ပဋိပက္ခကို သတိပြုနားလည်းခြင်းဆိုင်ရာ အွန်လိုင်သင်တန်း
UNDEF၏ထောက်ပံ့မှုဖြင့် “မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ခိုင်မာအားကောင်းလာစေရန် ရပ်ရွာအခြေပြုအဖွဲ့များကို စည်းရုံးလှုံ့ဆော်ထောက်ပံ့ ပေးခြင်းစီမံကိန်း” ၏ စီမံချက်လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ပဋိပက္ခကို သတိပြုနားလည်းခြင်း (Conflict Sensitivity Online Training) ဆိုင်ရာ အွန်လိုင်သင်တန်းကို ညီမျှခြင်းမြန်မာက ဦးဆောင်ပြုလုပ် ခဲ့ပါသည်။ ဤသင်တန်းသည် မိတ်ဖက်အဖွဲ့အစည်းများအတွက် ထပ်ဆင့်ထောက်ပံ့ ရန်ပုံငွေစီမံချက် ကာလအတွင်း ကောင်းမွန်သည့် ရလဒ်များ ပိုမိုမြင့်တင်ပြီး မကောင်းသော ရလဒ်များတတ်နိုင်သမျှလျှော့ချသည့်နည်းလမ်းများကို စနစ်တကျအသုံးပြုလာတတ်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပါသည်။ ထို့အပြင် မိမိတို့၏ ဒေသအခြေအနေနှင့် မိမိတို့လုပ်ငန်းဆက်စပ်မူ သက်ရောက်မှုများကို သတိပြုလုပ်ဆောင်လာ စေရန် အထောက်အကူပြု (Tools) များကို စနစ်တကျအသုံးပြုလာတတ်စေရန် ရည်ရွယ်ပို့ချခဲ့ပါသည်။ “ဒီသင်တန်းတက်လိုက်ရတဲ့အတွက် ကျွန်မအနေနဲ့ သင်ယူရရှိလိုက်တာကတော့ မိမိရဲ့ စိတ်နေသဘောထားတွေ၊ လုပ်ငန်းခွင်အတွက် လိုအပ်သောအရည်အချင်းများနဲ့ လုပ်ငန်းအတွင်း ပဋိပက္ခအခက်အခဲများကို ဘယ်လိုကျော်လွှာ:ရမလဲ၊ […]

ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။