About equalityMM
This author has yet to write their bio.Meanwhile lets just say that we are proud equalityMM contributed a whooping 410 entries.
Entries by equalityMM
အခြေခံလူ့အခွင့်အရေး အမြင်ဖွင့်သင်တန်း တနင်္သာရီတိုင်းတွင် ကျင်းပပြုလုပ်ပြီးစီးခြင်း
March 28, 2018 in သတင်း /by equalityMMEquality Myanmar March 28, 2018 ညီမှှခှငွးမှနမွာအဖှဲ့နှင့ွ လူ့အခှင့အွရေးပညာပေးသူမှား ကှနယွကအွဖှဲ့တို့ ပူးပေါငွးပှီး ၁၉ – ၃ မှ ၂၃ -၃ – ၂၀၁၈ ရကနွေ့ထိ တနငွသြာရီတိုငွး တနငွသြာရီမှို့တှငွ သငတွနွးနညွးပှ ဒေါကွှညဖွှူ (ညီမှှခှငွးမှနမွာ) ဦးမငွးမငွးထှနွး (လူ့အခှင့အွရေး ပညာ ပေးသူမှားကှနရွကွ)တို့မှဆှေးနှေးပို့ခသှငတွနွးပေးနိုငခွဲ့သညွ။ ထိုသငတွနွးတှငွ တနငွသြာရီမှို့နယွ အနီးအနားရှာမှားမှ တကကွှှလူငယွ (၂၂) ဦး တို့ကတကရွောကဆွှေးနှေး မှု မှားပှု လုပဆွောငရွှကခွဲ့သညွ။ သငတွနွးတှငွ လူ့အခှင့အွရေး အခှခေံသဘောတရားမှား။ သမိုငွးကှောငွး UDHR ပေါပွေါကွ လာမှုနှင့ွ UDHR ကှညောစာတမွးပါအခှင့အွရေးအပိုဒမွှား အခှင့အွရေးအမှိုးအစားနှင့ွ အုပစွုလိုကွ အခှင့အွရေး နှင့ွ လူ့အခှင့ရွေးတှငွ အစိုးရ၏ တာဝနရွှိမှု တာဝနယွူမှု လူအခှင့အွရေးလုပငွနွးစဉွ […]
အခြေခံလူ့အခွင့်အရေး အမြင်ဖွင့်သင်တန်း ကျင်းပပြုလုပ်ပြီးစီးခြင်း
March 28, 2018 in သတင်း /by equalityMMEquality Myanmar March 28, 2018 ညီမျှခြင်းမြန်မာ အဖွဲ့အစည်း နှင့် လူ့အခွင့်အရေးပညာပေးသူများကွန်ရက် (ကရင်ပြည်နယ်) တို့ ပူးပေါင်းကာ (၅) ရက်တာ အခြေခံလူ့အခွင့်အရေး အမြင်ဖွင့်သင်တန်းကို မတ်လ၊ ၁၂ ရက်၊ ၂၀၁၈ ၊ နေ့တွင် ဘစ်ရှော့ဝင်း၊ ဘားအံ့မြို့၊ ကရင်ပြည်နယ်တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။ အဆိုပါသင်တန်းတွင် ဒေသခံများ၊ လူငယ်များ၊ အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းများပါဝင်သော သင်တန်းသူ (၁၂) ဦး နှင့် သင်တန်းသား (၉)ဦး စုစုပေါင်း (၂၁)ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။ သင်တန်း (၅) ရက်တာ ကာလတွင် လူ့အခွင့်အရေး၏ သဘောသဘာဝများ၊ လူ့အခွင့်အရေးသမိုင်းကြောင်းနှင့် လူ့အခွင့်အရေး ကြေညာစာတမ်းဖြစ်ပေါ်လာပုံ၊ နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ်များ၊ အုပ်စုလိုက်အခွင့်အရေးများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈) နှင့်တိုင်ကြားနိုင်သော […]
UPR mid term report ကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဆီကို တင်ပြ
March 22, 2018 in သတင်း /by equalityMMEquality Myanmar March 22, 2018 မတ်လ၊ ၂၂ရက်၊၂၀၁၈ ခုနှစ်တွင်အရပ်ဘက် အဖွဲ့အစည်းများမှ စုပေါင်းရေးသားထားသော UPR Midterm Report ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နှင့်တွေ့ဆုံးပြီး တိုင်ပင်ဆွေးနွေးသည့် အစည်းအဝေးကို မြန်မာနိုင်ငံ လူ့အခွင့် အရေး ကော်မရှင်ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ အရပ်ဘက် အဖွဲ့အစည်းများမှ စုစုပေါင်း (၁၇) ဦး တက်ရောက်ပြီး၊ လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင် ဥက္ကဌ အပါအဝင် စုစုပေါင်း(၆) ဦး တက်ရောက်ခဲ့ပါသည်။ အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင် (၉)ဦးမှ အစီရင်ခံစာတွင်းထည့်သွင်းရေးသားထားသော လက်နက်ကိုင်ပဋိပက္ခအကြား အမျိုးသမီးအခြေအနေ၊ ကျား၊ မ တန်းတူမညီမျှမှု၊ ကလေး၊ LGBT၊ အကျင့်ပျက် ချစားမှု၊ ငြိမ်းချမ်းရေး၊ လက်နက်ကိုင်ပဋိပက္ခ၊ နိုင်ငံတကာ […]
UPR Report Drafting Workshop ကို Burma/Myanmar UPR Forum ကျင်းပ
