War Crime Part (I)

စစ်ပွဲဆိုင်ရာ ရာဇ၀တ်မှု (War Crime) ဆိုတာက ဘာလဲ??

  • စစ်ပွဲဆိုင်ရာ ရာဇ၀တ်မှု (War Crime) ဆိုတာကတော့ စစ်ပွဲ (သို့မဟုတ်) လက်နက်ကိုင်ပဋိပက္ခကာလ အတွင်းမှာ စစ်ရေးဗျူဟာ၊ စီမံကိန်းတခုအနေဖြင့်ရည်ရွယ်ပြီး အရပ်သားတွေအပေါ်၊ သုံ့ပန်းတွေအပေါ်၊ စစ်ပွဲအတွင်းဖမ်းဆီးခံရသူတွေအပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုပါ။

စစ်ပွဲဆိုင်ရာ ရာဇ၀တ်မှု (War Crime) မြောက်တဲ့ အမှုတွေက ဘာတွေလဲ??

  • စစ်ပွဲဆိုင်ရာ ရာဇ၀တ်မှု(War Crime) မြောက်တဲ့ ပြစ်မှုအမျိုးအစား (၁၂) မျိုးရှိပါတယ်။

(၁) စိတ်ပါလက်ပါ သတ်ဖြတ်ခြင်း၊ မျိုးသုဉ်းစေခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ရက်ရက်စက်စက် ဆက်ဆံခြင်း၊

(၂) လူတယောက်၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းအောင် ဆက်ဆံခြင်း၊ ဓားစာခံအဖြစ် ခေါ်ဆောင်ခြင်း၊

(၃) ရည်ရွယ်ချက်ရှိရှိဖြင့်အရပ်သားများကိုပစ်မှတ်ထား တိုက်ခိုက်ခြင်း၊

(၄) ဂျီနီဗာသဘောတူစာချုပ်က သတ်မှတ်ထားသည့် သင်္ကေတများပါရှိသည့် အဆောက်အဦများ၊ ပစ္စည်းများ၊ ဆေးဝါးဌာနများနှင့် ယာဉ်များကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးခြင်း၊

(၅) လူသားချင်းဆိုင်ရာ စာနာမှုဝန်ထမ်းများနှင့် ငြိမ်းချမ်းရေးတပ်ဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊

(၆) ဘာသာရေး၊ ယဉ်ကျေးမှု၊ အထိမ်းအမှတ်များ၊ ဆေးရုံများနှင့် လူနာများထားရှိသည့်နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊

(၇) လိင်စော်ကားခြင်း၊ အတင်းအကျပ် ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်း၊ ကိုယ်ဝန်ရစေခြင်း၊ သားကြောဖြတ်ခြင်းနှင့် အခြားပုံစံများဖြင့်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊

(၈) အသက်(၁၅) နှစ်အောက်ကလေးများကို စစ်ပွဲများတွင်ပါဝင်စေခိုင်းခြင်း၊

(၉) ရပ်ရွာလူထုများကိုလုံခြုံရေးအကြောင်းကြောင့်မဟုတ်ဘဲ ရွှေ့ပြောင်းခြင်း၊

(၁၀) ဒဏ်ရာရသည့်တစ်ဖက်တပ်သားများကိုရက်ရက်စက်စက်သတ်ဖြတ်ခြင်း၊

(၁၁) စစ်သုံ့ပန်းများကို တယောက်မကျန် သတ်ဖြတ်ခြင်း၊ ၎င်းတို့၏ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဖြတ်တောက်ခြင်း၊ ဆေး (သို့မဟုတ်) သိပ္ပံပညာ စမ်းသပ်မှုများကို လုပ်ဆောင်ခြင်း၊

(၁၂) လိုအပ်ချက်အရမဟုတ်ဘဲ လူထု၏ ကိုယ်ပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ သိမ်းပိုက်ခြင်း။

အသေးစိတ်ဆွေးနွေးပို့ချချက်ကို ဗီဒီယိုတွင် ကြည့်ရှုနိုင်ပါတယ်။

#WarCrime

#PVTV

#Equality Myanmar

#HRETV

#HumanRights