Entries by Equality Myanmar

Covid-19 နှင့် တရားဥပဒေစိုးမိုးရေး

ပြီးခဲ့တဲ့တစ်ခေါက်က Covid-19 နဲ့ တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်သူများရဲ့ ကျင့်ဝတ်(၁၀)ချက်ကို ရှင်းပြပေးခဲ့အပြီးမှာတော့ တရားဥပဒေစိုးမိုးရေးအတွက် အမိန့်တွေကို ထုတ်ပြန်တဲ့အစိုးရမှာလည်း တာဝန်ရှိတဲ့အကြောင်းနဲ့ တရားဥပဒေ စိုးမိုးရေးကို  ဝိုင်းဝန်းပြီးတော့ ကူညီကြမဲ့ ပြည်သူလူထုကလည်း တာဝန်ရှိတယ်ဆိုတဲ့အကြာင်းလေးကို ရှင်းပြပေးထားပါတယ်။

ကိုဗစ် နှင့် တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်သူများ၏ ကျင့်ဝတ်(၁၀)ချက်

Covid-19 ကပ်ရောဂါကို ကာကွယ်ဖို့၊ တွန်းလှန်ဖို့ လုပ်ဆောင်တဲ့အချိန်မှာ လိုအပ်သော ဥပဒေနဲ့ အမိန့်ကြေညာစာတွေ ထုတ်ပြန်ပြီးတော့ ကန့်သတ်မှု လုပ်ဆောင်တာတွေ ရှိတတ်ပါတယ်။ နိုင်ငံတကာဥပဒေတွေမှာပဲ ကြည့်ကြည့်၊ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းမှာပဲ ကြည့်ကြည့် လိုအပ်လာလို့ရှိရင် တချို့သော အရေးပေါ်အခြေအနေမျိုးမှာ တချို့သော အခွင့်အရေးများကို ဆိုင်းငံ့ထားလို့ ရတယ်လို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ စိုးရိမ်စရာတစ်ခုနဲ့ မေးစရာ မေးခွန်းတစ်ခုတော့ ရှိလာပါတယ်။ ကဲ..ဘာတွေက စိုးရမ်းစရာဖြစ်စေသလဲ ဆိုတာကို ဗွီဒီယိုလေးကို ကြည့်လိုက်ကြရအောင်နော်…

Covid-19 ရောဂါနဲ့ လူ့အခွင့်အရေး

Covid-19 ရောဂါနဲ့ လူ့အခွင့်အရေး ဘယ်လိုဆက်စပ်နေသလဲ။ လူ့အခွင့်အရေးထဲက ကျန်းမာရေးရရှိခွင့်ဆိုတဲ့ အကြောင်းအရာနဲ့ အဓိက သတင်းများရရှိခွင့်ဆိုတဲ့ အကြောင်းအရာကို ဦးစားပေး ဆွေးနွေးပေးထားပါတယ်။

ဧရာဝတီတိုင်းရှိ မြို့နယ်များသို့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများလှူဒါန်းခြင်း

ပြင်စလူမြို့ရှိ ကိုဗစ် ကာကွယ်စောင့်ရှောက်ရေးကမ့်(Camp)နှင့် ဇလွန်ပြည်သူ့ဆေးရုံသို့ နှာခေါင်းစည်း၊ အပူချိန်တိုင်းစက်၊ ပီပီအီး(Personal protective Equipment)၊ လက်အိတ်နှင့် ပညာပေးစတစ်ကာများကို   ဧရာဝတီလူငယ်ကွန်ရက်က  ညီမျှခြင်းမြန်မာအဖွဲ့၏ ထောက်ပံ့မှုဖြင့် သွားရောက်လှူဒါန်းခဲ့ပါသည်။ ထို့အပြင် ပုသိမ်မြို့နယ် နှင့် သာပေါင်းမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးများ၊ ဒေသဖွံ့ဖြိုးရေးဦးဆောင်လုပ်ကိုင်နေသော ဒေသခံလူငယ်များနှင့် ချိတ်ဆက်ကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ပြင်စလူမြို့နယ် နှင့် ဇလွန်မြို့နယ် ရှိ ခရိုင်ကိုယ်စားလှယ်လူငယ်များနှင့် ဧရာဝတီလူငယ်ကွန်ရက်တို့က ချိတ်ဆက်ပူးပေါင်းကာ သက်ဆိုင်ရာနယ်များသို့ လိုင်းကားဖြင့် ပို့ဆောင်ခြင်း၊ နှာခေါင်းစည်းတပ်ရန် အဓိကလိုအပ်သူ များဖြစ်သည့် ကွမ်းယာဆိုင် စျေးသည်များ၊ လမ်းစုံ လမ်းဂွရှိ ဆိုင်ကယ် တက္ကစီ၊ အိုးဝေ သမားများကို တစ်ဦးလျှင် ၁၀ ခုစီ ပေးဝေခဲ့သည်။ ဧရာဝတီလူငယ်ကွန်ရက် လူငယ်များက ကြက်တူရွေးဈေး၊ ကနကုန်းဈေး၊ ဧရာမင်းဈေး၊ […]

