Nothing Found
Sorry, no posts matched your criteria
Sorry, no posts matched your criteria
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed

ကလေးသူငယ်အခွင့်အရေးဥပဒေမူကြမ်းထဲက ကလေးမွေးစားခြင်းဆိုတာ ဘာကို ဆိုလိုတာလဲ..
သတင်းမွေးစာရင်းရရှိခွင့်ဆိုတဲ့အကြောင်းရေးသားခဲ့ပြီး ကလေးသူငယ်အခွင့်အရေးဥပဒေမှာ အငြင်းပွားနေကြတဲ့ ကလေးမွေးစားခြင်းဆိုတဲ့အကြောင်း ထပ်ရေးဖို့ ပြင်ထားပေမဲ့ အကြောင်းအရာပေါင်းစုံတွေပေါ်လာတာကြောင့် ဒီစာကို စာရေးဖို့နောက်ကျသွားခဲ့ပါတယ်.. ကိုယ်မရေးနိုင်ပေမဲ့ ဒီအတောအတွင်း တခြားသူတွေက ရေးသားရှင်းပြတာတွေ၊ ဒေါက်တာမြဉာဏစိုးနဲ့ လဝက၀န်ကြီးကိုယ်တိုင်ရှင်းပြတာတွေရှိလာတော့ ကိုယ်တောင် ရှင်းပြစရာသိပ်မလိုတော့ဘူးဖြစ်သွားပါတယ်… ကလေးများကို မွေးစားခြင်းနဲ့ပတ်သက်လို့ စိတ်ပူကန့်ကွက်နေတဲ့အကြောင်းအရာကို သေသေချာချာပြန်လေ့လာကြည့်တဲ့အခါ အခုလက်ရှိကလေးသူငယ်အခွင့်အရေးစာချုပ်မှာ ကလေးတွေကို မွေးစားခွင့်ပြုတဲ့ပုဒ်မကို ထည့်သွင်းထားတဲ့အတွက် နိုင်ငံသားမဟုတ်သူ ကလေးတွေကို နိုင်ငံသားဖြစ်တဲ့မိဘနှစ်ပါးက မွေးစားနိုင်တဲ့အတွက် နိုင်ငံခြားသားကလေးတွေအမြောက်အများ နိုင်ငံသားဖြစ်လာနိုင်ပြီး လူမျိုးရေးဝါးမျိုမှုဖြစ်နိုင်တယ်လို့ စိုးရိမ်နေတာကို တွေ့ရပါတယ်.. ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံသားမဟုတ်တဲ့ “ရိုဟင်ဂျာ” ကလေးတွေဟာ မွေးစားခွင့်ကိုအသုံးချပြီး မြန်မာနိုင်ငံသားဖြစ်လာမယ်.. နဂိုရှိပြီးသား လူမျိုးရေးပဋိပက္ခတွေ ပိုမိုကြီးထွားလာစေမယ်.. ကြာလာရင် လူမျိုးရေးဝါးမျိုမှုတွေ ဖြစ်စေမယ်ဆိုတဲ့ ကြောက်လန့်မှုရှိနေကြတာကို တွေ့ရပါတယ်.. ဒီကြားထဲမှာ နိုင်ငံရေးအရတိုက်ခိုက်မှုတွေဖြစ်တဲ့ လက်ရှိအစိုးရဟာ “ရိုဟင်ဂျာ” တွေကို နိုင်ငံသားဖြစ်လာစေဖို့ လမ်းဖွင့်ပေးဆိုတတာဖြစ်တယ်.. […]
လူ့အခွင့်အရေးနည်းပြ မွမ်းမံသင်တန်း
သတင်း၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှ ၃၁ ရက်နေ့ထိ လူအခွင့်အရေး နည်းပြ မွမ်းမံ သင်တန်းကို ကျင်းပပြုလုပ်နေပြီ ဖြစ်ပါသည်။ ထိုလူအခွင့် အရေး နည်းပြမွမ်းမံသင်တန်းသို့ တက်ရောက် လာကြသူများမှာ ၂၀၁၉ ခုနှစ် မတ်လ ၁ရက်နေ့မှ ၃၀ ရက်နေ့ထိတွင် ကျင်းပခဲ့သော လူအခွင့် အရေး နည်းပြသို့ တက်ရောက်လာ ခဲ့ကြသူများ ကို လူအခွင့်အရေး ဘာသာရပ်များကို မွမ်းမံသည့် အနေဖြင့်တက် ရောက်ခဲ့သည်။ ထိုသူများ သည် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီ တိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့မှ ကိုယ်စားပြု၍ သင်တန်းသား စုစုပေါင်း (၂၀) ယောက် တက်ရောက် လာကြပါသည်။ ယခု လူအခွင့်အရေး နည်းပြမွမ်းမံသင်တန်းတွင် […]