Entries by Equality Myanmar

ကြံ့ခိုင်ရေးပါတီအား အရပ်ဖက် အဖွဲ့အစည်း ၉၀ ကျော် ကန့်ကွက်

  နိုင်ငံရေးပါတီတစ်ခုအနေဖြင့် မသန်စွမ်းသူတွေအပေါ် ကောင်းကျိုးဆောင်တဲ့အမြင်မရှိဟု ညီမျှခြင်းမြန်မာက ဦးအောင်မျိုးမင်း ဝေဖန် ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို မြန်မာနိုင်ငံ နားမကြားအဖွဲ့အစည်းများ၊ မသန်စွမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း အပါအဝင်စုစုပေါင်း ၉၀ကျော်က ကန့်ကွက်ကြောင်း နိုဝင်ဘာလ ၁၄ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ကြံ့ခိုင်ရေးပါတီရဲ့ နိုဝင်ဘာ၁၁ရက်နေ့ကထုတ်ပြန်တဲ့ သတင်းလွှာမှာ အစ္စရံ ကျေးရွာက စာမတတ်သူ၊ စကားမပြောတတ်သူ၊ နားမကြားသူ ဒေါ်ဝင်းစန္ဒာခိုင် ဆန္ဒမဲပေးခြင်းကို ကန့်ကွက်ကြောင်း ဖော်ပြထားပြီး နိုဝင်ဘာလ ၁၂ရက်နေ့သတင်းလွှာမှာ ”မသန်မစွမ်း”သူဟုသုံးနှုန်းထားတာဖြစ်ပါတယ်။ဒါ့အပြင် ဒေါ်ဝင်းစန္ဒာခိုင်ကို ဆန္ဒမဲပေးခွင့်ပြုတာကို မဲမသမာမှုတစ်ခုအနေနဲ့ ကြံ့ခိုင်ရေးပါတီကတရားဝင်ဖော်ပြထားတာဖြစ်ပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၉)၊ပုဒ်မ (၃၉၂)မှာ ဆန္ဒမဲပေးပိုင်ခွင့်မရှိတဲ့သူတွေကို ဖော်ပြထားပြီး အဲဒီအထဲမှာ မသန်စွမ်းသူတွေပါဝင်ခဲ့ခြင်း မရှိဘူးလို့ညီမျှခြင်းမြန်မာ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဂလက်ဆီသတင်းဌာနကို […]

စည်းရုံးရေးကာလအတွင်း ခိုက်ရန်ဖြစ်ပွားမှုများကို ပါတီခေါင်းဆောင်ပိုင်းက အမြန်ထိန်းသိမ်းရန်လို

မဲဆွယ်စည်းရုံးရေးကာလအတွင်းကိုယ်ထိလက်ရောက်အကြိမ်ရေများပြားလာသည့်အတွက် ရွေးကောက်ပွဲ နေ့တွင် ယခုထက်ဆိုးရွားသော ခိုက်ရန်ဖြစ်ပွားမှုများ မဖြစ်ပေါ်စေရန် ပါတီတာဝန်ရှိသူများ အနေဖြင့် ပါတီဝင်များကို ထိန်းသိမ်းရန်လိုအပ်နေပြီဟု နိုင်ငံရေးလေ့လာသုံးသပ်သူ အချို့ကပြောသည်။ စက်တင်ဘာ ၂၁ရက် မိတ္ထီလာမြို့နယ်၊ ညောင်းကိုင်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်သူများက NLD ပါတီဝင်နေအိမ်ကို ဖျက်ဆီးမှုဖြစ်စဉ်၊ မြိုင်မြို့နယ် NLDပါတီ အလုပ်အမှုဆောင်နေအိမ်၌ ပါတီစည်းရုံးရေး သီချင်းဖွင့်သည်ဟုဆိုကာ ပြည်ခိုင်ဖြိုးထောက်ခံသူများက အိမ်နှင့်မော်တော်ယာဉ်များကို ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်နှင့် ယခုလ ၂၂ရက်က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာ၌ပြည်ခိုင်ဖြိုးထောက်ခံသူ အချို့၏ ရိုက်နှက်မှုကြောင့် NLD ထောက်ခံသူ တစ်ဦးသေးဆုံးခဲ့မှုများ အပေါ် နိုင်ငံရေး အကဲခတ်သူများက ပြောသည်။ “ဒီလိုမျိုး ပဋိပက္ခတွေက ရွေးကောက်ပွဲနေ့မှာရော ဖြစ်မလာနိုင်ဘူးလား။ ပြီးတော့ ပါတီမတူ၊ အယူအဆမတူ ရန်သူလို့သတ်မှတ်ရင် ဒီမိုကရေစီရဲ့ အနှစ်သာဖြစ်တဲ့ မတူကွဲပြားပိုင်ခွင့်၊ […]