Entries by Equality Myanmar

လူ့အခွင့်အရေးပညာပေးမှု သင်တန်းများကျင်ပ

အောက်တိုဘာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်အသီသီးက လူငယ်များကို အွန်လိုင်းမှတဆင့် အခြေခံလူ့အခွင့်အရေးသင်တန်းများကို   ကျင်းပပြုလုပ်ခဲ့ပါသည်။ လူ့အခွင့်အရေး နည်းပြ ကိုအောင်ခန့် HRENအဖွဲ့ဝင်က“အခုလို Covid ကာလမှာ အားလုံးအနေနဲ့ အိမ်မှာနေရင်း လူ့အခွင့်အရေးကို စိတ်ဝင်တစား လေ့လာသင်ယူပြီး အချိန်ကို အကျိုးရှိရှိအသုံးချတာ တွေ့ရတဲ့ အတွက် ဝမ်းသာတယ်။ နောက် တစ်ခုက အဆိုးထဲက အကောင်း လို့ပြောရမလား အခုလို Covid ကာလမှာ နယ်ပယ်အစုံက လူတွေ ကဏ္ဍအသီးသီးမှာ အလုပ် လုပ်နေ ကြတဲ့လူတွေအားလုံးနဲ့ လည်း တွေ့ရတယ်။” ပိုမိုဖတ်ရှုရန် အောက်တွင် ဒေါင်းလုတ်ရယူနိုင်ပါတယ်။

အိမ်မှာနေ အလုပ်လုပ်ရက် ထပ်မံတိုးမြင့်

အသိပေးကြေညာချက် COVID-19 ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန် အစိုးရက အပြင်သွားလာမှုများ ထပ်မံကန့်သတ်ထားပါသည်။ ပြည်သူများကလည်း အစိုးရချမှတ်ထားသော စည်းကမ်းများကို လိုက်နာခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် ကြေညာထားပါသည်။ ထို့ကြောင့် ညီမျှခြင်းမြန်မာအဖွဲ့၏ ရုံးစီမံခန့်ခွဲရေး ကော်မတီသည်လည်း အစိုးရ၏ ညွှန်ကြားချက်နှင့်အညီ ရုံးဝန်ထမ်းမျာကို မိမိတို့နေအိမ်ကနေပြီး ရုံးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရမည့်ရက် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ ရက်အထိ သက်တမ်းတိုးမြင့်လိုက်ပါသည်။ အစိုးရ၏ ညွှန်ကြားချက်နှင့် ထုတ်ပြန်ချက်များကို စောင့်ကြည့်ပြီး ရုံးပြန်လည်ဖွင့်လှစ်မည့်ရက် ထပ်မံအကြောင်းကြားပေးသွားပါမည်။