Nothing Found
Sorry, no posts matched your criteria
Sorry, no posts matched your criteria
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed

လူ့အခွင့်အရေးနှင့် ကလေးအခွင့်အရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ
သတင်းလူ့အခွင့်အရေးနှင့် ကလေးအခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို ဥယျာဉ်လေးကျေးရွာ၊ စဉ်ကိုင်မြို့နယ် မန္တလေးတိုင်းတွင် ၁၁ ရက်၊ မတ်လ၊ ၂၀၁၉ ခုနှစ်မှ ၁၃ရက်၊ မတ်လ၊ ၂၀၁၉ခုနှစ်အထိ Equality Myanmar မှ ကျင်းပပြုလုပ်ခဲ့ပါသည်။ တက်ရောက်သူစုစုပေါင်း (၂၅) ရောက်ရှိခဲ့သည်။အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် – အဖွင့်မိတ်ဆက်ခြင်း၊ လူ့အခွင့်အရေး အခြေခံအယူအဆ၊ ကလေးအခွင့်အရေး အယူအဆနှင့် ပေါ်ပေါက် လာပုံသမိုင်းကြောင်း၊ ကလေးအခွင့်အရေး အခြေခံ သဘောတရား များ၊ ကလေး အခွင့်အရေးစာချုပ်ပါ အပိုဒ်များ၊ ကလေးအခွင့်အ ရေးနှင့်ပတ်သတ်ပြီး တာဝန်ရှိသူများ၏ တာဝန် ဝတ္တရားများ၊ ကလေးများအား ရိုက်နှက်ဆုံးမခြင်းနှင့် ဥပဒေပါ ပြဌာန်းချက်များ အကြောင်းကို ဆွေးနွေးခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် လိုအပ်သောအထောက်ကူပစ္စည်း IEC များ ပေးအပ်ခြင်း၊ စိတ်ဝင်စာမှု […]
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်အလုပ်ရုံဆွေးနွေးပွဲ
သတင်းမတ်လ၊ ၁၀ရက်နေ့တွင် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ သဘောတူစာချုပ်အလုပ်ရုံဆွေးနွေးပွဲ ကို နေပြည်တော်ရှိ Horizontal Lake View Resort ဟိုတယ်၌ ကျင်းပခဲ့ပါသည်။ Equality Myanmar အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဆရာဦးအောင်မျိုးမင်းက အလုပ်ရုံဆွေးနွေးပွဲကို “ကလေးသူငယ်အခွင့်အရေးဆိုင်ရာစာချုပ်ကို ဘယ်လိုအားကောင်းအောင်လုပ်ကြမလဲ၊ ဘယ်လိုအခြေအနေမျိုးရှိနေကြလဲ၊ ဌာနဆိုင် ရာဖြစ်ပါစေ၊ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ပါစေ၊ အရပ်ဖက်အဖွဲ့အစည်းများဖြစ်ပါစေ ပူးပေါင်းဆောင်ရွက်ကြဖို့ နည်းလမ်းတွေကို ရှာဖွေဖို့အတွက် ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်”။ ဆက်လက်ပြီး ထိုအလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ဆွေးနွေးချက်၊ ဗဟုသုတ၊ တင်ပြချက်များဟာ လွှတ်တော်ကိုယ်စားလှယ်ကြီးများအား ပိုပြီး တာဝန်ကျေပွန်စွာနှင့် ထိရောက်စွာ ထမ်းဆောင်နိုင်ဖို့ အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ကြောင်း၊ အရပ်ဖက်အဖွဲ့အစည်းများကလည်း ဒေသတွင်းမှာ လုပ်ဆောင်နေသည့် ကလေးအခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုတွေ၊ ကာကွယ်ရေး၊မြှင့်တင်ရေး လုပ်ဆောင်သည့်အချိန်မှာ ဘယ်လိုမျိုးကြုံတွေ့နေလဲ၊ လုပ်ဆောင်နေလဲ ဆိုသည့်အချက်များကို တင်ပြသွားနိုင်မည်ဖြစ်ကြောင်းမျှော်လင့်သည်ဟု […]