Entries by Equality Myanmar

မြန်မာနိုင်ငံအတွင်း ပြည်သူလူထု၏ အခွင့်အရေးများ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ၏ စိုးရိမ်ဖွယ်အခြေအနေ -အနှစ်ချုပ်အစီရင်ခံစာ

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့မှ စတင်ကာ  ပြည်သူတို့၏ ဆန္ဒမဲဖြင့် ရွေးကောက် တင်မြှောက်ထား သော ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ဆန့်ကျင်ပြီး မင်းအောင်လှိုင်မှ စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ပါသည်။ စစ်အာဏာသိမ်းရန်ကြိုးပမ်းပြီးနောက်ပိုင်း ပြည်သူတို့၏ အခွင့်အရေးများဖြစ်သည့် ပြည်သူ့ရေးရာနှင့် နိုင်ငံသား အခွင့်အရေးများကို ရက်စက်ကြမ်းကြုတ်စွာကျူးလွန်မှုများစွာ ကျူးလွန် ခဲ့ပါသည်။ ယခုတင်ပြသည့် အစီရင်ခံစာသည် အရပ်ဖက်လူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည့် အစီရင်ခံစာများနှင့် သတင်းဌာနများက ဖော်ပြထား သည့်အချက်များထဲမှ ပြည်သူ့ရေးရာနှင့် နိုင်ငံသားအခွင့်အရေးများကို ကိုလေ့လာ ဆန်းစစ်ပြီး တင်ပြထားသည့် အစီရင်ခံစာဖြစ်ပါသည်။ ဤအစီရင်ခံစာသည်ယခု လာမည့် ၂၀၂၃ ခုနှစ် မတ်လ(၆)ရက်နေ့တွင်ကျင်းပမည့် လူ့အခွင့်အရေး ကောင်စီ၏ (၅၂)ကြိမ်မြောက်ပုံမှန်အစည်းဝေး ကို ဦးတည်၍လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံအတွက် ချမှတ်မည့် […]

တပ်မတော်၏ မတရားအာဏာသိမ်းရယူမှု အခြေအနေနှင့် စပ်လျဉ်း၍ ညီမျှခြင်းမြန်မာ၏ သဘောထား ထုတ်ပြန်ချက်

သဘောထား ထုတ်ပြန်ကြေညာချက် ရက်စွဲ။   ။ ၂၀၂၁ခုနှစ်၊ ဖေ‌ဖော်ဝါရီလ၊ ၄ရက်။ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် တပ်မတော်၏ မတရားအာဏာသိမ်းရယူမှု အခြေအနေနှင့် စပ်လျဉ်း၍ ညီမျှခြင်းမြန်မာက အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ကြေညာလိုက်သည်။ အာဏာသိမ်းယူအပြီး ဆက်လက်ဖြစ်ပွားခဲ့သော နိုင်ငံရေးခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူအချို့ကို ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် နိုင်ငံရေးပါတီရုံးများကို ချိတ်ပိတ်ခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ အပေါ် စိုးရိမ်မိပါသည်။ မိမိတို့အနေဖြင့် အောက်ပါအချက်များကို တောင်းဆိုပါသည်။ (၁) ဖမ်းဆီးထိန်းသိမ်းထားသော ရွေးကောက်ခံ နိုင်ငံ‌ရေးခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွတ်ပေးရန်၊ (၂) ဒီမိုကရေစီစနစ်မှ သွေဖည်ဆန့်ကျင်သော လုပ်ရပ်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုလုပ်ဆောင်ချက်များကို ရပ်တန့်ရန်။ (၃) ပြည်သူလူထု၏ ဆန္ဒကို လေးစားပြီး အာဏာသိမ်းယူမှုကို ရပ်တန့်ရန်တောင်းဆိုလိုက်သည်။ ညီမျှခြင်းမြန်မာအနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလေးစားသည့် လူမှုပတ်ဝန်းကျင်ဖော်ဆောင်ရေးအတွက် ပြည်သူလူထုနှင့် တသားတည်းရပ်တည် ကာကွယ်သွားမည်။ […]

