Nothing Found
Sorry, no posts matched your criteria
Sorry, no posts matched your criteria
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေကို ကုလသမဂ္ဂမှာ သုံးသပ်ဆွေးနွေး
သတင်းမြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေကို ကုလသမဂ္ဂမှာ သုံးသပ်ဆွေးနွေး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေက လေးနှစ်တစ်ကြိမ်ပြုလုပ်တဲ့ Universal Periodic Review UPR ခေါ် မြန်မာနိုင်ငံ့ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်ဆွေးနွေးမှုကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က လူ့အခွင့်အရေးကောင်စီမှာ ပြုလုပ်နေကြပါတယ်။ ဇန်နဝါရီလ ၂၅ရက်နေ့က ပြုလုပ်တဲ့ အဲဒီပွဲကို မြန်မာအစိုးရ ကိုယ်စားလှယ်တွေ အွန်လိုင်းကနေ တက်ရောက် တင်ပြခဲ့ပြီး နိုင်ငံတကာက ပါဝင်ဆွေးနွေးနေကြပါတယ်။ ဇန်နဝါရီ ၊၂၉ ရက်နေ့အထိကျင်းပမှာဖြစ်ပါတယ်။ ဒီကြားနာမှုအတွက် Burma/Myanmar UPR Forumလို့ ခေါ်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အရပ်ဖက်အဖွဲ့အစည်း ၂၉ဖွဲ့ စုပေါင်းထားတဲ့ ကွန်ရက်က တွေ့ရှိတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက အစီရင်ခံစာ တင်သွင်းထားခဲ့ပြီးဖြစ်ပါတယ်။ အဲဒီကွန်ရက်တာဝန်ခံ ဦးအောင်မျိုးမင်းကို ဆွေးနွေးပွဲအကြောင်း […]
ပဋိပက္ခကို သတိပြုနားလည်းခြင်းဆိုင်ရာ အွန်လိုင်သင်တန်း
သတင်းUNDEF၏ထောက်ပံ့မှုဖြင့် “မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ခိုင်မာအားကောင်းလာစေရန် ရပ်ရွာအခြေပြုအဖွဲ့များကို စည်းရုံးလှုံ့ဆော်ထောက်ပံ့ ပေးခြင်းစီမံကိန်း” ၏ စီမံချက်လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ပဋိပက္ခကို သတိပြုနားလည်းခြင်း (Conflict Sensitivity Online Training) ဆိုင်ရာ အွန်လိုင်သင်တန်းကို ညီမျှခြင်းမြန်မာက ဦးဆောင်ပြုလုပ် ခဲ့ပါသည်။ ဤသင်တန်းသည် မိတ်ဖက်အဖွဲ့အစည်းများအတွက် ထပ်ဆင့်ထောက်ပံ့ ရန်ပုံငွေစီမံချက် ကာလအတွင်း ကောင်းမွန်သည့် ရလဒ်များ ပိုမိုမြင့်တင်ပြီး မကောင်းသော ရလဒ်များတတ်နိုင်သမျှလျှော့ချသည့်နည်းလမ်းများကို စနစ်တကျအသုံးပြုလာတတ်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပါသည်။ ထို့အပြင် မိမိတို့၏ ဒေသအခြေအနေနှင့် မိမိတို့လုပ်ငန်းဆက်စပ်မူ သက်ရောက်မှုများကို သတိပြုလုပ်ဆောင်လာ စေရန် အထောက်အကူပြု (Tools) များကို စနစ်တကျအသုံးပြုလာတတ်စေရန် ရည်ရွယ်ပို့ချခဲ့ပါသည်။ “ဒီသင်တန်းတက်လိုက်ရတဲ့အတွက် ကျွန်မအနေနဲ့ သင်ယူရရှိလိုက်တာကတော့ မိမိရဲ့ စိတ်နေသဘောထားတွေ၊ လုပ်ငန်းခွင်အတွက် လိုအပ်သောအရည်အချင်းများနဲ့ လုပ်ငန်းအတွင်း ပဋိပက္ခအခက်အခဲများကို ဘယ်လိုကျော်လွှာ:ရမလဲ၊ […]