LGBT အရေး ပါတီကြီးတချို့ ရွေးကောက်ပွဲကြေညာစာတမ်းမှာဖော်ပြ

LGBT အရေး ပါတီကြီးတချို့ ရွေးကောက်ပွဲကြေညာစာတမ်းမှာဖော်ပြ~~~~~~■ လက်ရှိ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ တိုင်းရင်းသားတွေထဲမှာ အကြီးဆုံးပါတီဖြစ်တဲ့ SNLD ပါတီတို့က LGBT လို့ခေါ်တဲ့ လိင်တူချင်းစုံမက်သူတွေ၊ လိင်စိတ်ခံယူမှုကွဲပြားတဲ့သူတွေအပေါ် ခွဲခြားဆက်ဆံခံရတာတွေမရှိအောင် ဆောင်ရွက်သွားမယ်လို့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ထည့်သွင်းဖော်ပြလာကြတာပါ။ဒီလိုမျိုးဖော်ပြချက်မျိုးကို ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မတွေ့ရပဲ အခုတကြိမ်ရွေးကောက်ပွဲမှာမှ နိုင်ငံရေးပါတီတွေအနေနဲ့ လူနည်းစုတွေအရေးကို ထည့်သွင်းဖော်ပြလာတာဖြစ်ပါတယ်။လက်ရှိအစိုးရဖွဲ့ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကတော့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ထည့်သွင်းထားတာဟာ နောက်တကြိမ်အစိုးရဖြစ်လာရင် လုပ်ဆောင်ဖို့ဖြစ်တယ်လို့ပြောပါတယ်။"LGBT တွေ ဘယ်လို sexual orientation ဖြစ်ဖြစ် ဒါကသဘာဝရှိပါတယ်။ သို့သော်လည်း သူတို့ရဲ့အမူအရာက လူအများစုရဲ့ နေထိုင်ပုံနဲ့ကွာတဲ့အခါမှာ တချို့ကလှောင်ပြောင်တာ နှိမ့်ချတာလည်းရှိတယ်၊ အဲ့ဒါတွေကို အခုပိုပြီး သတိပြုမိလာတဲ့အတွက် သူတို့ခွဲခြားဆက်ဆံခံနေရတာတွေကို လုပ်ရမယ့် အကြောင်းအရာတခုအဖြစ် သတ်မှတ်ပြီး ဦးတည်ချက်တစ်ရပ်အဖြစ် ထည့်ထားခြင်းဖြစ်တယ်၊ ကျွန်တော်တို့က ဒါကိုထည့်ထားပြီးပြီဆိုရင်တော့ ဒီအလုပ်ကို လုပ်မှာပါ"တိုင်းရင်းသားတွေထဲမှာ အကြီးဆုံးပါတီဖြစ်တဲ့ SNLD ပါတီကတော့ လိင်စိတ်ခံယူမှု ကွဲပြားတဲ့သူတွေရဲ့ အသံတွေကို နားထောင်ဖို့၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေအပေါ် အခြေခံတဲ့ခွဲခြားဆက်ဆံမှုတွေ၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တာတွေ မလုပ်ဖို့ဆိုပြီး သူတို့ပါတီ ရွေးကောက်ပွဲကြေညာစာတမ်းရဲ့ လူငယ်မူဝါဒပိုင်းမှာ အကျယ်တဝင့် ဖော်ပြထားတာပါ။ဒီလို လူနည်းစု LGBT တွေအရေးကိုပြောလာတာ NLD နဲ့ SNLD နှစ်ပါတီတည်းတော့ မဟုတ်ပါဘူး။ပါတီငယ်တစ်ခုဖြစ်တဲ့ မြန်မာအမျိုးသားကွန်ကရက်ပါတီကလည်း LGBT အသိုင်းအဝိုင်းဘက်က ရပ်တည်ကြောင်း အစိုးရရုပ်သံကထုတ်လွှင့်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဟောပြောစည်းရုံးချက်မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။"လိင်တူတိမ်းညွှတ်မှုဟာ စာရိတ္တပိုင်းဆိုင်ရာ ချို့တဲ့မှုမဟုတ်ဘူး၊ လူ့အဖွဲ့အစည်းတစ်ရပ်မှာ လိင်တူတိမ်းညွှတ်သူတွေရဲ့ ဂုဏ်သိက္ခာ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် တန်ဖိုးထားလေးစားဖို့လိုတယ်"မြန်မာအမျိုးသား ကွန်ကရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ် ပြောသွားတာပါ။အခုနှစ် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်သူတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် LGBT