Nothing Found
Sorry, no posts matched your criteria
Sorry, no posts matched your criteria
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed

လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပပြီးစီး
သတင်းEquality Myanmar June 5, 2017 Equality Myanmar အဖွဲ့မှ ဦးဆောင်ပြီး ရန်ကုန်မြို့ Orchid Hotel တွင်၂၉ ရက် မေ ၂၀၁၇ မှ ၃၁ ရက်မေ ၂၀၁၇ ရက်နေ့ထိ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုဆိုင်ရာ ၃ ရက်တာ အလုပ်ရုံဆွေးနွေးပွဲတခုကိုပြုလုပ်ကျင်း ပြီးစီးခဲ့သည်။ ၎င်းဆွေးနွေးပွဲကို Equality Myanmar ရန်ကုန်ရုံးမှ နည်းပြများဖြစ်သည် ဦးဝေဖြိုးအောင် နှင့် ဒေါ်ကြည်ဖြူတို့ မှဦးဆောင်ပြီး ရန်ကုန်မြို့ အပါအဝင်အောက်မြန်မာပြည် ပဲခူး၊ တနင်္သာရီတိုင်း ဧရာဝတီတိုင်း ကရင်ပြည်နယ် မွန်ပြည်နယ်တို့မှ ဘာသာ အသီးသီမှလူငယ်များနှင့် ဘာသာရေးခေါင်းဆောင်များ အပါအဝင် စုစုပေါင်း သင်တန်းသား သင်တန်းသူ (၂၂ )ဦးပါဝင်တက်ရောက်ပါဝင်ဆွေးနွေးမှုပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးပွဲရည်ရွယ်ချက်အရ မတူညီသည့် ဘာသာရေးအဖွဲ့များကြားတွင် ငြိမ်းချမ်းစွာအတူနေထိုင်နိုင်ရေးနှင့် […]
လူ့အခွင့်အရေးဆင့်ပွား သင်တန်း ကျွန်းစု ကျင်းပပြီးစီး
သတင်းEquality Myanmar May 18, 2017 အခြေခံလူ့အခွင့်အရေး ဆင့်ပွားသင်တန်းကို ၃.၅.၂၀၁၇ မှ ၇.၅.၂၀၁၇ အထိ၅ရက်ကြာ ကျင်းပပြုလုပ်ခဲ့ ပြီးဖြစ်သည်။ ညီမျှခြင်းမြန်မာ ၂၀၁၇ လူ့အခွင့်အရေးနည်းပြသင်တန်းဆင်း နည်းပြများမှ မြိတ်ခရိုင်၊ ကျွန်းစုမြို့တွင် ၂၀၁၇ ခုနှစ် မေလ ၃ ရက်မှ ၇ ရက်နေ့အထိ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြသည်။ သင်တန်းသားစုစုပေါင်း (၂၇)ဦး တက်ရောက်ခဲ့ကြပြီး ကျား(၁၂) မ(၁၅) ဖြစ်သည်။ ရပ်ရွာလူကြီးများ နှင့် လူငယ်အများစုမှ တက်ရောက်ခဲ့ကြပြီး အများစုမှာ ပညာအရည်အချင်းအရ အထက်တန်းအဆင့်ရှိသူများ အများအပြားပါဝင်ခဲ့ကြသည်။ သင်တန်းမှာ မြိတ်မြိ့မှ တစ်နာရီခွဲခန့် သဘောၤစီးပြီးသွားရောက်ရသည့် မြို့လေးတစ်မြို့ပင်ဖြစ်သည်။ သင်တန်းသားများမှာလည်း သင်တန်း ၅ ရက်စလုံး မပျက်မကွက်တက်ရောက်ခဲ့ ကြပြီး သင်တန်းအချိန်မတိုင်မှီပင် ခန်းမသို့ များစွာရောက်ရှိနေကြပြီဖြစ်သည်။ […]