လူ့အခွင့်အရေးပညာပေး နည်းပြသင်တန်းလျှောက်လွှာခေါ်ယူခြင်း
၂၀၁၉ ခုနှစ် မတ်လမှာ ပြုလုပ်မည့် လူ့အခွင့်အရေးနည်းပြ သင်တန်းကို ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ချင်းပြည်နယ်တို့မှ စိတ်ပါဝင်စားသောသူများအနေဖြင့် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါး လိုက်ပါသည်။
သင်တန်းလျှောက်လွှာကို အပြည့်အစုံရေးဖြည့်ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့ နောက်ဆုံးထား၍ hrtot.eqmm@gmail.com သို့ အီးမေးလ်ဖြင့်လည်းကောင်း၊ ညီမျှခြင်းမြန်မာရုံး အမှတ် (၃၃၄/၃၄၄) ဒုတိယထပ် ပုဂံအိမ်ယာ၊ အနော်ရထာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင်သော်လည်း၊ စာတိုက်မှသော် လည်းကောင်း ပေးပို့လျှောက်ထားနိုင်ပါသည်။










ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