လို့ ပြောဆိုပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေလည်း ပါလာပါတယ်။မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ အောင်မြေသာစံမဲဆန္ဒနယ် အမှတ်(၁) နေရာကနေ ဝင်ရောက်အရွေးခံမယ့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)က ဦးမျိုးမင်းထွန်းဟာ မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲသမိုင်းမှာ ပထမဦးဆုံးလိင်တူချစ်ခင်စုံမက်သူအဖြစ် ကြေညာပြီး ဝင်ရောက်အရွေးခံမယ့်သူ ဖြစ်လာတာပါ။"မန္တလေးမှာဆိုရင် LGBT တွေဟာ ဥပဒေဘောင်ကျော်ပြီး ဖိနှိပ်ခံနေရတယ်။ မှောင်ရိပ်ခိုမှုတွေရှိတယ်။အင်္ကျ ီတွေကိုချွတ်တယ်၊ ရင်သားတွေကိုကိုင်တယ်၊ လေးဘက်ထောက်ခိုင်းတယ်၊ ထိုင်ထလုပ်ခိုင်းတာတွေက ဘောင်ကျွံတယ်လို့ ကျွန်တော်မြင်တယ်။LGBT အမတ်တစ်ယောက်အနေနဲ့ဆိုရင် ဒါတွေကို ကာကွယ်ပေးနိုင်မယ်"ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ မူဝါဒပိုင်းမှာလည်း LGBT တွေကို မဲဆန္ဒရှင်တွေ၊ ရွေးကောက်ခံကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ခံ ကိုယ်စားလှယ်တွေအဖြစ် ပါဝင်လာအောင် ကြိုးပမ်းကြရမှာဖြစ်တယ်လို့ ကော်မရှင် ဥက္ကဌ ဦးလှသိန်းရဲ့ ပြောဆိုချက်ကို သူတို့ရဲ့ အင်တာနက်စာမျက်နှာတွေမှာဖော်ပြထားပါတယ်။ပြည်ထောင်စုကြံ့ခိုင်ရေနှင့်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကလည်း LGBT တွေအပေါ်ခွဲခြားဆက်ဆံတာ မရှိဘူးလို့ဆိုပါတယ်။"အဓိက ကျွန်တော်တို့နိုင်ငံသားဖြစ်ဖို့အရေးကြီးတယ်၊ ကျွန်တော်တို့နိုင်ငံသားဖြစ်ရင် LGBT ပဲဖြစ်ဖြစ် ယောကျားပဲဖြစ်ဖြစ်၊ မိန်းမ ပဲဖြစ်ဖြစ် တန်းတူအခွင့်အရေးရရမှာပဲလေ၊ ကျွန်တော်တို့ နိုင်ငံသား ဖြစ်ဖို့ပဲလိုပါတယ်၊ LGBT တွေအပေါ်မှာ ခွဲခြားဆက်ဆံတာမရှိပါဘူး"LGBT အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းကတော့ မြန်မာနိုင်ငံမှာ ခွဲခြားမှုအားလုံးရပ်တန့်သွားဖို့ လိုတယ်လို့ပြောပါတယ်။"အရင်တုန်းက LGBT ဆိုတဲ့အကြောင်းအရာက အစိုးရထုတ်ပြန်ချက်တွေ ပါတီရဲ့ထုတ်ပြန်ချက်တွေမပြောနဲ့ ဆွေးနွေးပွဲစကားဝိုင်း စားပွဲပေါ်တောင်မရောက်ခဲ့ဘူး။ ဒီလိုလူတွေကို အထင်သေးတာမျိုး အရည်အချင်းမရှိဘူးလို့ သတ်မှတ်ထားရာကနေ စာရွက်စာတမ်းနဲ့ ပြောလာကြတယ်၊ LGBT အပါအဝင် မြန်မာနိုင်ငံက တခြားသောသူတွေမှာ ခွဲခြားမှုရှိတဲ့အရာအားလုံးကို တိုက်ဖျတ်ဖို့ လိုအပ်တယ်ဆိုတဲ့ စိတ်ထား၊ဒါမျိုးကပိုပြီး ခွန်အားကောင်းလာမယ်လို့ ယူဆပါတယ်။ ခွဲခြားမှုကိုလှောင်ပြောင်စရာ လက်ခံစရာလို့ ယူဆနေတဲ့ အသိုင်းအဝိုင်းကြားထဲမှာ ခွဲခြားမှုကို လက်မခံဘူးဆိုတဲ့ နိုင်ငံရေးရပ်တည်ချက်တွေ၊ အဲ့ဒီလူတွေကလည်း ရွေးကောက်ပွဲမတိုင်ခင်မှာ ပြောကြားတာမကဘဲ တကယ်လွှတ်တော်တာဝန်ထမ်းဆောင်တဲ့အခါမှာ ခွဲခြားမှုအားလုံး ရပ်တန့်ရေးဆက်တွန်းသွားဖို့ တိုက်တွန်းပါတယ်"မြန်မာပြည်က