COVID – 19 and Discrimination

ကိုဗစ် တိုက်ဖျက်ခြင်းနှင့်ပတ်သက်ပြီးတော့  ခွဲခြားဆက်ဆံမှုတွေ ဘယ်လိုမျိုးရှိနိုင်သလဲ ဆိုတဲ့အကြောင်းအရာကို တင်ပြပေးထားပါတယ်။

ရေးမြို့နယ်တွင် Covid-19 နှင့် ပတ်သက်၍ ပညာပေးလှုံ့ဆော်မှုနှင့်အတူ ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများလှူဒါန်း

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁၂) ရက်နေ့တွင် Covid-19 ရောဂါကူးစက်မှုနှင့် ပတ်သက်၍ ထိရောက်သော နည်းဖြင့် ကာကွယ်နိုင်ရေးအတွက် ရေးမြို့နယ်ရှိ Home Quarantine နှင့် Facility Quarantine ဝင်နေသာ သူများကို  MWCUC အဖွဲ့ကတာဝန်ရှိသူများသည် ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများ လှူဒါန်း ခြင်းနှင့် ပြည်သူအချင်းချင်း ခွဲခြားဆက်ဆံလိုမှု လျော့ကျလာရေးအတွက် ပညာပေးလှုံ့ဆော်မှုများကို ညီမျှခြင်းမြန်မာအဖွဲ့၏ ထောက်ပံ့မှုဖြင့် လုပ်ဆောင်နိုင်ခဲ့ပါသည်။ ရေးမြို့နယ်၊ ကော့လှိုင်ကျေးရွာသို့ နှာခေါင်းစည်း(Mask)၄၀၀ နှင့် “ကိုဗစ်ပိုးက လူတိုင်းရဲ့ အန္တရာယ်ပါ၊ သူငါ မခွဲခြား လူတိုင်းကာကွယ်ပါ” စာတမ်းပါ စတစ်ကာ ၄၀၀၊ ချောင်းတောင်ကျေးရွာ၊ ခေါစာကျေးရွာနှင့် ဟန်ဂန်ကျေးရွာသို့ နှာခေါင်းစည်း(Mask) ၁၀၀ နှင့် စတစ်ကာ ၉၀၀၊ မော့ကနင် ရွာသစ်ကျေးရွာသို့ […]

အိမ်မှာနေအလုပ်လုပ်ရက်ထပ်မံတိုးမြင့်ကြောင်း အသိပေးချက်

အိမ်မှာနေအလုပ်လုပ်ရက်ထပ်မံတိုးမြင့်ကြောင်း အသိပေးချက်  ညီမျှခြင်းမြန်မာအဖွဲ့သည် ကပ်ဘေးကြိုတင်ကာကွယ်တားဆီးသည့်အနေဖြင့် အစိုးရ၏ပန်ကြားချက်အတိုင်း လူစုလူဝေးနှင့်ကျင်းပရသော အခမ်းအနားများ၊ သင်တန်းများ၊ အစည်းအဝေးများကို ယာယီရပ်ဆိုင်းထားပြီး ညီမျှခြင်းမြန်မာရုံးကိုလည်း မတ်လ ၂၃ ရက် မှ ဧပြီလ၊ ၃၀ ရက် အထိ ယာယီပိတ်ထားခဲ့ပြီး၊ ဝန်ထမ်းများသည် မိမိတို့နေအိမ်ကသာ ရုံးလုပ်ငန်းများကို လုပ်ဆောင်နေလျက်ရှိပါသည်။ လတ်တလောကပ်ရောဂါအခြေအနေရ ပြည်သူများအားလုံးသည် မိမိနေအိမ်အတွင်းတွင် နေထိုင်ခြင်းဖြင့် ရောဂါ ပြန့်ပွားမှုကို ကာကွယ်နိုင်မည်ဟု ယူဆသောကြောင့် ရုံး၏လုပ်ငန်းများ၊ သင်တန်းများ၊ အစည်းအဝေးများကို  မေလကုန် ၃၁ ရက် အထိ ဆက်လက်ပိတ်ထားမည်ဖြစ်ပါကြောင်း ထပ်မံအသိပေးကြေညာအပ်ပါသည်။ ကမ္ဘာတစ်ဝန်းပျံ့နှံ့ဖြစ်ပွားနေသည့်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ် (Corona virus Disease 2019 – COVID – 19) ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်သည်ဟု ကမ္ဘာ့ကျန်းမာရေး […]

