Entries by equalityMM

ငြိမ်းချမ်းရေး ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ပိတ်ဆို့ ဖမ်းဆီး

မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသောတိုက်ပွဲများရပ်တန့်ရေးနှင့် စစ်ဘေးသင့်ပြည်သူများအား လွတ်လပ်စွာကူညီခွင့်ရရေး အတွက် ဆန္ဒထုတ်ဖော်မည့် တက်ပြွလှုပ်ရှားသူများကို တာမွေအဝိုင်းထိပ်တွင် ရဲတပ်ဖွဲ့ဝင်များကဖမ်းဆီးရိုက်နှက်ခဲ့ပြီး တက်ကြွလှုပ်ရှားသူအချို့ ဖမ်းဆီးခံခဲ့ရသည်။ ဆန္ဒဖော်ထုတ်မည့် သူများသည် တာမွေမြို့နယ်၊ ပန်းပဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်အပါအဝင် မြို့နယ် ငါးမြို့နယ်ကို လှည့်လည်သွားရန် စီစဉ်ထားခြင်းဖြစ်ပြီး လမ်းကြောင်းစတင်မည့် တာမွေအဝိုင်းထိပ်တွင်ပင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

လူ့အခွင့်အရေးစကားသံ အပိုင်း(၁၁၈) မြန်မာနိုင်ငံကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်း (ပထမပိုင်း)

ယခုအပတ်မှာတော့ မြန်မာနိုင်ငံတွင် ပြဌာန်းတော့မည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းအကြောင်းကို ပရိသတ်တို့အား ဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး ဆရာဦးအောင်မျိုးမင်း နှင့် အတူတပည့်များက တင်ပြပေးသွားမှာဖြစ်ပါသည်။ ကလေးသူငယ်အခွင့်အရေး ဥပဒေမူကြမ်းကို ရှုပ်ထွေးမှုမရှိ၊ လွယ်ကူစွာ ရှင်းလင်း နားလည် သဘာပေါက်စေရန်အတွက် သင်တန်းခန်းမအတွင်း ဆရာနှင့်တပည့်များ အပြန်အလှန်းမေးမြန်း ဆွေးနွေးသည့်ကဏ္ဍလေးဖြင့် ရိုက်ကူးတင်ဆက်ပေးထားပါသည်။ ဇာတ်လမ်းတွဲတွင် ထိုဥပဒေမူကြမ်းရေးဆွဲရာမှာ ဘယ်သူတွေနဲ့ ဘယ်လိုရေးဆွဲထားသလဲ၊ ဒုတိယ အကြိမ်ရေးဆွဲသော ဥပဒေမူကြမ်းမှာ ထပ်မံပါဝင်လာသော အခန်းကဏ္ဍာတွေက ဘာတွေလဲ၊ ကလေး၏ အသက်သတ်မှတ်ချက်အကြောင်းများနှင့် ကလေး အလုပ်သမားများအတွက် ဆိုးရွားသောအလုပ်များ အကြောင်းတို့ကို ဆွေးနွေးပေးထားသည်။

နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး(ICC)အကြောင်း

ရေးသားသူ – ဦးအောင်မျိုးမင်း (Equality Myanmar) International Criminal Court (ICC) နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးအသံတွေ မြန်မာပြည်မှာ ညံလာတယ်ဆိုတော့ လေ့လာထားတာလေးတွေ တချို့ကို မျှဝေပေးလိုက်ပါတယ်… ဒီဆောင်းပါးမှာတော့ ICC ဆိုတာ ဘာလဲ.. ဘယ်လိုပေါ်ပေါက်လာလဲကို မိတ်ဆက်တင်ပြထားပါတယ်.. နောက်ပိုင်း မှာတော့ ICC မှာ လက်ခံတိုင်ကြားနိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးအစားတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ မြန်မာနိုင်ငံနဲ့ပတ်သက်နေတာတွေကို ရေးသွားပါမယ်.. International Criminal Court (ICC) နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး အသံတွေ မြန်မာပြည်မှာ ညံလာတယ်ဆိုတော့ လေ့လာထားတာလေးတွေ တချို့ကို မျှဝေပေးလိုက်ပါတယ်။ ဒီဆောင်းပါးမှာတော့ ICC ဆိုတာ ဘာလဲ။ ဘယ်လို ပေါ်ပေါက်လာလဲကို မိတ်ဆက် တင်ပြထားပါတယ်။ နောက်ပိုင်းမှာတော့ ICC […]

