Nothing Found
Sorry, no posts matched your criteria




Sorry, no posts matched your criteria
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed

ရှမ်းပြည်နယ်၊ ရွာငံမြို့ တွင် လူ့အခွင့်အရေး ဟောပြောပွဲကျင်းပ
သတင်းမတ်လ၊ ၁၁ရက်တွင် ကိုပလောင်(အဆင့်မြင့်တည်းခိုခန်း)၌ ညီမျှခြင်းမြန်မာအဖွဲ့နှင့် လူ့အခွင့်အရေးပညာပေးသူများ ကွန်ယက်(HREN) တို့က ပူးပေါင်း၍ တစ်ရက်တာလူ့အခွင့်အရေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ သင်တန်းသူ မနွယ်နွယ်စိုးကလည်း “လူ့အခွင့်အရေးဆိုတာ ပရမ်းပတာ လုပ်ချင်သလို ဖြစ်ချင်သလို ဖြစ်နေတာ မဟုတ်ဘူးလို့မြင်မိတယ်။ သူ့မှာ အခွင့်အရေးဆိုတာရှိသလို တာဝန်နဲ့စောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်း တွေလည်းပါဝင်နေတာတွေ့လိုက်ရတယ်။ လူ့အခွင့်အရေးရဲ့အနှစ်သာရကို သိထားမှလည်း ဒီမိုကရေစီဆိုတဲ့ နိုင်ငံရေးတခုကို သွားနိုင်မယ်လို့သတိပြုလိုက်မိပါတယ်။တိုင်ကြားမှုအနေနဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ရှိနေပြီဆိုတာကို သိလိုက်ရတယ်။သို့ပေမဲ့ လုပ်ပိုင်ခွင့်နည်းနေသေးတာကို တွေ့ရပါတယ်။အားကောင်းလာအောင်လည်း အစိုးရအနေနဲ့ဖွဲ့စည်းပေးသင့်ပါတယ်။အဓိက ကလွတ်လပ်စွာလုပ်ပိုင်ခွင့်ရရှိမှု ပိုလိုအပ်မည်ဟု အကြံပြုချင်ပါတယ်။”လို့ ဆိုပါသည်။ သင်တန်းအတွင်း လူ့အခွင့်အရေး၏ အဓိပ္ပါယ်၊ အနှစ်သာရများ၊ အပြည်ပြည်ဆိုင် လူ့အခွင့်အရေး ကြေညာစာတမ်း သမိုင်းကြောင်းနှင့် အပိုဒ်၏အဓိပ္ပါယ် ဖွင့်ဆိုရှင်းလင်းချက်များ၊ အစိုးရ၏တာဝန်နှင့်ဝတ္တရားများ၊ အခွင့်အရေးချိုးဖောက် ခံလာရပါက တိုင်ကြားလာမှုများကို အရေးယူဆောင်ရွက်နိုင်သော နေရာများ၊ […]
တောင်တွင်းကြီးမြို့နယ်တွင် လူ့အခွင့်အရေးအသိပညာပေး ဆွေးနွေးပွဲကျင်းပ
သတင်းရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲကို ညီမျှခြင်းမြန်မာအဖွဲ့က မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တောင်ပြင် ၁ ရပ်ကွက် ပုဏ္ဏ၀တီဘုန်းကြီးကျောင်းတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ၊ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် လူ့အခွင့်အရေးအခြေခံဗဟုသုတများ သိရှိစေရန်နှင့် ဒေသအတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုမျာကို သိရှိလာပြီး တိုင်ကြားတတ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ “ဒီလိုပွဲတွေကို ကျွန်တော်တစ်ယောက်တည်းသာမက ကျွန်တော်တို့ရွာက လူတွေတစ်ရွာလုံးက လူတွေသိမယ် ဆိုရင်အုပ်ချုပ်ရတဲ့ လူအတော်ကို အဆင်ပြေတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အခွင့်အရေးကိုလည်း သိလိုက်သလို ဥပဒေနဲ့ချိတ်ဆက်နေတဲ့အခွင့်အရေးကိုလည်း နားလည် သွားမယ် စည်းမျဉ်းစည်းကမ်း ကိုလည်း နားလည်သွားမယ်”လို့ ရှမ်းကိုင်းကျေးရွာအုပ်စု၊ အောင်းပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦး၀င်းရွှေဦးကပြောပါသည်။ ထိုပွဲတွင် လူ့အခွင့်အရေးအယူအဆအဓိပ္ပါယ်၊ လူ့အခွင့်အရေး သမိုင်းကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း […]