လူ့အခွင့်အရေးစကားသံ အပိုင်း(၁၃၉ ) ကလေးနှင့်အလုပ်
မင်္ဂလာပါ လူ့အခွင့်အရေးစကားသံမှ ပြန်လည်ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်။ မြန်မာနိုင်ငံ ကလေးအလုပ်သမားတွေထဲက အိမ်အကူကလေးအလုပ်သမားတွေ အကြောင်းသိရှိစေရန် ရည်ရွယ်ပြီး“ကလေးနှင့်အလုပ်” ဇာတ်လမ်းကို DVB ရုပ်သံမှ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ ကလေးအလုပ်သမားအကြောင်းရိုက်ကူးထားတဲ့ သီချင်းလေးကို သင်တန်းတစ်ခုတွင် ပြသပေးတယ်။ သီချင်းမှာပါဝင်သရုပ်ဆောင်နေတဲ့ ကလေးအလုပ်သမားတွေ ဘဝကို ကြည့်ပြီး သင်တန်းသားတွေရဲ့ခံစားချက်နှင့် အကြောင်းအရာတွေကို ညီမျှခြင်းမြန်မာအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဆရာဦးအောင်မျိုးမင်းက မေးမြန်းဆွေးနွေးပေးထားတယ်။ ဆက်ပြီး ကလေးအလုပ်သမားတွေထဲက အိမ်အကူ ကလေးအလုပ်သမားတွေအကြောင်း အဓိက ဆွေးနွေးထားပြီး၊ ကလေးအလုပ်သမားဘာကြာင့်များပြားနေရလဲဆိုတာကို ဆရာအောင်မျိုးမင်းက အကြောင်းအရင်းလေးတွေကို တင်ပြပေးထားတဲ့ ပညာပေး ဇာတ်လမ်းလေးဖြစ်ပါတယ်။