LGBT အသိုင်းအဝိုင်းတွေအကြား ပြင်ဆင်ပေးဖို့ အဓိကတောင်းဆိုနေတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၇၊ ရဲအက်ဥပဒေ၊ ပုဒ်မ ၃၀၊ ပုဒ်မ ၃၅ တို့ကို ပြင်ဆင်ပေးဖို့လိုနေတယ်လို့ ဦးအောင်မျိုးမင်းကပြောပါတယ်။Transgenders လို့ခေါ်တဲ့ အမျိုးသမီးလို ဝတ်စားတဲ့ အမျိုးသားတွေဟာ ညဘက်အချိန် လမ်းမတွေပေါ်မှာတွေ့ရင် မှောင်ရိပ်ခိုမှုဆိုပြီး ဖမ်းဆီးစစ်ဆေးခံနေရပြီး အဲ့လိုဖမ်းဆီးခံရရင်တော့ ရဲအက်ဥပဒေ၊ ပုဒ်မ ၃၀၊ ပုဒ်မ ၃၅နဲ့ အများဆုံးအရေးယူခံရလေ့ရှိပြီး ထောင်ဒဏ် ၃ လ ချမှတ်နိုင်တာပါ။LGBT တွေပြင်ပေးဖို့ တောင်းဆိုနေတဲ့ ပုဒ်မ ၃၇၇ မှာကတော့ ယောကျ်ားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရိစ္ဆာန်နှင့်ဖြစ်စေ ဓမ္မတာနှင့်ဆန့်ကျင်တဲ့ ကာမစပ်ယှက်ရင် အဲ့ဒီသူကို ထောင်ဒဏ်တသက်တကျွန်းဖြစ်စေ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ပြဌာန်းထားတာပါ။ရန်ကုန်မြို့က နာမည်ကျော်မိတ်ကပ်ပညာရှင် မထက်ကတော့ LGBT တွေကို အကာအကွယ်ပေးမယ့် ဥပဒေတွေ ပြဌာန်းပေးဖို့တောင်းဆိုပါတယ်။"အမတို့နိုင်ငံမှာ LGBT ရယ်ဆိုပြီး တခုခုဖြစ်လာရင် အကာအကွယ်ပေးမယ့် နေရာမရှိဘူး။ ဥပဒေမရှိဘူး။ LGBT ရယ်လို့ပြောလာရင် ယောကျာ်းရော၊ မိန်းမရော ပါဝင်တာကြောင့် လူကိုလူလိုစာနာပြီး ဖေးမတဲ့ဥပဒေတွေ ပြစ်ဒဏ်ဆိုလည်း ပစ်ဒဏ်ထားရှိမယ်ဆိုရင် လူနေမှုဘဝပိုလုံခြုံစိတ်ချရတယ်၊ အားလည်းဖြစ်တယ်လို့ယုံကြည်ပါတယ်"မြန်မာနိုင်ငံရဲ့ ဘာသာရေးနဲ့ယဉ်ကျေးမှုဓလေ့တွေအရ LGBT အသိုင်းအဝိုင်းကို တော်တော်များများကလက်မခံသလို ဖိနှိပ်ဆက်ဆံမှုတွေရှိနေတာကြောင့် မြန်မာလူ့ဘောင်အဖွဲ့အစည်းမှာ LGBT ဆိုပြီး ပွင့်ပွင့်လင်းလင်း နေထိုင်သူက နည်းပါတယ်။ဒါကြောင့်လည်း LGBT အရေအတွက် မြန်မာနိုင်ငံမှာ ဘယ်လောက်ရှိနေသလဲဆိုတာက ပြောဖို့ခက်တာပါ။အစိုးရရဲ့ AIDS တိုက်ဖျတ်ရေး အမျိုးသားမဟာဗျူဟာ (၄)နှစ်တာ စီမံကိန်းစာတမ်းမှာတော့ မြန်မာနိုင်ငံမှာ အမျိုးသားချင်း လိင်တူစုံမက်သူ ခန့်မှန်းချေ ၂ သိန်းခွဲကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။(unicode)~~~~~~~~LGBT အေရး ပါတီႀကီးတခ်ိဳ႕ ေ႐ြးေကာက္ပြဲေၾကညာစာတမ္းမွာေဖာ္ျပ~~~~~~■ လက္ရွိ အာဏာရပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ၊ တိုင္းရင္းသားေတြထဲမွာ အႀကီးဆုံးပါတီျဖစ္တဲ့ SNLD ပါတီတို႔က LGBT လို႔ေခၚတဲ့ လိင္တူခ်င္းစုံမက္သူေတြ၊ လိင္စိတ္ခံယူမႈကြဲျပားတဲ့သူေတြအေပၚ ခြဲျခားဆက္ဆံခံရတာေတြမရွိေအာင္ ေဆာင္႐ြက္သြားမယ္လို႔ ေ႐ြးေကာက္ပြဲေၾကညာစာတမ္းမွာ ထည့္သြင္းေဖာ္ျပလာၾကတာပါ။ဒီလိုမ်ိဳးေဖာ္ျပခ်က္မ်ိဳးကို ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲေတြမွာ မေတြ႕ရပဲ အခုတႀကိမ္ေ႐ြးေကာက္ပြဲမွာမွ ႏိုင္ငံေရးပါတီေတြအေနနဲ႔ လူနည္းစုေတြအေရးကို