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေကို ကုလသမဂ္ဂမှာ သုံးသပ်ဆွေးနွေး

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေကို ကုလသမဂ္ဂမှာ သုံးသပ်ဆွေးနွေး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေက လေးနှစ်တစ်ကြိမ်ပြုလုပ်တဲ့ Universal Periodic Review UPR ခေါ် မြန်မာနိုင်ငံ့ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်ဆွေးနွေးမှုကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က လူ့အခွင့်အရေးကောင်စီမှာ ပြုလုပ်နေကြပါတယ်။ ဇန်နဝါရီလ ၂၅ရက်နေ့က ပြုလုပ်တဲ့ အဲဒီပွဲကို မြန်မာအစိုးရ ကိုယ်စားလှယ်တွေ အွန်လိုင်းကနေ တက်‌ရောက် တင်ပြခဲ့ပြီး နိုင်ငံတကာက ပါဝင်ဆွေးနွေးနေကြပါတယ်။ ဇန်နဝါရီ ၊၂၉ ရက်နေ့အထိကျင်းပမှာဖြစ်ပါတယ်။ ဒီကြားနာမှုအတွက် Burma/Myanmar UPR Forumလို့ ခေါ်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အရပ်ဖက်အဖွဲ့အစည်း ၂၉ဖွဲ့ စုပေါင်းထားတဲ့ ကွန်ရက်က တွေ့ရှိတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက အစီရင်ခံစာ တင်သွင်းထားခဲ့ပြီးဖြစ်ပါတယ်။ အဲဒီကွန်ရက်တာဝန်ခံ ဦးအောင်မျိုးမင်းကို ဆွေးနွေးပွဲအကြောင်း […]

ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးစာချုပ် (ICCPR) မှာပါတဲ့အခွင့်အရေကို ကန့်သတ်လို့ ရ၊ မရ ကဒ်ပြားလေးတွေကို လေ့လာကြရအောင်။

ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးစာချုပ် (ICCPR) မှာပါတဲ့အခွင့်အရေးတွေကို လိုအပ်လို့ လိုအပ်သလောက် ဆိုင်းငံ့ကန့်သတ်မယ်ဆိုရင်တောင် လုပ်ချင်တိုင်းလုပ်လို့မရပါဘူး။ လိုက်နာရမဲ့ လုပ်ထုံးလုပ်နည်းတွေရှိပါတယ်ဆိုတဲ့အကြောင်းကို ကဒ်ပြား (၁) မှာ ရှင်းပြထားပါတယ်။ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားနေတဲ့ အခြေအနေမျိုးမှာ ပြည်သူ့ရေးရာနဲ့ နိုင်ငံရေးအခွင့်အရေးတချို့ကို ဆိုင်းငံ့ကန့်သတ်လို့ရတယ်ဆိုပေမဲ့ လုပ်ထုံးလုပ်နည်းအတိုင်းသာ လုပ်ဆောင်ရပါမယ်ဆိုတာ ကဒ်ပြား (၂) မှာ ရှင်းပြထားပါတယ်။ ကပ်ပြား (၃) မှာကတော့လွတ်လပ်စွာ သွားလာခွင့်ကို ဆိုင်းငံ့ကန့်သတ်လို့ရလား။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကိုရော ပိတ်ပင်လို့ရလားဆိုတဲ့ မေးခွန်းကိုတော့ ကဒ်ပြား (၄) မှာ ရှင်းပြထားပါတယ်။ အပြည်အစုံ ရယူရန်။  ။မြန်မာဘာသာ –  ၁ မှ ၅ အထိ။ အပြည်အစုံ ရယူရန်။  ။မြန်မာဘာသာ – ၆ မှ ၁၀ အထိ။