လူ့အခွင့်အရေးနှင့် ဥပဒေဆိုင်ရာ အမြင်ဖွင့်နည်းပြသင်တန်း အောင်မြင်စွာ ကျင်းပပြီးစီး

Equality Myanmar April 8, 2018
အားလုံးအတွက်လူ့အခွင့်အရေးစီမံကိန်း(Rights for All)၏ လူ့အခွင့်အရေးနှင့် ဥပဒေဆိုင်ရာ အမြင်ဖွင့်နည်းပြသင်တန်း (Training of Trainers) ကို ရန်ကုန်တိုင်း၊ သန်လျင်မြို့ရှိ WH ဟိုတယ်တွင်ေ အာင်မြင်စွာ ဖွင့်လှစ်ကျင်းပနိုင်ခဲ့သည်။

အဆိုပါသင်တန်းသို့ ကချင်၊ ကရင်၊ မွန်၊ ရှမ်းမြောက်၊ တနင်္သာရီနှင့် မန္တလေးတိုင်းတို့မှ သင်တန်းသားပေါင်း (၂၆) ဦး တက်ရောက်ခဲ့ကြသည်။

နည်းပြသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ လူ့အခွင့်အရေးနှင့် ဥပဒေဆိုင်ရာ အသိအမြင်များသိရှိပြီး၊ မိမိတို့ရပ်ရွာ၊ ဒေသများတွင်

ပြန်လည်ပို့ချသွားနိုင်ရန် ဖြစ်သည်။

သင်တန်းကို မတ်လ ၁ရက်နေ့မှ ဧပြီလ ၄ရက်နေ့ထိ ကျင်းပြ ခဲ့ခြင်း ဖြစ်ပါသည်။

အားလုံးအတွက် လူ့အခွင့်အရေးစီမံကိန်းကို ဥရောပသမဂ္ဂရံပုံငွေဖြင့် ညီမျှခြင်းမြန်မာ၊ ဖွံ့ဖြိုးရေးမဏ္ဍိုင်၊ DCA-NCA အဖွဲ့တို့အမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းဖြစ်ပါသည်။