Nothing Found
Sorry, no posts matched your criteria
Sorry, no posts matched your criteria
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed

၂၀၁၉ ခုနှစ်အတွင်း ပထမဦးဆုံးအကြိမ် မန္တလေးမြို့တွင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြီးစီးခြင်း
သတင်း၂၀၁၉ ခုနှစ် မတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အလုပ်ရုံ ဆွေးနွေးပွဲ ကို Eastern Palace Hotel တွင် ညီမျှခြင်းမြန်မာ မန္တလေးရုံးမှ သင်တန်း နည်းပြများမှ ဦးဆောင် ဆွေးနွေးပေးခဲ့ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှာ မြန်မာနိုင်ငံ အထက်ပိုင်းမှ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို စိတ်ဝင်စားစွာ ဆွေးနွေးပေးမည့်သူများ တက်ရောက်ခဲ့ကြခြင်း ဖြစ်ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲတွင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၏ အဓိပ္ပါယ်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၏ အရေးကြီးပုံများ၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် စံသတ်မှတ်ချက် (၈) ချက်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်အား ချိုးဖောက်ခြင်း၊ လွတ်လပ် စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် မြန်မာနိုင်ငံ အခြေအနေ၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် အစိုးရ […]
သာစည်မြို့တွင် ပထမဦးဆုံး လူအခွင့်အရေး အမြင်ဖွင့် ပောာပြောပွဲ အောင်မြင်စွာ ပြီးဆုံးခြင်း
သတင်းညီမျှခြင်းမြန်မာ (မန္တလေး) ရုံးမှ ဒေါ်စိုးကလျာမှ ဦးဆောင်ပြီး မတ်လ ၂၂ရက်နေ့ ၂၀၁၉ ရက်နေ့တွင် သာစည်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရက်တာ လူအခွင့်အရေး အမြင်ဖွင့် ပောာပြောပွဲကို သာစည်မြို့အတွင်းရှိ ရပ်ကျေးအဆင့် အမျိုးသား ဒီမိုကရေစီအဖွဲ့မှ အမျိုးသမီး လုပ်ငန်းကော်မတီဝင်များ တက် ရောက်လာခဲ့ပါသည်။ ထိုပောာပြောပွဲတွင် လူအခွင့်အရေးအယူအဆ၊ လူအခွင့်အရေး သမိုင်းကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေး ကြေငြာ စာတမ်းပါ အပိုဒ်များကို လက်တွေ့ဘဝတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များနှင့် ချိတ်ဆက်စဉ်းစားကြခြင်း၊ အစိုးရ တာဝန်နှင့် လူအခွင့်အရေး ချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့် ယန္တရားများ အကြောင်းအပြင် မြန်မာနိုင်ငံ လူအခွင့်အရေး ကော်မရှင်၏ တာဝန် များနှင့် လုပ်ငန်းဆောင်တာများကို အပြန်အလှန် ဆွေးနွေးသည့် ပုံစံဖြင့် ပောာပြောဆွေးနွေးခဲ့ကြပါသည်။ ထိုပောာပြောပွဲသို့ […]