထားသည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်က […]
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်းရာတွင် မူပြောင်းရန် လိုအပ်နေဟု ဆို
သတင်းမင်းဇော်မင်း.လက်ရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သက် တမ်းသည် လာမည့်စက်တင်ဘာလတွင် ကုန်ဆုံးတော့မည်ဖြစ်ရာ ထပ်မံဖွဲ့စည်းမည့် ကော်မရှင်အသစ်တွင် ပါဝင်လာမည့်လူများ ပြောင်းလဲရုံသာ မကဘဲ မူဝါဒပါ ပြောင်းလဲရန် လိုအပ်နေသည်ဟု ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောဆို ခဲ့သည်။. .အဖွဲ့အစည်း ၂၄ ခုဖြင့် ဖွဲ့စည်း ထားသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့ (MNHRC Reform Working Group-2019)က ဇူလိုင်လ၂၅ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် ကော်မရှင် အဖွဲ့ဝင်သစ်များ ရွေးချယ်ရေး လုပ်ငန်းစဉ် ပွင့်လင်း မြင်သာမှုနှင့် အားလုံးပါဝင်မှုရှိရန် လိုအပ်သည်ဟူသော ထုတ်ပြန်ချက်အပေါ် ဦးအောင်မျိုးမင်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “ကော်မရှင်မှာ […]