Nothing Found
Sorry, no posts matched your criteria
Sorry, no posts matched your criteria
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ
သတင်းEquality MyanmarJune 28, 2019 ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ဇွန်လ ၂၇ ရက်နေ့က လူ့အခွင့် အရေး အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ တီးတိန်မြို့နေ ပြည်သူလူထုမှ တက်ရောက်ခဲ့ကြပြီး သင်တန်းသားဦးရေစုစုပေါင်း ၆၂ ဦး တက်ရောက် ဆွေးနွေးခဲ့ကြ ပါသည်။ အရင်ကသင်တန်းမတက်ဖူးတော့ ဘာမှမသိဘူးပေါ့နော်။ အခုသင်တန်း တက်လိုက်တော့ လူတိုင်းလူတိုင်းမှာ အခွင့်အရေးရှိတယ်ဆိုတယ်ကို သိလိုက်ရတယ်။ ဘယ်သူ့ကိုမှ ခိုင်လုံတဲ့ အထောက်အထားမရှိဘဲ မစွပ် စွဲရဘူး၊ အပြစ်မရှိဘူးဆိုတာကို သိလိုက်ရပါတယ်။ (ဟောက်ဒက်ဆုန်)ထိုဟောပြောပွဲတွင် လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာစာတမ်း ပါအခွင့်အရေး များ ကိုဆွေးနွေးခဲ့ပြီး လူ့အခွင့် အရေးချိုးဖောက်မှုများအား တိုင်ကြားနိုင်ရန် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ အရင်က တစ်ခုခုလုပ်ချင်တယ်ဆိုရင် ဒါလူ့အခွင့်အရေးဆိုပြီး […]
ဖလမ်းမြို့၊ချင်းပြည်နယ်တွင် လူ့အခွင့်အရေးဟောပြောပွဲ
သတင်းEquality MyanmarJune 26, 2019 လူ့အခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ချင်းပြည်နယ်၊ ဖလမ်းမြို့၊ FBC ခမ်းမတွင် ဇွန်လ ၂၆ ရက်နေ့က ဆွေးနွေးဟောပြော ခဲ့ပါသည်။ ဟောပြောပွဲသို့ CISSI မှ ကျောင်းသူ ကျောင်းသားများနှင့် FBC မှ တရားဟောဆရာများအပါအဝင် သင်တန်းသားဦးရေစုစုပေါင်း ၄၁ ဦးတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ “ကျောင်းမှာတော့ ကျမ သဘောအကျဆုံးဘာသာရပ်က လူ့အခွင့် အရေးဖြစ်တယ်။ အရင်ကသိထားတာက ကိုယ့်အခွင့်အရေးကိုပဲ သိထားတယ်။ ငါ့အခွင့်အရေးပဲ ငါနေချင်သလိုနေမယ်ဆိုပြီး ထင်တယ်။ ဒါပေမယ့် အခုသိလိုက်ရတာ က ကိုယ့်အခွင့်အရေးကို အသုံးချတဲ့အခါ အခြားသူတွေရဲ့ အခွင့်အရေးကိုလည်း လိုက်နာရမယ်ဆိုတာကို သိလိုက်တယ်။ နောက်ပိုင်းမှာလည်း အခြားသူတွေရဲ့ အခွင့်အရေး တွေကို မထိအောင် ဂရုတစိုက်နေထိုင် သွားမယ်လို့ ဆုံးဖြတ်ထား ပါတယ်။” လို့ပြောကြားထားပါတယ်။ […]