လွတ်လပ်လုံခြုံပြီး၊ အမုန်းတရား ပြန့်ပွားမှုထိန်းချုပ်နိုင်သည့် လူမှုကွန်ရက်တစ်ရပ်ဖြစ်ရေး တာဝန်ယူမှုရှိရှိ ထိရောက်သည့်အစီအစဉ်များချမှတ်ဆောင်ရွက်ရန် အရပ်ဖက်အဖွဲ့အစည်းများ Facebook အားတောင်းဆို

လွတ်လပ်လုံခြုံပြီး၊ အမုန်းတရား ပြန့်ပွားမှုထိန်းချုပ်နိုင်သည့် လူမှုကွန်ရက်တစ်ရပ်ဖြစ်ရေး တာဝန်ယူမှုရှိရှိ ထိရောက်သည့်အစီအစဉ်များချမှတ်ဆောင်ရွက်ရန် အရပ်ဖက်အဖွဲ့အစည်းများ Facebook အားတောင်းဆို

ကရင်ပြည်နယ် ဒေသအရေးပေါ် ကူညီထောက်ပံ့ရေးအဖွဲ့၏ အဖွဲဝင်တစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးရခြင်းအပေါ် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၏ သတင်းထုတ်ပြန်ချက်

ဧပြီလ (၁၁) ရက် ၂၀၁၈ ခုနှစ် ၂၀၁၈ ခုနှစ် ဧပြီလ (၅) ရက်နေ့က ကရင်ပြည်နယ် ဒေသအရေးပေါ် ကူညီထောက်ပံ့ရေးအဖွဲ၏ အဖွဲဝင်တစ်ဦး ဖြစ်သူ စောအိုမူးသည် ကရင်ပြည်နယ် လယ်မူပလောဒေသတွင် တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရ ကြောင်း သတင်းကြားသိရသည့်အတွက် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဖိုရမ် ( Human Rights Defenders Forum) နှင့် လူတိုင်းအတွက် လူ့အခွင့်အရေးအစီအစဉ် (Rights for All) ၏ မိတ်ဖက်အဖွဲ့ အစည်းများအနေဖြင့် အထူးစိတ်မကောင်းဖြစ်ရပါသည်။ စောအိုမူးသည် ကရင်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တက်ကြွစွာ လှုပ်ရှား ဆောင်ရွက်နေသော တိုင်းရင်းသား လူ့အခွင့်အရေးစောင့်ရှောက်သူ တစ်ဦးဖြစ်ပါသည်။ (၂၀၀၆) ခုနှစ်ကတည်းက ကရင်ပြည်နယ် သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုရေးလုပ်ငန်းဆိုင်ရာ […]

ဒုက္ခသည်တွေပြန်ခေါ်ဖို့ အဆင်သင့်ဖြစ်မဖြစ်

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ်၊ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး Ursula Mueller ဟာ ဧပြီလ ၂ ရက်နေ့ကနေ ၈ ရက်နေ့အထိ မြန်မာနိုင်ငံကို ခြောက်ရက်ကြာခရီးစဉ် လာရောက်ခဲ့ပြီး စစ်တွေမြို့နယ်က ဒုက္ခသည်စခန်းတွေနဲ့၊ မောင်တောမြို့နယ်မှာ ဆောက်လုပ်နေတဲ့ ပြန်လည် နေရာချထားရေး လုပ်ငန်းတွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုရဲမွန်တင်ပြထားပါတယ်။ (ဗီဒီယို- OHCHA/Reuters/RFA)

အခြေခံပညာပေးပြဇာတ်သင်တန်းနှင့် ကလေးအလုပ်သမား တားဆီးရေး ပညာပေးပေးပွဲ

Equality Myanmar April 10, 2018 ၂၀၁၈ ဧပြီလ ၄ ရက်မှ ၆ ရက်နေ့ အထိ မြစ်ကြီးနားမြို့ နောင်နန်းစင်တာတွင် ဒေသခံလူငယ်များအား အခြေခံလူထုပညာပေး ပြဇာတ်သင်တန်းကို ပြုလုပ်ခဲ့ပြီး ထွက်ပေါ်လာတဲ့ ကလေး အလုပ်သမားတားဆီးရေး ပညာပေး ပြဇာတ် ၂ ပုဒ်ကို ဇီးလွန် IDP camp တွင် ၂၀၁၈ ဧပြီလ ၇ ရက်နေ့ မှာ ပညာပေးကပြတင်ဆက်ခဲ့ပါသည်။ လုပျငနျးစဉျ လေ ြှာမှေ့ စှာ လုပျဆောငျနိုငျဖို့ အဖကျဖကျက ပါဝငျကူညီခဲ့သူမြားကို အထူးကြေးဇူးတငျရှိပါတယျ။ အရွယ်မရောက်သေးဘဲ ကလေးတွေ အလုပ်လုပ်နေရတာ ရပ်တန့် ဖို့ လူသားအားလုံးမှာ တာဝန်ရှိပါတယ်။