ထည့္သြင္းေဖာ္ျပလာတာျဖစ္ပါတယ္။လက္ရွိအစိုးရဖြဲ႕ထားတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီရဲ႕ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫႊန႔္ကေတာ့ ေ႐ြးေကာက္ပြဲေၾကညာစာတမ္းမွာ ထည့္သြင္းထားတာဟာ ေနာက္တႀကိမ္အစိုးရျဖစ္လာရင္ လုပ္ေဆာင္ဖို႔ျဖစ္တယ္လို႔ေျပာပါတယ္။"LGBT ေတြ ဘယ္လို sexual orientation ျဖစ္ျဖစ္ ဒါကသဘာဝရွိပါတယ္။ သို႔ေသာ္လည္း သူတို႔ရဲ႕အမူအရာက လူအမ်ားစုရဲ႕ ေနထိုင္ပုံနဲ႔ကြာတဲ့အခါမွာ တခ်ိဳ႕ကေလွာင္ေျပာင္တာ ႏွိမ့္ခ်တာလည္းရွိတယ္၊ အဲ့ဒါေတြကို အခုပိုၿပီး သတိျပဳမိလာတဲ့အတြက္ သူတို႔ခြဲျခားဆက္ဆံခံေနရတာေတြကို လုပ္ရမယ့္ အေၾကာင္းအရာတခုအျဖစ္ သတ္မွတ္ၿပီး ဦးတည္ခ်က္တစ္ရပ္အျဖစ္ ထည့္ထားျခင္းျဖစ္တယ္၊ ကြၽန္ေတာ္တို႔က ဒါကိုထည့္ထားၿပီးၿပီဆိုရင္ေတာ့ ဒီအလုပ္ကို လုပ္မွာပါ"တိုင္းရင္းသားေတြထဲမွာ အႀကီးဆုံးပါတီျဖစ္တဲ့ SNLD ပါတီကေတာ့ လိင္စိတ္ခံယူမႈ ကြဲျပားတဲ့သူေတြရဲ႕ အသံေတြကို နားေထာင္ဖို႔၊ ယဥ္ေက်းမႈ ဓေလ့ထုံးတမ္းေတြအေပၚ အေျခခံတဲ့ခြဲျခားဆက္ဆံမႈေတြ၊ လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္တာေတြ မလုပ္ဖို႔ဆိုၿပီး သူတို႔ပါတီ ေ႐ြးေကာက္ပြဲေၾကညာစာတမ္းရဲ႕ လူငယ္မူဝါဒပိုင္းမွာ အက်ယ္တဝင့္ ေဖာ္ျပထားတာပါ။ဒီလို လူနည္းစု LGBT ေတြအေရးကိုေျပာလာတာ NLD နဲ႔ SNLD ႏွစ္ပါတီတည္းေတာ့ မဟုတ္ပါဘူး။ပါတီငယ္တစ္ခုျဖစ္တဲ့ ျမန္မာအမ်ိဳးသားကြန္ကရက္ပါတီကလည္း LGBT အသိုင္းအဝိုင္းဘက္က ရပ္တည္ေၾကာင္း အစိုးရ႐ုပ္သံကထုတ္လႊင့္တဲ့ ေ႐ြးေကာက္ပြဲဆိုင္ရာ ေဟာေျပာစည္း႐ုံးခ်က္မိန႔္ခြန္းမွာ ထည့္ေျပာခဲ့ပါတယ္။"လိင္တူတိမ္းၫႊတ္မႈဟာ စာရိတၱပိုင္းဆိုင္ရာ ခ်ိဳ႕တဲ့မႈမဟုတ္ဘူး၊ လူ႔အဖြဲ႕အစည္းတစ္ရပ္မွာ လိင္တူတိမ္းၫႊတ္သူေတြရဲ႕ ဂုဏ္သိကၡာ အလုပ္အကိုင္အခြင့္အလမ္းေတြအတြက္ တန္ဖိုးထားေလးစားဖို႔လိုတယ္"ျမန္မာအမ်ိဳးသား ကြန္ကရက္ပါတီ ဥကၠ႒ ဦးေကာင္းျမင့္ထြဋ္ ေျပာသြားတာပါ။အခုႏွစ္ ၂၀၂၀ ေ႐ြးေကာက္ပြဲ ဝင္ၿပိဳင္မယ့္သူေတြထဲမွာ ကိုယ့္ကိုယ္ကိုယ္ LGBT လို႔ ေျပာဆိုၿပီး ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္သူေတြလည္း ပါလာပါတယ္။မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္၊ ေအာင္ေျမသာစံမဲဆႏၵနယ္ အမွတ္(၁) ေနရာကေန ဝင္ေရာက္အေ႐ြးခံမယ့္ ျပည္သူ႔ေရွ႕ေဆာင္ပါတီ (PPP)က ဦးမ်ိဳးမင္းထြန္းဟာ ျမန္မာႏိုင္ငံရဲ႕ေ႐ြးေကာက္ပြဲသမိုင္းမွာ ပထမဦးဆုံးလိင္တူခ်စ္ခင္စုံမက္သူအျဖစ္ ေၾကညာၿပီး ဝင္ေရာက္အေ႐ြးခံမယ့္သူ ျဖစ္လာတာပါ။"မႏၲေလးမွာဆိုရင္ LGBT ေတြဟာ ဥပေဒေဘာင္ေက်ာ္ၿပီး ဖိႏွိပ္ခံေနရတယ္။ ေမွာင္ရိပ္ခိုမႈေတြရွိတယ္။အက်ၤ ီေတြကိုခြၽတ္တယ္၊ ရင္သားေတြကိုကိုင္တယ္၊ ေလးဘက္ေထာက္ခိုင္းတယ္၊ ထိုင္ထလုပ္ခိုင္းတာေတြက ေဘာင္ကြၽံတယ္လို႔ ကြၽန္ေတာ္ျမင္တယ္။LGBT အမတ္တစ္ေယာက္အေနနဲ႔ဆိုရင္ ဒါေတြကို ကာကြယ္ေပးႏိုင္မယ္"ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ မူဝါဒပိုင္းမွာလည္း LGBT ေတြကို မဲဆႏၵရွင္ေတြ၊ ေ႐ြးေကာက္ခံကိုယ္စားလွယ္ေလာင္းေတြ၊ ေ႐ြးေကာက္ခံ ကိုယ္စားလွယ္ေတြအျဖစ္ ပါဝင္လာေအာင္ ႀကိဳးပမ္းၾကရမွာျဖစ္တယ္လို႔ ေကာ္မရွင္ ဥကၠဌ ဦးလွသိန္းရဲ႕ ေျပာဆိုခ်က္ကို သူတို႔ရဲ႕ အင္တာနက္စာမ်က္ႏွာေတြမွာေဖာ္ျပထားပါတယ္။ျပည္ေထာင္စုႀကံ့ခိုင္ေရႏွင့္ဖြံ႕ၿဖိဳးေရးပါတီ USDP ရဲ႔ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္ကလည္း LGBT ေတြအေပၚခြဲျခားဆက္ဆံတာ မရွိဘူးလို႔ဆိုပါတယ္။"အဓိက ကြၽန္ေတာ္တို႔ႏိုင္ငံသားျဖစ္ဖို႔အေရးႀကီးတယ္၊ ကြၽန္ေတာ္တို႔ႏိုင္ငံသားျဖစ္ရင္ LGBT ပဲျဖစ္ျဖစ္ ေယာက်ားပဲျဖစ္ျဖစ္၊ မိန္းမ ပဲျဖစ္ျဖစ္ တန္းတူအခြင့္အေရးရရမွာပဲေလ၊ ကြၽန္ေတာ္တို႔ ႏိုင္ငံသား ျဖစ္ဖို႔ပဲလိုပါတယ္၊ LGBT ေတြအေပၚမွာ ခြဲျခားဆက္ဆံတာမရွိပါဘူး"LGBT အေရးလႈပ္ရွားသူ ဦးေအာင္မ်ိဳးမင္းကေတာ့ ျမန္မာႏိုင္ငံမွာ ခြဲျခားမႈအားလုံးရပ္တန႔္သြားဖို႔ လိုတယ္လို႔ေျပာပါတယ္။"အရင္တုန္းက LGBT ဆိုတဲ့အေၾကာင္းအရာက အစိုးရထုတ္ျပန္ခ်က္ေတြ ပါတီရဲ႕ထုတ္ျပန္ခ်က္ေတြမေျပာနဲ႔ ေဆြးေႏြးပြဲစကားဝိုင္း စားပြဲေပၚေတာင္မေရာက္ခဲ့ဘူး။ ဒီလိုလူေတြကို အထင္ေသးတာမ်ိဳး အရည္အခ်င္းမရွိဘူးလို႔ သတ္မွတ္ထားရာကေန စာ႐ြက္စာတမ္းနဲ႔ ေျပာလာၾကတယ္၊ LGBT အပါအဝင္ ျမန္မာႏိုင္ငံက တျခားေသာသူေတြမွာ ခြဲျခားမႈရွိတဲ့အရာအားလုံးကို တိုက္ဖ်တ္ဖို႔ လိုအပ္တယ္ဆိုတဲ့ စိတ္ထား၊ဒါမ်ိဳးကပိုၿပီး ခြန္အားေကာင္းလာမယ္လို႔ ယူဆပါတယ္။ ခြဲျခားမႈကိုေလွာင္ေျပာင္စရာ လက္ခံစရာလို႔ ယူဆေနတဲ့ အသိုင္းအဝိုင္းၾကားထဲမွာ ခြဲျခားမႈကို လက္မခံဘူးဆိုတဲ့ ႏိုင္ငံေရးရပ္တည္ခ်က္ေတြ၊ အဲ့ဒီလူေတြကလည္း ေ႐ြးေကာက္ပြဲမတိုင္ခင္မွာ ေျပာၾကားတာမကဘဲ တကယ္လႊတ္ေတာ္တာဝန္ထမ္းေဆာင္တဲ့အခါမွာ ခြဲျခားမႈအားလုံး ရပ္တန႔္ေရးဆက္တြန္းသြားဖို႔ တိုက္တြန္းပါတယ္"ျမန္မာျပည္က LGBT အသိုင္းအဝိုင္းေတြအၾကား ျပင္ဆင္ေပးဖို႔ အဓိကေတာင္းဆိုေနတဲ့ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၇၊ ရဲအက္ဥပေဒ၊ ပုဒ္မ ၃၀၊ ပုဒ္မ ၃၅ တို႔ကို ျပင္ဆင္ေပးဖို႔လိုေနတယ္လို႔ ဦးေအာင္မ်ိဳးမင္းကေျပာပါတယ္။Transgenders လို႔ေခၚတဲ့ အမ်ိဳးသမီးလို ဝတ္စားတဲ့ အမ်ိဳးသားေတြဟာ ညဘက္အခ်ိန္ လမ္းမေတြေပၚမွာေတြ႕ရင္ ေမွာင္ရိပ္ခိုမႈဆိုၿပီး ဖမ္းဆီးစစ္ေဆးခံေနရၿပီး အဲ့လိုဖမ္းဆီးခံရရင္ေတာ့ ရဲအက္ဥပေဒ၊ ပုဒ္မ ၃၀၊ ပုဒ္မ ၃၅နဲ႔ အမ်ားဆုံးအေရးယူခံရေလ့ရွိၿပီး ေထာင္ဒဏ္ ၃ လ ခ်မွတ္ႏိုင္တာပါ။LGBT ေတြျပင္ေပးဖို႔ ေတာင္းဆိုေနတဲ့ ပုဒ္မ ၃၇၇ မွာကေတာ့ ေယာက်္ားႏွင့္ျဖစ္ေစ၊ မိန္းမႏွင့္ျဖစ္ေစ၊ တိရိစာၦန္ႏွင့္ျဖစ္ေစ ဓမၼတာႏွင့္ဆန႔္က်င္တဲ့ ကာမစပ္ယွက္ရင္ အဲ့ဒီသူကို ေထာင္ဒဏ္တသက္တကြၽန္းျဖစ္ေစ၊ ဆယ္ႏွစ္ထိေထာင္ဒဏ္ျဖစ္ေစ ခ်မွတ္ႏိုင္တဲ့အျပင္ ေငြဒဏ္လည္းခ်မွတ္ႏိုင္တယ္လို႔ ျပဌာန္းထားတာပါ။ရန္ကုန္ၿမိဳ႕က နာမည္ေက်ာ္မိတ္ကပ္ပညာရွင္ မထက္ကေတာ့ LGBT ေတြကို အကာအကြယ္ေပးမယ့္ ဥပေဒေတြ ျပဌာန္းေပးဖို႔ေတာင္းဆိုပါတယ္။"အမတို႔ႏိုင္ငံမွာ LGBT ရယ္ဆိုၿပီး