Nothing Found
Sorry, no posts matched your criteria
Sorry, no posts matched your criteria
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed

လူ့အခွင့်အရေးအမြင်ဖွင့်ဆင့်ပွားသင်တန်း ရန်ကုန်မြို့တွင် ကျင်းပပြီးစီး
သတင်းEquality Myanmar June 7, 2017 Equality Myanmar ၏ လူ့အခွင့်အရေးနည်းပြသင်တန်းဆင်းများမှ ပြုလုပ်သည့် လူ့အခွင့်အရေး အမြင်ဖွင့် ဆင့်ပွားသင်တန်းကို ရန်ကုန်မြို့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ အဆိုပါသင်တန်းကို ၂၂.၅.၂၀၁၇ မှ ၂၆.၅.၂၀၁၇ ထိ (၅) ရက်တာကျင်းပခဲ့ပြီး၊ ရန်ကုန်မြို့နယ် အသီးသီးမှ သင်တန်းသူ (၁၂) ဦး နှင့် သင်တန်းသား (၁၀) ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။ သင်တန်းကို လူ့အခွင့်အရေးသဘောတရားများကို သိရှိနားလည်စေရန်။ လက်တွေ့ဘဝနှင့် ဆက်စပ် မိစေရန်။ မိမိအခွင့်အရေးတွေကိုသိရှိပြီး အခြားသူများ၏ အခွင့်အရေးကို ခံစားနားလည်းတတ်စေရန် စသည့်ရည် ရွယ်ချက်သုံးခုဖြင့် သင်တန်းပို့ချခဲ့ခြင်းဖြစ်သည်။ သင်တန်းနည်းပြများအနေဖြင့် သင်တန်းသူ/သားများနှင့် အပြန်အ လှန်ဆွေးနွေးသော လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ သင်တန်းသားများအား အုပ်စုဖွဲ့ဆွေးနွေးစေခြင်းနှင့် ပြန်လည်တင်ပြစေခြင်း၊ […]
နိုင်ငံတကာ၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွှေးပွဲ
သတင်းEquality Myanmar June 7, 2017 နိုင်ငံတကာ၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွှေးပွဲကို ညီမျှခြင်းမြန်မာ(Equality-Myanmar) မှဦးဆောင်ပြီး ဇွန်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ မြောက်ဦးမြို့ နဝရတ်ဟော်တယ်တွင် ပြုလုပ်ခဲ့ပါသည်။ အဓိကဆွေးနွေးခဲ့သောအကြောင်းအရာများမှာ International Covenant on Civil and Political Right (အတိုကောက်-ICCPR) ဟုခေါ်သော နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူညီစာချုပ်ဆိုတာဘာလဲ၊ လက်ရှိမြန်မာနိုင်ငံ၏အခြေအနေသည် နိုင်ငံအတွင်းတွင် ရှိနေကြသောနိုင်ငံသားများ၏ လုံခြုံမှု၊ နိုင်ငံရေးဆိုင်ရာလွတ်လပ်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး အဘယ့်ကြောင့် ထိုစာချုပ်တွင် မြန်မာနိုင်ငံအစိုးရ လက်မှတ်ထိုးရန်လိုအပ်သလဲ ဆိုသည့်အကြောင်းအရာများကို သုံးသပ်ခဲ့ကြသည်။ လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသောကိစ္စရပ်များဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အကြပ်အတည်း၊ ဘာသာရေးအသွင်ဆောင်နေသည့် ပဋိပက္ခများ၊ အကြမ်းဖက်မှုများနှင့်ပတ်သတ်၍လဲ ဝိုင်းဝန်းဆွေးနွေးအဖြေရှာခဲ့ကြပါသည်။ သင်တန်းသို့တက်ရောက်သူ […]