လူ့အခွင့်အရေးနှင့် ဥပဒေဆိုင်ရာ အမြင်ဖွင့်နည်းပြသင်တန်း အောင်မြင်စွာ ကျင်းပပြီးစီး

Equality Myanmar April 8, 2018 အားလုံးအတွက်လူ့အခွင့်အရေးစီမံကိန်း(Rights for All)၏ လူ့အခွင့်အရေးနှင့် ဥပဒေဆိုင်ရာ အမြင်ဖွင့်နည်းပြသင်တန်း (Training of Trainers) ကို ရန်ကုန်တိုင်း၊ သန်လျင်မြို့ရှိ WH ဟိုတယ်တွင်ေ အာင်မြင်စွာ ဖွင့်လှစ်ကျင်းပနိုင်ခဲ့သည်။ အဆိုပါသင်တန်းသို့ ကချင်၊ ကရင်၊ မွန်၊ ရှမ်းမြောက်၊ တနင်္သာရီနှင့် မန္တလေးတိုင်းတို့မှ သင်တန်းသားပေါင်း (၂၆) ဦး တက်ရောက်ခဲ့ကြသည်။ နည်းပြသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ လူ့အခွင့်အရေးနှင့် ဥပဒေဆိုင်ရာ အသိအမြင်များသိရှိပြီး၊ မိမိတို့ရပ်ရွာ၊ ဒေသများတွင် ပြန်လည်ပို့ချသွားနိုင်ရန် ဖြစ်သည်။ သင်တန်းကို မတ်လ ၁ရက်နေ့မှ ဧပြီလ ၄ရက်နေ့ထိ ကျင်းပြ ခဲ့ခြင်း ဖြစ်ပါသည်။ အားလုံးအတွက် လူ့အခွင့်အရေးစီမံကိန်းကို ဥရောပသမဂ္ဂရံပုံငွေဖြင့် ညီမျှခြင်းမြန်မာ၊ ဖွံ့ဖြိုးရေးမဏ္ဍိုင်၊ DCA-NCA […]

ကလေးအလုပ်သမားတားဆီးရေးနှင့်ပတ်သက်ပြီး ပညာပေးပြဇာတ် မြစ်ကြီးနားမှာတင်ဆက်မည်

Equality Myanmar April 8, 2018 ညီမျှခြင်းမြန်မာအဖွဲ့၏ United ACTပရိုဂရမ်မှဦးစီး၍ ကလေးအလုပ်သမားတားဆီးရေးနှင့်ပတ်သက်ပြီး ပညာပေးပြဇာတ် ဖျော်ဖြေပွဲကျင်းပသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လာရောက်ကြည့်ရှုအားပေးကြပါလို့ ဖိတ်မန္တကပြုလိုက်ပါသည်။ ပြဇာတ်ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဇီးလွန်ရပ်ကွက်ရှိ IDP Camp တွင်ကျင်းပြပြုလုပ်သွားမည်ဖြစ်ပါသည်။ ဝင်ကြေး အခမဲ့ ဖြစ်ပါသည်။

လူ့အခွင့်အရေးစကားသံ အပိုင်း(၁၁၇) လူ့အခွင့်အရေးနှင့် သတင်းမီဒီယာဥပဒေ

မင်္ဂလာပါယခုဆို လူ့အခွင့်အရေးနှင့် သတင်းမီဒီယာ အခန်းကဏ္ဍ၊ သတင်းမီဒီယာသမား၏ ဘဝ၊ ရပ်တည်မှု၊ အခက်အခဲနှင့် သတင်းလွတ်လပ်မှုအကြောင်းများကို DVB ရုပ်သံသတင်းဌာနမှ ထုတ်လွှင့်ပြသခဲ့သည်မှာ သုံးပတ်တိုင်တိုင်ရှိပြီး ဖြစ်ပါသည်။ ပရိသတ်များအနေဖြင့် ဤအစီအစဉ်ကို ကြည့်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံမှ သတင်းထောက်များ၏ ဘဝနှင့် သတင်းလွတ်လပ်မှုများ အခြေအနေများကြောင်း တစုံတရာ သိရှိနားလည်သွား ကြမည်လို့ မျှော်လင့်ပါသည်။