တခုခုျဖစ္လာရင္ အကာအကြယ္ေပးမယ့္ ေနရာမရွိဘူး။ ဥပေဒမရွိဘူး။ LGBT ရယ္လို႔ေျပာလာရင္ ေယာက်ာ္းေရာ၊ မိန္းမေရာ ပါဝင္တာေၾကာင့္ လူကိုလူလိုစာနာၿပီး ေဖးမတဲ့ဥပေဒေတြ ျပစ္ဒဏ္ဆိုလည္း ပစ္ဒဏ္ထားရွိမယ္ဆိုရင္ လူေနမႈဘဝပိုလုံၿခဳံစိတ္ခ်ရတယ္၊ အားလည္းျဖစ္တယ္လို႔ယုံၾကည္ပါတယ္"ျမန္မာႏိုင္ငံရဲ႕ ဘာသာေရးနဲ႔ယဥ္ေက်းမႈဓေလ့ေတြအရ LGBT အသိုင္းအဝိုင္းကို ေတာ္ေတာ္မ်ားမ်ားကလက္မခံသလို ဖိႏွိပ္ဆက္ဆံမႈေတြရွိေနတာေၾကာင့္ ျမန္မာလူ႔ေဘာင္အဖြဲ႕အစည္းမွာ LGBT ဆိုၿပီး ပြင့္ပြင့္လင္းလင္း ေနထိုင္သူက နည္းပါတယ္။ဒါေၾကာင့္လည္း LGBT အေရအတြက္ ျမန္မာႏိုင္ငံမွာ ဘယ္ေလာက္ရွိေနသလဲဆိုတာက ေျပာဖို႔ခက္တာပါ။အစိုးရရဲ႕ AIDS တိုက္ဖ်တ္ေရး အမ်ိဳးသားမဟာဗ်ဴဟာ (၄)ႏွစ္တာ စီမံကိန္းစာတမ္းမွာေတာ့ ျမန္မာႏိုင္ငံမွာ အမ်ိဳးသားခ်င္း လိင္တူစုံမက္သူ ခန႔္မွန္းေခ် ၂ သိန္းခြဲေက်ာ္ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။(zawgyi)~~~~~~~~

Posted by RFA Burmese on Thursday, September 24, 2020

LGBT အရေး ပါတီကြီးတချို့ ရွေးကောက်ပွဲကြေညာစာတမ်းမှာဖော်ပြ

■ လက်ရှိ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ တိုင်းရင်းသားတွေထဲမှာ အကြီးဆုံးပါတီဖြစ်တဲ့ SNLD ပါတီတို့က LGBT လို့ခေါ်တဲ့ လိင်တူချင်းစုံမက်သူတွေ၊ လိင်စိတ်ခံယူမှုကွဲပြားတဲ့သူတွေအပေါ် ခွဲခြားဆက်ဆံခံရတာတွေမရှိအောင် ဆောင်ရွက်သွားမယ်လို့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ထည့်သွင်းဖော်ပြလာကြတာပါ။
လက်ရှိအစိုးရဖွဲ့ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကတော့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ထည့်သွင်းထားတာဟာ နောက်တကြိမ်အစိုးရဖြစ်လာရင် လုပ်ဆောင်ဖို့ဖြစ်တယ်လို့ပြောပါတယ်။
“LGBT တွေ ဘယ်လို sexual orientation ဖြစ်ဖြစ် ဒါကသဘာဝရှိပါတယ်။ သို့သော်လည်း သူတို့ရဲ့အမူအရာက လူအများစုရဲ့ နေထိုင်ပုံနဲ့ကွာတဲ့အခါမှာ တချို့ကလှောင်ပြောင်တာ နှိမ့်ချတာလည်းရှိတယ်၊ အဲ့ဒါတွေကို အခုပိုပြီး သတိပြုမိလာတဲ့အတွက် သူတို့ခွဲခြားဆက်ဆံခံနေရတာတွေကို လုပ်ရမယ့် အကြောင်းအရာတခုအဖြစ် သတ်မှတ်ပြီး ဦးတည်ချက်တစ်ရပ်အဖြစ် ထည့်ထားခြင်းဖြစ်တယ်၊ ကျွန်တော်တို့က ဒါကိုထည့်ထားပြီးပြီဆိုရင်တော့ ဒီအလုပ်ကို လုပ်မှာပါ”။
တိုင်းရင်းသားတွေထဲမှာ အကြီးဆုံးပါတီဖြစ်တဲ့ SNLD ပါတီကတော့ လိင်စိတ်ခံယူမှု ကွဲပြားတဲ့သူတွေရဲ့ အသံတွေကို နားထောင်ဖို့၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေအပေါ် အခြေခံတဲ့ခွဲခြားဆက်ဆံမှုတွေ၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တာတွေ မလုပ်ဖို့ဆိုပြီး သူတို့ပါတီ ရွေးကောက်ပွဲကြေညာစာတမ်းရဲ့ လူငယ်မူဝါဒပိုင်းမှာ အကျယ်တဝင့် ဖော်ပြထားတာပါ။
ဒီလို လူနည်းစု LGBT တွေအရေးကိုပြောလာတာ NLD နဲ့ SNLD နှစ်ပါတီတည်းတော့ မဟုတ်ပါဘူး။
