Nothing Found
Sorry, no posts matched your criteria




Sorry, no posts matched your criteria
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed

စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သော လူ့အခွင့်အရေးသင်တန်းနှင့် ဟောပြောပွဲ
သတင်းညီမျှခြင်းမြန်မာအဖွဲ့က ဦးစီးပြီး စက်တင်ဘာလအတွင်း အွန်လိုင်းကတဆင့်ပြုလုပ်ကျင်းပခဲ့သော အခြေခံလူ့အခွင့်အရေး သင်တန်းနှင့် လူ့အခွင့်အရေး ဟောပြောပွဲအကြောင်း ဖြစ်ပါသည်။ နှင်းမိုးအေး(Bhamo Youth Network အဖွဲ့ )က “နယ်ပယ်စုံ၊ နေရာစုံက လူတွေပါဝင်နိုင်တယ်။ အခုဆိုရင် LGBT Group တွေ၊ မသန်စွမ်းအဖွဲ့တွေက လူတွေ ၊ လက်တွေ့နယ်ပယ် ထဲမှာလက်တွေ့လုပ်ဆောင်နေတဲ့ လူငယ်အဖွဲ့တွေ ပါဝင်နိုင်အောင်လုပ်တာ ကောင်းပါတယ်။ သူတို့ကအဲအရာတွေကို ကျင့်သုံးပြီး ပညာပေးတာတွေ ဆက်လုပ်နေကြတာရှိတယ်။” အပြည့်အစုံရယူရန်
ထပ်ဆင့်ထောက်ပံ့မှုရန်ပုံငွေ (Sub-Grant) ဆိုင်ရာဆွေးနွေးပွဲ
သတင်းထပ်ဆင့်ထောက်ပံ့မှုရန်ပုံငွေ (Sub-Grant) ဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲကို UNDEF၏ထောက်ပံ့မှုဖြင့် ညီမျှခြင်းမြန်မာက ဦးဆောင် ပြုလုပ် ခဲ့ပါသည်။ ဤအလုပ်ရုံဆွေးနွေးပွဲကို “မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ခိုင်မာအားကောင်းလာစေရန် ရပ်ရွာအခြေပြုအဖွဲ့များကို စည်းရုံးလှုံ့ဆော် ထောက်ပံ့ပေးခြင်းစီမံကိန်း”၏ စီမံချက်လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ “ဒီလိုကိုဗစ်ကာလအတွင်းမှာ အွန်လိုင်းသင်တန်းက မရှိမဖြစ်လိုအပ်ပါတယ်၊ အပြောင်းအလဲ တစ်ခုအတွက်သွားနေတာဖြစ်လို့ အထောက်အကူတော်တော်ဖြစ်ပါတယ်။ အခုလုပ်ဆောင်တော့မဲ့ စီမံကိန်းအတွက်ပိုအကျိုးရှိပါတယ်။ တခြား စီမံကိန်းတွေအတွက်လည်း ပြင်ဆင်ပြီးသားဖြစ်ပါတယ်” လို့ ပွင့်လင်းဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့က ဝန်ထမ်းတစ်ဦးပြောပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို မိတ်ဖက်အဖွဲ့အစည်းများက ရန်ပုံငွေစီမံချက် ကာလအတွင်း လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲနိုင်မှု၊ မူဝါဒရေးရာလိုက်နာကျင့်သုံးနိုင်ရန်၊ ထပ်ဆင့်ထောက်ပံ့ ရန်ပုံငွေလမ်းညွန်ချက် များနှင့် အစီရင်ခံစာ တင်ပြခြင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏တာဝန်ခံမှုအားကောင်းလာစေရန်၊ အဖွဲ့၏ရေရည်တည်တံ့ဖွံ့ဖြိုးတိုးတက်မှုတို့ကို အစီအစဉ်တကျ လိုက်နာလုပ်ဆောင်တတ်လာစေရန် ရည်ရွယ်ပြုလုပ်ခဲ့ပါသည်။ မွန်လူငယ်ပညာပေးအဖွဲ့က တက်ရောက်လာသူ“ဒီသင်တန်းတက်လိုက်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ စီမံကိန်းမှာ သတိထားလုပ်ကိုင် ရမှာတွေ၊ […]