ငြိမ်းချမ်းရေး ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ပိတ်ဆို့ ဖမ်းဆီး

မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသောတိုက်ပွဲများရပ်တန့်ရေးနှင့် စစ်ဘေးသင့်ပြည်သူများအား လွတ်လပ်စွာကူညီခွင့်ရရေး အတွက် ဆန္ဒထုတ်ဖော်မည့် တက်ပြွလှုပ်ရှားသူများကို တာမွေအဝိုင်းထိပ်တွင် ရဲတပ်ဖွဲ့ဝင်များကဖမ်းဆီးရိုက်နှက်ခဲ့ပြီး တက်ကြွလှုပ်ရှားသူအချို့ ဖမ်းဆီးခံခဲ့ရသည်။ ဆန္ဒဖော်ထုတ်မည့် သူများသည် တာမွေမြို့နယ်၊ ပန်းပဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်အပါအဝင် မြို့နယ် ငါးမြို့နယ်ကို လှည့်လည်သွားရန် စီစဉ်ထားခြင်းဖြစ်ပြီး လမ်းကြောင်းစတင်မည့် တာမွေအဝိုင်းထိပ်တွင်ပင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။