ပါတီငယ်တစ်ခုဖြစ်တဲ့ မြန်မာအမျိုးသားကွန်ကရက်ပါတီကလည်း LGBT အသိုင်းအဝိုင်းဘက်က ရပ်တည်ကြောင်း အစိုးရရုပ်သံကထုတ်လွှင့်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဟောပြောစည်းရုံးချက်မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။
“လိင်တူတိမ်းညွှတ်မှုဟာ စာရိတ္တပိုင်းဆိုင်ရာ ချို့တဲ့မှုမဟုတ်ဘူး၊ လူ့အဖွဲ့အစည်းတစ်ရပ်မှာ လိင်တူတိမ်းညွှတ်သူတွေရဲ့ ဂုဏ်သိက္ခာ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် တန်ဖိုးထားလေးစားဖို့လိုတယ်”မြန်မာအမျိုးသား ကွန်ကရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ် ပြောသွားတာပါ။
အခုနှစ် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်သူတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် LGBT လို့ ပြောဆိုပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေလည်း ပါလာပါတယ်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ အောင်မြေသာစံမဲဆန္ဒနယ် အမှတ်(၁) နေရာကနေ ဝင်ရောက်အရွေးခံမယ့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)က ဦးမျိုးမင်းထွန်းဟာ မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲသမိုင်းမှာ ပထမဦးဆုံးလိင်တူချစ်ခင်စုံမက်သူအဖြစ် ကြေညာပြီး ဝင်ရောက်အရွေးခံမယ့်သူ ဖြစ်လာတာပါ။
“မန္တလေးမှာဆိုရင် LGBT တွေဟာ ဥပဒေဘောင်ကျော်ပြီး ဖိနှိပ်ခံနေရတယ်။ မှောင်ရိပ်ခိုမှုတွေရှိတယ်။အင်္ကျ ီတွေကိုချွတ်တယ်၊ ရင်သားတွေကိုကိုင်တယ်၊ လေးဘက်ထောက်ခိုင်းတယ်၊ ထိုင်ထလုပ်ခိုင်းတာတွေက ဘောင်ကျွံတယ်လို့ ကျွန်တော်မြင်တယ်။LGBT အမတ်တစ်ယောက်အနေနဲ့ဆိုရင် ဒါတွေကို ကာကွယ်ပေးနိုင်မယ်”။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ မူဝါဒပိုင်းမှာလည်း LGBT တွေကို မဲဆန္ဒရှင်တွေ၊ ရွေးကောက်ခံကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ခံ ကိုယ်စားလှယ်တွေအဖြစ် ပါဝင်လာအောင် ကြိုးပမ်းကြရမှာဖြစ်တယ်လို့ ကော်မရှင် ဥက္ကဌ ဦးလှသိန်းရဲ့ ပြောဆိုချက်ကို သူတို့ရဲ့ အင်တာနက်စာမျက်နှာတွေမှာဖော်ပြထားပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေနှင့်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကလည်း LGBT တွေအပေါ်ခွဲခြားဆက်ဆံတာ မရှိဘူးလို့ဆိုပါတယ်။
“အဓိက ကျွန်တော်တို့နိုင်ငံသားဖြစ်ဖို့အရေးကြီးတယ်၊ ကျွန်တော်တို့နိုင်ငံသားဖြစ်ရင် LGBT ပဲဖြစ်ဖြစ် ယောကျားပဲဖြစ်ဖြစ်၊ မိန်းမ ပဲဖြစ်ဖြစ် တန်းတူအခွင့်အရေးရရမှာပဲလေ၊ ကျွန်တော်တို့ နိုင်ငံသား ဖြစ်ဖို့ပဲလိုပါတယ်၊ LGBT တွေအပေါ်မှာ ခွဲခြားဆက်ဆံတာမရှိပါဘူး”
LGBT အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းကတော့ မြန်မာနိုင်ငံမှာ ခွဲခြားမှုအားလုံးရပ်တန့်သွားဖို့ လိုတယ်လို့ပြောပါတယ်။