March 20, 2018 in သတင်း /by equalityMMEquality Myanmar March 20, 2018 UPR Report Drafting Workshop ကို Burma/Myanmar UPR Forum မှ အဖွဲ့ဝင်များနှင့်အတူ ရန်ကုန်မြို့ရှိ Esperado ဟိုတယ်တွင် မတ်လ (၁၅)ရက်နေ့မှ (၁၇) နေ့အထိ (၃) ရက်တိုင် ညီမျှခြင်း မြန်မာမှ ဦးဆာင် ကျင်းပခဲ့ပါသည်။ ၎င်းအစည်းအဝေးတွင် အဖွဲ့အစည်းများမှ Thematic issues အလိုက် ရေးသားထားသည့် အစီရင်ခံစာများကို မချယ်ရီ (Researcher) မှ ပြန်လည်စီစစ်ပြီး၊ လိုအပ်သည့်အချက်အလက်များကို ပြန်လည်ထည့်သွင်းရေးသား နိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။ ညီမျှခြင်းမြန်မာ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းမှလည်း ရှေ့ဆက်လုပ်ငန်းစဉ်များ အနေဖြင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံပြီး၊ UPR Midterm Report နှင့် […]
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
March 20, 2018 in ထုတ်ပြန်ချက်များ /by equalityMMသတင်းထုတ်ပြန်ချက် အမှတ် (၄/၂၀၁၈) ၁။ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းကို ၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်နေ့က အမျိုးသားလွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ပြီး ပြည်သူ့ လွှတ်တော်တွင်လည်း မကြာမီ ဆွေးနွေးမည်ဟု သိရှိရပါသည်။ အဆိုပါ ဥပဒေကြမ်းသည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီဘဲ နိုင်ငံသားများ၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ထိပါးစေသည်ဟုဆိုကာ ပြည်သူများ အကြား ကန့်ကွက်လှုပ်ရှားမှုများ ဖြစ်ပွားနေကြောင်းကိုလည်း သိရှိရပါသည်။ ၂။ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) အပိုဒ် ၁၉ ၌ လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော် ခွင့်ရှိသည် ဟုလည်းကောင်း၊ အပိုဒ် ၂၀ ၌ လူတိုင်းတွင် […]
မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ ကလေးလုပ်သား ပပျောက်ရေးစိန်ခေါ်မှု
March 18, 2018 in မာတီမီဒီယာ, ရုပ်သံ သတင်းအချက်အလက် /by equalityMMမြန်မာနိုင်ငံဟာ အာရှနဲ့ ပစိဖိတ်ဒေသတွင်းက ကလေးလုပ်သား အများဆုံးရှိတဲ့ ဒေသတွေထဲက တစ်ခု အပါအဝင်ပါ။ အဲဒီထဲမှာ အသက် ၁၄ နှစ်အောက် ကလေးငယ်တွေကို မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ အများအပြားတွေ့နိုင်ပါတယ်။SBS https://audiomedia-sbs.akamaized.net/burmese_60d78109-abd0-4db7-bd5a-269156209bee.mp3
ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောEquality Myanmar အဖွဲ့အား လက်ခံတွေ့ဆုံ
March 16, 2018 in သတင်း /by equalityMMEquality Myanmar March 16, 2018 ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစော သည် Equality Myanmar အဖွဲ့၏ “လူ့အခွင့်အရေးနှင့် ဥပဒေဆိုင်ရာ ဆရာဖြစ်နည်းပြ သင်တန်း” မှ နည်းပြနှင့် သင်တန်းသား၊ သင်တန်းသူ ၃၅ ဦးတို့အား ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ် အချိန် တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံသားများ၏အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အကြောင်းကြားစာများ၊ တိုင်ကြားစာများနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးဝင်းမြင့်အောင်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
EQMM အကြောင်း
ညီမျှခြင်း–မြန်မာ” (ယခင်–လူ့အခွင့်အရေးပညာပေးဌာန-(မြန်မာနိုင်ငံ) HREIB)” သည် အမြတ်အစွန်းအတွက် မရည်ရွယ်သည့် အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည်။ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် အခြေခံပြည်သူ လူထုများအတွက်ဦးတည်၍ လူ့အခွင့်အရေးပညာပေးခြင်း အစီအစဉ်များ၊ စည်းရုံးလှုံ့ဆော်ခြင်းအစီအစဉ်များနှင့် သုတေသနအစီအစဉ်များကို လုပ်ဆောင် နေလျက်ရှိသည်။
Business Hours
Our support Hotline is available 24 Hours a day: (555) 343 456 7891
- Monday-Friday: 9am to 5pm
- Saturday: 10am to 2pm
- Sunday: Closed
နောက်ဆုံးရသတင်း
M | T | W | T | F | S | S |
---|---|---|---|---|---|---|
1 | ||||||
2 | 3 | 4 | 5 | 6 | 7 | 8 |
9 | 10 | 11 | 12 | 13 | 14 | 15 |
16 | 17 | 18 | 19 | 20 | 21 | 22 |
23 | 24 | 25 | 26 | 27 | 28 | 29 |
30 | 31 |