ပဋိပက္ခကို သတိပြုနားလည်းခြင်းဆိုင်ရာ အွန်လိုင်သင်တန်း

UNDEF၏ထောက်ပံ့မှုဖြင့် “မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ခိုင်မာအားကောင်းလာစေရန် ရပ်ရွာအခြေပြုအဖွဲ့များကို စည်းရုံးလှုံ့ဆော်ထောက်ပံ့ ပေးခြင်းစီမံကိန်း” ၏ စီမံချက်လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ပဋိပက္ခကို သတိပြုနားလည်းခြင်း (Conflict Sensitivity Online Training) ဆိုင်ရာ အွန်လိုင်သင်တန်းကို ညီမျှခြင်းမြန်မာက ဦးဆောင်ပြုလုပ် ခဲ့ပါသည်။

ဤသင်တန်းသည် မိတ်ဖက်အဖွဲ့အစည်းများအတွက် ထပ်ဆင့်ထောက်ပံ့ ရန်ပုံငွေစီမံချက် ကာလအတွင်း ကောင်းမွန်သည့် ရလဒ်များ ပိုမိုမြင့်တင်ပြီး မကောင်းသော ရလဒ်များတတ်နိုင်သမျှလျှော့ချသည့်နည်းလမ်းများကို စနစ်တကျအသုံးပြုလာတတ်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပါသည်။ ထို့အပြင် မိမိတို့၏ ဒေသအခြေအနေနှင့် မိမိတို့လုပ်ငန်းဆက်စပ်မူ သက်ရောက်မှုများကို သတိပြုလုပ်ဆောင်လာ စေရန် အထောက်အကူပြု (Tools) များကို စနစ်တကျအသုံးပြုလာတတ်စေရန် ရည်ရွယ်ပို့ချခဲ့ပါသည်။


“ဒီသင်တန်းတက်လိုက်ရတဲ့အတွက် ကျွန်မအနေနဲ့ သင်ယူရရှိလိုက်တာကတော့ မိမိရဲ့ စိတ်နေသဘောထားတွေ၊ လုပ်ငန်းခွင်အတွက် လိုအပ်သောအရည်အချင်းများနဲ့ လုပ်ငန်းအတွင်း ပဋိပက္ခအခက်အခဲများကို ဘယ်လိုကျော်လွှာ:ရမလဲ၊ ဘယ်လိုတိုင်တာ သိရှိနိုင်မလဲ ဆိုတာတဲ့နည်းလမ်းတွေ လေ့လာသင်ယူခဲ့ရတယ်။ ထို့အပြင် ပဋိပက္ခဖြစ်ရခြင်း အကြောင်းအရာကို ပိုမိုလေ့လာခွင့်ရခဲ့တယ်။ ဒါကြောင့် စီမံကိန်းကိုလုပ်ဆောင်ရာတွင် တတ်နိုင်သမျှ အနုတ်လက္ခဏာများလျှော့ချနိုင်အောင် သတိပြုလုပ်ဆောင်ရမယ်” လို့ မွန်လူငယ်ပညာပေးအဖွဲ့က တက်ရောက်လာသူ ဆိုပါသည်။

“ဒီသင်တန်းကို ပထမဦးဆုံးရောက်ဖူးတာဖြစ်ပါတယ်။ အရင်က Do No Harm အကြောင်းကို မသိရှိခဲ့ဘူး။ အခုဒီသင်တန်းတက်ရောက် ပြီးနောက် နည်းလမ်းတွ၊ အထောက်အကူပြုနည်းစနစ်တွေ (Tools) တွေကို လေ့လာသင်ယူရရှိခဲ့ပါသည်။ သင်တန်းကြောင့် လုပ်ငန်းခွင် ပြဿနာကို ဘယ်လိုစိတ်သဘောထားပြီး ဖြေရှင်းရမလဲဆိုတာသိလာတယ်။ စီမံကိန်းရဲ့ အကျိုးခံစားခွင့်ရှိသူတွေအပေါ် ထိခိုင်နစ်နာမှု မရှိအောင် လုပ်ငန်းများကို သတိပြု၍ စနစ်တကျ လုပ်ဆောင်ရမယ်ဆိုတာ လေ့လာသင်ယူခဲ့ရပါတယ်” လို့ ပွင့်လင်းဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အဖွဲ့က တက်ရောက်လာသူ ဆိုပါသည်။

ထိုသင်တန်းသို့ မွန်လူငယ်ပညာပေးအဖွဲ့(MYEO)၊ ပွင့်လင်းဖွံ့ဖြိုးရေး အဖွဲ့(ODF)၊ ကျေးလက်မြေအဖွဲ့(KLM)၊ ညီမျှမြန်မာမှာ ဝန်ထမ်း စုစု‌ပေါင်း သင်တန်းသား၊ သင်တန်းသူ ၁၇ ဦးပါဝင်တက်ရောက်ခဲ့ကြပါသည်။

ကျေးလက်မြေအဖွဲ့က တက်ရောက်လာသူကလည်း “ဒီသင်တန်းမှာတက်ရောက်ခြင်းကြောင့် ပဋိပက္ခ သတိပြုနားလည်းခြင်း ကိုနားလည်းသဘောပေါက်လာပါတယ်။ လုပ်ငန်းအတွင်းက ပြဿနာအခက်အခဲကို ဘယ်လိုကိုင်တွယ်လုပ်ဆောင်ရမလဲဆိုတဲ့ နည်းစနစ်တွေကို လေ့လာသင်ခဲ့ရပါတယ်။ အဲဒါအပြင် Do No Harm tool နဲ့ စီမံကိန်း လုပ်ငန်းစဉ်တွေကို တိုင်တာလုပ်ဆောင်ရ မယ်ဆိုတာကိုလဲ သဘောကျ နှစ်သက်မိပါတယ်”။

တက်ရောက်လာသော သင်တန်းသူ၊ သင်တန်းသားများသည် stakeholder mapping tool ကိုပုံဆွဲလေ့လာပြီးနောက် connectors နှင့် divider များအကြောင်းကို ပိုမိုသိရှိခဲ့သည်။ ပဋိပက္ခကို သတိပြုနားလည်းခြင်း အွန်လိုင်သင်တန်းကို နိုဝင်ဘာလ(၁၆) ရက်မှ (၁၈) နေ့ရက်အထိ (၃)ရက်တာကျင်းပခဲ့ကြပါသည်။