Nothing Found
Sorry, no posts matched your criteria
Sorry, no posts matched your criteria
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed

Equality Myanmar’s 23rd Anniversary
သတင်း“ညီမျှခြင်းမြန်မာ” (ယခင် လူ့အခွင့်အရေး ပညာပေးဌာန၊ မြန်မာနိုင်ငံ) အဖွဲ့သည် လူ့အခွင့်အရေး အသိပညာပေးခြင်း နှင့် အခြားသော လူ့အခွင့်အရေး လုပ်ငန်းစဉ် များကို လုပ်ဆောင်လာခဲ့သည်မှာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့ တွင် (၂၃) နှစ်တိုင်တိုင် ပြည့်ခဲ့ပြီ ဖြစ်ပါသည်။ ယခုကဲ့သို့ လူ့အခွင့်အရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ရန်အတွက် ဦးဆောင်တည်ထောင်ခဲ့သော ဆရာဦးအောင်မျိုးမင်း အား ညီမျှခြင်းမြန်မာက ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ “ညီမျှခြင်းမြန်မာ” အဖွဲ့သည် စတင်တည်ထောင်ချိန်မှ စ၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစံနှုန်းများ ၊ လူ့အခွင့်အရေး ယဉ်ကျေးမှုများ ထွန်းကားလာစေရန် အတွက် လူ့အခွင့်အရေး လုပ်ငန်းစဉ်များကို တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့ပါသည်။ ထို့အပြင် လက်ရှိအချိန်တွင်လည်း အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သည့် နွေဦးတော်လှန်ရေးကာလ […]
၂၀၂၃ ခုနှစ် ဧပြီလမှ ဇွန်လ လုပ်ငန်းစဉ်များ
သတင်းညီမျှခြင်း မြန်မာအဖွဲ့ သည် လူ့အခွင့်အရေး အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း လုပ်ငန်း များကို အစဉ်တစိုက်မတ်မတ် လုပ်ဆောင်နေပါတယ်။ အထက်ပါလုပ်ငန်းစဉ်များအတွက် သင်ကြားပို့ချသော ညီမျှခြင်းမြန်မာ မှ သင်တန်း ဆရာ၊ ဆရာမများ၊ သင်တန်းများ၊ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် စီစဉ်သူများ၊ ကူညီပံ့ပိုးပေးသူများ နှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ကွန်ယက်မှ ဆရာ၊ဆရာမများ၊ မှတ်တမ်းကောက်ယူ သူများ၊ အဆိုပါ သင်တန်းများအား စိတ်ဝင်တစားနှင့် တက်ရောက်ကြသော သင်တန်းသား၊သင်တန်း သူများကို ညီမျှခြင်း မြန်မာအဖွဲ့မှ မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါတယ်။