စစ်ပွဲဆိုင်ရာ ရာဇ၀တ်မှု အပိုင်း (၂)
စစ်ပွဲဆိုင်ရာ ရာဇ၀တ်မှု (War Crime) ဆိုတာက ဘာလဲ။ စစ်ပွဲဆိုင်ရာ ရာဇ၀တ်မှု (War Crime) ဆိုတာကတော့ စစ်ပွဲ (သို့မဟုတ်) လက်နက်ကိုင်ပဋိပက္ခကာလ အတွင်းမှာ စစ်ရေး ဗျူဟာ၊ စီမံကိန်းတခု အနေဖြင့် ရည်ရွယ်ပြီး အရပ်သားတွေအပေါ်၊ သုံ့ပန်းတွေအပေါ်၊ စစ်ပွဲအတွင်း ဖမ်းဆီးခံရ သူတွေ အပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုပါ။ မြန်မာနိုင်ငံမှာကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ စစ်ရာဇ၀တ် မှုမြောက်တယ်လို့ ပြောလို့ရလား။ စစ်ရာဇ၀တ်မှုမြောက်တယ်လို့ ထင်ထင်ရှားရှားပြောနိုင်တဲ့ ဖြစ်ရပ်တွေက ဘာတွေလဲ။ စတဲ့ အကြောင်းအရာတွေကို ဗီဒီယိုထဲမှာကြည့်ရှုနိုင်ပါတယ်။ #WarCrime #PVTV #Equality Myanmar #HRETV #HumanRights

ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။