“အရင်တုန်းက LGBT ဆိုတဲ့အကြောင်းအရာက အစိုးရထုတ်ပြန်ချက်တွေ ပါတီရဲ့ထုတ်ပြန်ချက်တွေမပြောနဲ့ ဆွေးနွေးပွဲစကားဝိုင်း စားပွဲပေါ်တောင်မရောက်ခဲ့ဘူး။ ဒီလိုလူတွေကို အထင်သေးတာမျိုး အရည်အချင်းမရှိဘူးလို့ သတ်မှတ်ထားရာကနေ စာရွက်စာတမ်းနဲ့ ပြောလာကြတယ်၊ LGBT အပါအဝင် မြန်မာနိုင်ငံက တခြားသောသူတွေမှာ ခွဲခြားမှုရှိတဲ့အရာအားလုံးကို တိုက်ဖျတ်ဖို့ လိုအပ်တယ်ဆိုတဲ့ စိတ်ထား၊ဒါမျိုးကပိုပြီး ခွန်အားကောင်းလာမယ်လို့ ယူဆပါတယ်။ ခွဲခြားမှုကိုလှောင်ပြောင်စရာ လက်ခံစရာလို့ ယူဆနေတဲ့ အသိုင်းအဝိုင်းကြားထဲမှာ ခွဲခြားမှုကို လက်မခံဘူးဆိုတဲ့ နိုင်ငံရေးရပ်တည်ချက်တွေ၊ အဲ့ဒီလူတွေကလည်း ရွေးကောက်ပွဲမတိုင်ခင်မှာ ပြောကြားတာမကဘဲ တကယ်လွှတ်တော်တာဝန်ထမ်းဆောင်တဲ့အခါမှာ ခွဲခြားမှုအားလုံး ရပ်တန့်ရေးဆက်တွန်းသွားဖို့ တိုက်တွန်းပါတယ်”မြန်မာပြည်က LGBT အသိုင်းအဝိုင်းတွေအကြား ပြင်ဆင်ပေးဖို့ အဓိကတောင်းဆိုနေတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၇၊ ရဲအက်ဥပဒေ၊ ပုဒ်မ ၃၀၊ ပုဒ်မ ၃၅ တို့ကို ပြင်ဆင်ပေးဖို့လိုနေတယ်လို့ ဦးအောင်မျိုးမင်းကပြောပါတယ်။
Transgenders လို့ခေါ်တဲ့ အမျိုးသမီးလို ဝတ်စားတဲ့ အမျိုးသားတွေဟာ ညဘက်အချိန် လမ်းမတွေပေါ်မှာတွေ့ရင် မှောင်ရိပ်ခိုမှုဆိုပြီး ဖမ်းဆီးစစ်ဆေးခံနေရပြီး အဲ့လိုဖမ်းဆီးခံရရင်တော့ ရဲအက်ဥပဒေ၊ ပုဒ်မ ၃၀၊ ပုဒ်မ ၃၅နဲ့ အများဆုံးအရေးယူခံရလေ့ရှိပြီး ထောင်ဒဏ် ၃ လ ချမှတ်နိုင်တာပါ။
LGBT တွေပြင်ပေးဖို့ တောင်းဆိုနေတဲ့ ပုဒ်မ ၃၇၇ မှာကတော့ ယောကျ်ားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရိစ္ဆာန်နှင့်ဖြစ်စေ ဓမ္မတာနှင့်ဆန့်ကျင်တဲ့ ကာမစပ်ယှက်ရင် အဲ့ဒီသူကို ထောင်ဒဏ်တသက်တကျွန်းဖြစ်စေ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ပြဌာန်းထားတာပါ။
ရန်ကုန်မြို့က နာမည်ကျော်မိတ်ကပ်ပညာရှင် မထက်ကတော့ LGBT တွေကို အကာအကွယ်ပေးမယ့် ဥပဒေတွေ ပြဌာန်းပေးဖို့တောင်းဆိုပါတယ်။
“အမတို့နိုင်ငံမှာ LGBT ရယ်ဆိုပြီး တခုခုဖြစ်လာရင် အကာအကွယ်ပေးမယ့် နေရာမရှိဘူး။ ဥပဒေမရှိဘူး။ LGBT ရယ်လို့ပြောလာရင် ယောကျာ်းရော၊ မိန်းမရော ပါဝင်တာကြောင့် လူကိုလူလိုစာနာပြီး ဖေးမတဲ့ဥပဒေတွေ ပြစ်ဒဏ်ဆိုလည်း ပစ်ဒဏ်ထားရှိမယ်ဆိုရင် လူနေမှုဘဝပိုလုံခြုံစိတ်ချရတယ်၊ အားလည်းဖြစ်တယ်လို့ယုံကြည်ပါတယ်”
မြန်မာနိုင်ငံရဲ့ ဘာသာရေးနဲ့ယဉ်ကျေးမှုဓလေ့တွေအရ LGBT အသိုင်းအဝိုင်းကို တော်တော်များများကလက်မခံသလို ဖိနှိပ်ဆက်ဆံမှုတွေရှိနေတာကြောင့် မြန်မာလူ့ဘောင်အဖွဲ့အစည်းမှာ LGBT ဆိုပြီး ပွင့်ပွင့်လင်းလင်း နေထိုင်သူက နည်းပါတယ်။
ဒါကြောင့်လည်း LGBT အရေအတွက် မြန်မာနိုင်ငံမှာ ဘယ်လောက်ရှိနေသလဲဆိုတာက ပြောဖို့ခက်တာပါ။
အစိုးရရဲ့ AIDS တိုက်ဖျတ်ရေး အမျိုးသားမဟာဗျူဟာ (၄)နှစ်တာ စီမံကိန်းစာတမ်းမှာတော့ မြန်မာနိုင်ငံမှာ အမျိုးသားချင်း လိင်တူစုံမက်သူ ခန့်မှန်းချေ ၂ သိန်းခွဲကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။