အိမ်မှာနေ အလုပ်လုပ်ရက် ထပ်မံတိုးမြင့်

အသိပေးကြေညာချက်
COVID-19 ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန် အစိုးရက အပြင်သွားလာမှုများ ထပ်မံကန့်သတ်ထားပါသည်။ ပြည်သူများကလည်း အစိုးရချမှတ်ထားသော စည်းကမ်းများကို လိုက်နာခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် ကြေညာထားပါသည်။
ထို့ကြောင့် ညီမျှခြင်းမြန်မာအဖွဲ့၏ ရုံးစီမံခန့်ခွဲရေး ကော်မတီသည်လည်း အစိုးရ၏ ညွှန်ကြားချက်နှင့်အညီ ရုံးဝန်ထမ်းမျာကို မိမိတို့နေအိမ်ကနေပြီး ရုံးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရမည့်ရက် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ ရက်အထိ သက်တမ်းတိုးမြင့်လိုက်ပါသည်။
အစိုးရ၏ ညွှန်ကြားချက်နှင့် ထုတ်ပြန်ချက်များကို စောင့်ကြည့်ပြီး ရုံးပြန်လည်ဖွင့်လှစ်မည့်ရက် ထပ်မံအကြောင်းကြားပေးသွားပါမည်။