Nothing Found
Sorry, no posts matched your criteria
Sorry, no posts matched your criteria
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed

စည်းရုံးလှုံ့ဆော်မှု အတွေ့အကြုံများ ပြန်လည် မျှဝေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ပြီးစီးခြင်း
သတင်းစစ်ကိုင်းတိုင်း ဒေါင်းမျိုးဆက် လူငယ်စွမ်းဆောင်ရည်မြှင့်တင်မှု အဖွဲ့ (PGYES)၊ ဧရာဝတီ လူငယ်ကွန်ရက်တို့ (AYN) နှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပြီး စည်းရုံးလံ့ှုဆော်မှု အတွေ့အကြုံများ ပြန်လည်ဖလှယ်ခြင်း အစီအစဉ်ကို ငွေဆောင်မြို့၊ ဂရန်းငွေဆောင် ဟိုတယ်တွင် (၁၆.၂.၂၀၁၉) ရက်နေ့တွင် ပြုလုပ်ခဲ့ကြပါသည်။ “ကျမက အခု အစည်းအဝေးကို စစ်ကိုင်းကနေ ဧရာဝတီအထိ လာဖို့အရမ်းကို စိတ်အားထက်သန်ပါတယ်။ ဧရာဝတီတိုင်း ကိုယ်စားလှယ်တွေနဲ့တွေ့ရင်လည်း လူငယ်တွေအရေးအတွက် လုပ်ဆောင်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ လူငယ်တွေကလည်း မိမိတို့ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို များများတွန်းအားပေးဖု့ိ တိုက်တွန်းချင်ပါတယ်ရှင့်” ဟု စစ်ကိုင်းတိုင်း ဝန်းသိုမဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်းက ပြောပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို အရပ်ဖက်အဖွဲ့အစည်းအဖွဲ့ဝင်များအား စည်းရုံးလှုံ့ဆော်မှုဆိုင်ရာစွမ်းရည်မြှင့်တင်ရန်၊ စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းစဉ်တွင် ကြုံတွေ့ခဲ့ရသော အောင်မြင်မှု၊ စိန်ခေါ်မှုများနှင့် […]
(၁၉) ကြိမ်မြောက် လူ့အခွင့်အရေးနည်းပြသင်တန်း စတင်ဖွင့်လှစ်ကျင်းပ
သတင်းDiakonia (People Change the World) နှင့် Stefanus alliansen တို့၏ ထောက်ပံ့မှုဖြင့် မတ်လ၊ ၁ရက်နေ့တွင် ဗိုလ်ချိုလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ Beauty Land Hotel ၌ (၁၉) ကြိမ်မြောက် လူ့အခွင့်အရေးနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားအစီအစဉ်ဖြင့် စတင်နေပြီ ဖြစ်ပါသည်။ အဆိုပါ အခမ်းအနားသို့ ညီမျှခြင်းမြန်မာမှ လက်ထောက် ဒါရိုက်တာ Mr.Juan Miguel Sanchez ၊ (Diakonia) မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဒေါ်မင်းနွယ်နီ နှင့် ညီမျှခြင်းမြန်မာမှ အစီအစဉ် မန်နေဂျာ ကိုနေဦးလွင်တို့တက်ရောက် အဖွင့်မှာစကားပြောကြားခဲ့ပါသည်။ ယခု သင်တန်းသည် ညီမျှခြင်းမြန်မာ အဖွဲ့မှ ဦးစီးကျင်းပပြုလုပ်သည့် (၁၉) ကြိမ်မြောက် နည်းပြသင်တန်းဖြစ်ပါသည်။ အချိန်(၁)လ ကြာမြင့်မည်ဖြစ်ပါသည်။ ချင်းပြည်နယ်၊ […]