မင်းလှမြို့နယ်တွင် Covid-19 နှင့်ပတ်သက်၍ ပညာပေးလှုံ့ဆော်မှုနှင့်အတူ ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများလှူဒါန်း

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁၁) ရက်နေ့တွင် မင်းလှမြို့ရှိ Facility Quarantine နှင့် Home Quarantine ဝင်နေသောသူများကို ကျန်းမာရေးဆိုင်ရာ ပစ္စည်းများလှူဒါန်းခြင်း၊ ရောဂါကူးစက်မှုနှင့် စပ်လျဉ်း၍ ပြည်သူအချင်းချင်း ခွဲခြားဆက်ဆံမှုများ မပြုလုပ်ကြစေရန်အတွက် ပညာပေးလှုံ့ဆော်မှု အစီအစဉ်များကို လူ့အခွင့်အရေးပညာပေးသူများ ကွန်ရက်အဖွဲ့ဝင် မသစ်သစ်ဇွန်ကEquality Myanmar ၏ ထောက်ပံ့မှုဖြင့် လုပ်ဆောင်နိုင်ခဲ့ပါသည်။ မင်းလှမြို့မစျေးကြီး မိဘပြည်သူများအား နှာခေါင်းစည်း(mask-250)ခု ကို မင်းလှမြို့နယ် လူငယ့်ရေးရာကော်မတီ၊  Pioneer Angel Women Network ၊ အုတ်တွင်းကျေးရွာလူငယ်များ၊ရှမ်းတောကျေး ရွာမှလူငယ်များ၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတတ်ရေး ကွန်ယက်အဖွဲ့တို့က ဖြန့်ဝေခဲ့ကြပါသည်။ ထို့အပြင် ဧပြီလ၊ ၁၂ရက်နေ့ မင်းလှမြို့၊ စစ်ကွင်းဈေးတွင်လည်း နှာခေါင်းစည်း(mask-250) “ကိုဗစ်ပိုးက လူတိုင်းရဲ့ အန္တရာယ်ပါ၊ သူငါ မခွဲခြား […]

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကို တိုက်ဖျက်နေတဲ့ မြန်မာနိုင်ငံ ဒေသအသီးသီးက LGBT များ

ကမ္ဘာ့ကပ်ရောဂါ COVID-19 တိုက်ဖျက်ရေး ကာကွယ်ရေးလုပ်ငန်းတွေမှာ မြန်မာ နိုင်ငံရဲ့ ဒေသအသီးသီးမှာရှိတဲ့ LGBT တွေကလည်း စေတနာဝန်ထမ်းအဖြစ် နိုင်ငံရဲ့တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီနေကြပါတယ်။ ဒါဟာ LGBT တွေရဲ့ လူသားချင်းစာနာပြီး ကိုယ်ကျိုးစွန့် အနစ်နာခံမှုကို ပြသနေတာ ဖြစ်ပါတယ်။ ဒါကြောင့် COVID-19 တိုက်ဖျက်ရေးမှာ အင်တိုက်အားတိုက် ပါဝင်လှုပ်အားပေးနေကြတဲ့ အနယ်နယ်အရပ်ရပ်က LGBT အဖွဲ့အစည်းတွေနဲ့ LGBT တစ်ဦးချင်းဆီကို ဒီဗီဒီယိုလေးနဲ့ မှတ်တမ်းတင် ဖော်ပြပေးလိုက်ပါတယ်။ https://web.facebook.com/ColorsRainbowYangon/videos/1081133128917913/?t=0