လူ့အခွင့်အရေးနှင့် ကလေးအခွင့်အရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ
လူ့အခွင့်အရေးနှင့် ကလေးအခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို ဥယျာဉ်လေးကျေးရွာ၊ စဉ်ကိုင်မြို့နယ် မန္တလေးတိုင်းတွင် ၁၁ ရက်၊ မတ်လ၊ ၂၀၁၉ ခုနှစ်မှ ၁၃ရက်၊ မတ်လ၊ ၂၀၁၉ခုနှစ်အထိ Equality Myanmar မှ ကျင်းပပြုလုပ်ခဲ့ပါသည်။
တက်ရောက်သူစုစုပေါင်း (၂၅) ရောက်ရှိခဲ့သည်။အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် – အဖွင့်မိတ်ဆက်ခြင်း၊ လူ့အခွင့်အရေး အခြေခံအယူအဆ၊ ကလေးအခွင့်အရေး အယူအဆနှင့် ပေါ်ပေါက် လာပုံသမိုင်းကြောင်း၊ ကလေးအခွင့်အရေး အခြေခံ သဘောတရား များ၊ ကလေး အခွင့်အရေးစာချုပ်ပါ အပိုဒ်များ၊ ကလေးအခွင့်အ
ရေးနှင့်ပတ်သတ်ပြီး တာဝန်ရှိသူများ၏ တာဝန် ဝတ္တရားများ၊ ကလေးများအား ရိုက်နှက်ဆုံးမခြင်းနှင့် ဥပဒေပါ ပြဌာန်းချက်များ အကြောင်းကို ဆွေးနွေးခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် လိုအပ်သောအထောက်ကူပစ္စည်း IEC များ ပေးအပ်ခြင်း၊ စိတ်ဝင်စာမှု ပိုမိုရှိစေရန် ၊ သရုပ်ဖော်ပြသခြင်း၊ Video MTV များပြသခြင်း ၊အုပ်စုအလိုက် ဆွေနွေးခြင်းများ၊ အပြန်အလှန် မေးဖြေခြင်းများ အလုပ်ရုံဆွေးနွေးပွဲအား စိတ်ဝင်စားစေရန် ပြု လုပ်နိုင်ခဲ့ပါသည်။
ဟောပြောပွဲအပြီး – တက်ရောက်သူများအားတွေ့ဆုံမေးမြန်ရာတွင်
ဦးမြင့်သိန်း(ဥယျာဉ်လေးကျေးရွာ)မှ ယခုလိုပြောပါသည်။ အရင်တုန်း ကသင်တန်း တွေတက်ဖူး တယ်။ယခုလိုသင်တန်းပေးမှု ပုံစံမျိုး မဟုတ်ဘူး။အခုသင်တန်းက တိုတိုလေးနဲ့ထိမိတယ်။ အရင်တုန်းက ဆိုရင် ကလေးတွေကိုဆုံးမတဲ့ အခါမှာ ရိုက်တယ် ။ ကျနော်တို့ လူမျိုးမှာကြတော့ ကလေးကိုချစ်ရင်ကြိမ်လုံးဆောင်ထား ဆိုတဲ့ အယူအဆ ရှိတယ် အဲ့ဒီအယူအဆက လုံးဝလွဲမှားတယ် ဆိုတာ အခုတော့ သိရှိလာတယ်။ ကလေးတွေက သတ်မဲ့ အရာဝတ္ထု မဟုတ်ဘူးဆိုတဲ့အရာကို စဉ်းစားမိခဲ့ပါတယ်။ ကျနော့်သမီး တစ်ယောက်က ဘာသာမတူသူနဲ့ အိမ်ထောင်ကျတယ်။ သူတို့ရဲ့ကလေးတွကို အတင်းကျပ် ပုံစံမျိုး မဟုတ်ဘဲနဲ့ ကလေးအခွင့် အရေး ထဲမှာပါတဲ့အတိုင်း သူတို့ရွေးခြယ်တဲ့ လမ်းကိုဘဲ လျှောက် လှမ်းခိုင်းမှာ ပါ။ ကလေးတွေရဲ့ အမေကိုလည်း ပြန်လည် ပြောပြပြီး နားလည်အောင်လုပ်ဆောင်စေမှာပါ။
ဒေါ်မြသီတာထွန်း ( ရေချမ်းအိုးကျေးရွာ)
အရငတွုနွးကဆိုရငွ ကလေးအလုပွ သမားနှင့ပွတသွတပွှီး တကယမွသိခဲ့ပါဘူး။ ကလေးတှရေဲ့ အလုပခွှိနကွ တဈရကကွို လေးနာရီ ဘဲဆိုတာအခုမှ သိတာပါကလေး တိုငွးကိုအလုပလွုပွ ခိုငွးလို့မရပါဘူး။ ၁၄နှဈပှည့ပွှီးသော ကလေးမှားကိုသာ တရကအွ လုပခွှိနွ လေးနာရီနှင့ွ အလုပလွုပခွိုငွးလို့ရပါသညွ။ အခုသိရှိသှားတဲ့ အကှောငွးအရာတှေ အတိုငွး ကလေးတှပှနလွေညပွှောပှမယွ ကလေးအခှင့အွရေး ပါတဲ့ အခှင့အွရေးေ တှ လိုကနွာမယ့ွ အခကွှ အလကတွှအတေိုငွး စာသငတွဲ့အခါမှ လိုကနွာပှီး အတကနွိုငဆွုံး ကှိုးစားသှားမှာပါ။
ဒေါ်မာလာရီ (မက္ခရာမြို့ဟောင်း) ကလေးတွေကို ဘယ်လိုပြုစု စောင့်ရှောက်မယ်၊ သင်ကြားပေး ရမယ်ဆိုတဲ့ ဗဟုသုတတွေ ရရှိ ခဲ့ပါတယ်။ ပွဲတွေပြုလုပ်တဲ့အခါမှာ ကလေးတွေကို အရွယ်လိုက် သူတို့ရဲ့အမြင်တွေကို အလေးထားရမယ်။ ကလေးတွေကို ဆုံးမတဲ့ အခါရိုက်နှက်ဆုံးမခြင်း တွေကိုမပြုလုပ်ရဘူးဆိုတာသိလာတယ်။ အရင်တုန်းကဆိုရင် ဗမာ လူမျိုးတွေရဲ့ အယူအဆ အတိုင်း ကလေးတွေကိုရိုက်နှက်ဆုံးမပေးမှ ရမယ်လို့သိထားခဲ့တာ။ အဲ့ဒီအသိက လွဲမှားတဲ့ အသိဆိုတာ အခုသိရှိလာခဲ့ရပြီ။ကျောင်း ကိုပြန်ရောက်တဲ့အခါ မှာလည်း အခုသင်တန်း ကနေသိရှိခဲ့တဲ့ အတိုင်းလိုက်နာကျင့်သုံးသွားပါ့မယ်။







ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
